ရန်ကုန်၊အောက်တိုဘာ၁၇ -တောင်ကြီး မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း ကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း တောင်ကြီးဒေသခံ အချို့ထံမှ သိရသည်။



တောင်ကြီးမြို့တွင် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီကျော်က မိုးသည်း ထန်စွာရွာသွန်းပြီး အနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
တောင်ကြီးမြို့ ဒေသခံဖြစ်သူ ဒေါ် ချယ်ရီကျော်က ""တောင်ကြီးကတော့ မိုးသည်းထန်စွာရွာသွန်းတာနဲ့ ရေကြီး သလိုဖြစ်နေပါပြီ အခုလိုဖြစ်တာက လည်း အကုန်လုံးစုပြီးဖြစ်တာပေါ့နော်။ မြေတွေ၊ ရေတွေကို ထိန်းပေးတဲ့သစ်တောတွေနည်းပါးသွားတယ်။ အိမ်ခြေ တွေများလာတယ်။ အဲအခါမှာရေစီး စရာမြောင်းတွေကလည်း ကျဉ်းကုန် တယ်။ အားလုံးစုပြီးဖြစ်တဲ့ သဘောဖြစ် ပါတယ်။ ပျက်တဲ့နေရာလေးတစ်ခုတည်း ကွက်ပြင်လို့တော့မရဘူးပေါ့နော်။ ရေ မြောင်းတွေကအစ ကျဉ်းကုန်တော့ နောက်ထပ် ရေနုတ်မြောင်းတွေလိုအပ် လာပါတယ်""ဟု ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၁၇ ရက်ကပြောသည်။

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် မြင်းရုပ်အနီး ပတ်ဝန်းကျင်များသည် လည်း မိုးသည်းထန်စွာရွာသွန်းပါက ရေ အမြဲကြီးသည့် နေရာများကဲ့သို့ဖြစ်လာ ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး တောင်ကြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ""မိုးသည်းထန်စွာရွာသွန်းပြီး ရေ တော့ကြီးပါတယ်။ ထူးထူးခြားခြားသတင်း တော့မဝင်ပါဘူး""ဟု ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ အောက်တိုဘာ ၁၇ ရက်သတင်းထုတ်ပြန်ချက်တွင် လာမည့် နှစ်ရက်အတွင်း တနင်္သာရီတိုင်းဒေသ ကြီးတွင် မိုးအနည်းငယ် ဆက်လက် ထစ်ချုန်းရွာနိုင်ပြီး အောက်တိုဘာ ၁၈ ရက်တွင် နေပြည်တော်၊ ရန်ကုန်မြို့များ ၏အနီးပတ်ဝန်းကျင်တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

AA
#Democracytoday