ရန်ကုန်၊ မေ ၂၇ -ရွှေဘိုထောင် ဆူပူမှုအတွင်း ထောင်အတွင်းရှိ နိုင်ငံတော်ပိုင်အဆောက်အအုံ များ နှင့် ပစ္စည်းများအား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အကျဉ်းသား ၅၆ဦး ကို အမှုဖွင့်အရေးယူထားကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်း ဝင်းက အတည်ပြုပြောသည်။

"အကျဉ်းသား၊ အကျဉ်းသူ ၅၆ ဦးကိုအရေးယူထားတာ ဟုတ် ပါတယ်။ ၆(၁) နဲ့အရေးယူထား တာ။ ရဲစစ်ဆေးဆဲဆိုတော့အမြန် ဆုံးတရားစွဲတင်ပါမယ်၊ သက်သေ အထောက်အထားတွေ ခိုင်လုံ အောင် တည်ဆောက်ပြီးမှပေါ့။ ရဲလုပ်ငန်း ပြီးပြည့်စုံအောင်ဆောင် ရွက်နေပါတယ်"ဟု ၎င်းင်းကဒီမိုက ရေစီတူဒေးသို့ မေ ၂၇ ရက်တွင် ပြောသည်။ ဆူပူမှုတွင် ဖျက်ဆီးမှု များပြုလုပ်ခဲ့သည့် အကျဉ်းသား သူ ၅၆ ဦးကိုအကျဉ်းဦးစီးဌာနမှ တရားလိုပြုလုပ်ပြီး ရွှေဘိုမြို့မ ရဲစခန်းတွင်အမှုဖွင့်ထားခြင်း ဖြစ် ကြောင်း အကျဉ်းဦးစီးဌာန တာဝန် ရှိသူတစ်ဦးက ဒီမိုကရစီတူဒေးသို့ မေ ၂၇ ရက်တွင် ပြောသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသ ကြီးရွှေဘိုမြို့ရွှေဘို အကျဉ်းထောင် တွင် ပြီးခဲ့သည့် မေ ၈ ရက် ညနေ ၄ နာရီ ၃၅ မိနစ်ခန့်မှ စတင်ကာ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့် နှင့် ပတ်သက်၍ အကျဉ်းသားများ ထောင်တွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထောင်အတွင်းရှိ နိုင်ငံ တော်ပိုင် အဆောက်အအုံများနှင့် ပစ္စည်းများအား ဖျက်ဆီးမှုများ ပြု လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် မိန်းဂျေး အတွင်းရှိပစ္စည်းများ၊ စာကြည့် တိုက်အတွင်းရှိပစ္စည်းများ၊ ထောက်ပံ့ ရေးရုံးရှိပစ္စည်းများ၊ ငွေစာရင်းရုံး ရှိပစ္စည်းများ၊ ဆေးပေးခန်းရှိ ပစ္စည်းများ၊ စားဖိုကြီးရှိပစ္စည်းများ၊ ၁၅ ခန်းတိုက်ရှိပစ္စည်းများ ငါးခန်း တိုက်ရှိပစ္စည်းများ၊ အိပ်ဆောင် (၁) (၂) (၃) ရှိပစ္စည်းများ အလုပ်ရုံရှိ ပစ္စည်းများနှင့် ကျန်းမာရေးဌာနမှ TB ရောဂါရှာဖွေရေး စက်ကြီးနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု ကျပ်သိန်းပေါင်း ၁၆၀၀ ကျော်ရှိကြောင်းသိရ သည်။ အဆိုပါအမှုနှင့်ပတ်သက် ပြီး အကျဉ်းသား၊သူ ၅၆ ဦးအား ရွှေဘိုမြို့မရဲစခန်းတွင် (ပ) ၄၃၂ /၂၀၁၉ ၊ ပြည်သူပိုင်ပစ္စည်း ကာ ကွယ်ရေးဥပဒေပုဒ်မ - ၆ (၁) ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။

ရွှေဘိုအကျဉ်းထောင်ဆူပှုမှု နှင့်ပတ်သက်ပြီး အကျဉ်းဦးစီး ဌာနမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီးနောက် အကျဉ်းထောင် တာဝန်ခံ ထောင်ပိုင်ကြီးလက် ထောက်ညွှန်ကြားရေးမှူး ဦးဇော် ထွန်းကို နေရာပြောင်းရွှေ့လိုက် ကြောင်းသိရသည်။

နေရာပြောင်းရွှေ့ခံရသည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက "နေရာပြောင်း ရွှေ့တာဟုတ်ပါတယ်။ ပြောင်းရွှေ့ တာသုံးရက်လေးရက်ရှိပါပြီ။ ဘာ ကြောင့်လဲတော့မသိဘူး" ဟုဒီမို ကရေစီတူဒေး၏ မေးမြန်းမှုကို မေ ၂၇ ရက်တွင် အတည်ပြုပြော သည်။

အကျဉ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံး အထောက်ဌာန စုတွင်လက်ရှိရာထူးဖြင့်ပင်ပြောင်း ရွှေ့ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။ ရွှေဘိုထောင်ဆူပှုမှာ ၂၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး မေ ၉ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင်ပြန်လည်တည်ငြိမ်
ခဲ့ကြောင်း၊ ဆူပူမှုအတွင်း ပစ်ခတ်ထိန်းသိမ်းခဲ့ ရပြီး အကျဉ်းသားလေးဦးသေဆုံး ကာ သုံးဦးဒဏ်ရာရခဲ့သည်။

ဆူပူ မှုအတွင်းလူမှုကွန်ရက်ပေါ် Live လွှင့်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အကျဉ်းသား သုံးဦးနှင့် ထောင်အ တွင်းဖုန်းသွင်းခဲ့သည့် ထောင်ဝန် ထမ်းတို့ကို အမှုဖွင့်တရားစွဲဆိုခဲ့ ပြီးပြစ်ဒဏ်များချမှတ်ပြီး ဆူပူမှု ဦးဆောင်သူများကိုလည်း အရေး ယူသွားမည်ဖြစ်ကြောင်း သိရ သည်။

 

WYHW+ MP(SB)/Democracytoday