နေပြည်တော်၊ ဩဂုတ် ၁၆- ဘင်္ဂ လားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ များကို လာမည့်ဩဂုတ် ၂၂ရက်တွင် စတင်လက်ခံရန် ညှိနှိုင်းထားကြောင်း သိရသည်။

ရန်ကုန်၊ ဩဂုတ် ၁၆- အကြမ်း ဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားရ သည့် AA ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လာမည်ဆိုပါက မှဲ့တစ်ပေါက် မစွန်း စေရဟု တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က အာမခံထားကြောင်း သမ္မတ ရုံးပြောခွင့်ရဦးဇော်ဌေးကပြောသည်။

နေပြည်တော်၊ ဩဂုတ် ၁၆- ပြင်ဦး လွင်၊ နောင်ချိုဖြစ်ရပ်အပေါ် တပ်မ တော်၏ ပြန်လည်တုံ့ပြန်မည့်အစီ အစဉ်ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း သိရသည်။ဩဂုတ် ၁၆ ရက် နိုင်ငံတော် သမ္မတရုံး၏ ပုံမှန်သတင်းစာရှင်း လင်းပွဲတွင် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

နေပြည်တော်၊ ဩဂုတ် ၁၄- တိုင်း ရင်းသားမျိုးနွယ်စု(လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးနိုင် ရေးအတွက် စတင်ဆောင်ရွက်နေ ပြီဖြစ်ပြီး ပြီးဆုံးမယ့်အချိန်ကိုမူ မပြောနိုင်သေးကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးသိန်းဆွေပြောသည်။

ရန်ကုန်၊ ဩဂုတ် ၅ - လေဆိပ် လဝကဝန်ထမ်းများ ခရီးသည် များအပေါ် ဝန်ဆောင်မှုအပြည့် အဝပေးရန်နှင့် အဂတိတရား ကင်းရှင်းဖို့ လဝကဝန်ကြီးတွေ့ဆုံ သတိပေးပြောဆိုခဲ့ကြောင်း သိရ သည်။

ရန်ကုန်၊ ဩဂုတ် ၅ - ဝန်ကြီးများရုံးအတွင်း ရှစ် လေးလုံးသမိုင်းပြတိုက်ထားရှိရန် မသေချာသေး ကြောင်း ဝန်ကြီးများရုံးပြုပြင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ပြောသည်။

နေပြည်တော်၊ ဩဂုတ် ၅ - ယနေ့ အချိန်တွင် ဆင်ခြင်တုံတရားရှိ သောပြည်သူတိုင်းက အဂတိလိုက် စားမှုကို တိုက်ဖျက်ချင်နေကြပြီဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။

လပွတ္တာ၊ ဩဂုတ် ၄- ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက် ခံပွဲကို ဩဂုတ် ၄ ရက် နံနက် ၁၁ နာရီက ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့နယ်၌ ကျင်းပရာ ဒေသ ခံပြည်သူ ၃၀ဝ၀ ခန့်က မြို့တွင်းသို့ စီတန်း လှည့်လည်ခဲ့ကြကြောင်း သိ ရသည်။

နေပြည်တော်၊ ဩဂုတ် ၄ - သမ္မ တဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နိုင်ငံ ကိုအကျိုးပြုရန် ပို၍အရေးကြီး ကြောင်း ပြည်သူ့ကောင်းကျိုးဆောင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြော ကြားလိုက်သည်။ ဩဂုတ် ၄ ရက် နေပြည် တော်တွင် သူရဦးရွှေမန်းပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ သတင်းထောက်တစ်ဦးက သူရဦးရွှေမန်းအနေနှင့်ယခင်က သမ္မတဖြစ်ချင်သည်ဟု ပြောကြား ခဲ့ဖူးကြောင်း ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲအလွန်တွင် သမ္မတ ဖြစ်ချင်သေးသလားဟု မေးမြန်းခဲ့ ခြင်းဖြစ်သည်။