ရန်ကုန်၊အောက်တိုဘာ ၁၁-မြေ အသုံးချခွင့်လျှောက်လွှာများကို ဝယ်ယူ၊ လျှောက်ထားရန်ကာလ တစ်လအချိန်ပေးထားသဖြင့်  လျှောက်လွှာမရမည်ကို မစိုးရိမ် ကြရန် ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့၊ မြေစီမံခန့်ခွဲမှုကော်မ တီက အောက်တိုဘာ ၁၁ ရက် တွင် အသိပေးကြေညာချက်ထုတ် ပြန်၍ အသိပေးတိုက်တွန်းလိုက် ကြောင်း သိရသည်။


စီးပွားရေးလုပ်ငန်းများ၊ စက် မှုလုပ်ငန်းများလုပ်ကိုင်ရန်အတွက် လည်းကောင်း၊ လူနေထိုင်ရန်အ တွက်လည်းကောင်း မြေအသုံးပြု ခွင့်လျှောက်ထားနိုင်ကြောင်းနှင့် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ် ပြန်ထားသည်မှာ အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ လျှောက်လွှာများဝယ်ယူတင်သွင်း နိုင်မည်ဖြစ်သည်။

လျှောက်လွှာမရရှိမည်ကို စိုး ရိမ်ပူပန်ခြင်းနှင့် မလျှောက်လိုက် ရမည်ကို စိတ်ပူပန်စွာစောင့်ဆိုင်း၊ ဆောင်ရွက်ရန်မလိုဘဲ စည်ကမ်း ချက်များ၊မြေကွက်တည်နေရာ များကို သေချာဖတ်ရှု၍ ကြိုတင် စဉ်းစားလေ့လာပြီးမှ လျှောက်လွှာ ဝယ်ယူပါက ပိုမိုအဆင်ပြေချော မွေ့နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေရှာဖွေရေးကော်မတီမှ ရောင်းချရန် လျာထားသော မြေကွက်စာရင်းမှာ ဒဂုံ(အရှေ့) တွင် ငါးနေရာ၊ဒဂုံ(မြောက်)သုံး နေရာ၊ဒဂုံ(တောင်)ခြောက်နေရာ၊ ဒဂုံ(ဆိပ်ကမ်း)ကိုးနေရာ၊ ရွှေပြည် သာ ခြောက်နေရာ၊လှိုင်သာယာ ခုနစ်နေရာ၊မှော်ဘီ နှစ်နေရာ စုစု ပေါင်း ၃၈ နေရာရှိ မြေများကိုစီမံ ခန့်ခွဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ စီမံခန့်ခွဲမှုကော်မတီမှ စီမံမည့်မြေများနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များမှာ လျှောက်ထားမြေပေါ်တွင် ဆောင် ရွက်လိုသောလုပ်ငန်းဖော်ပြရ ခြင်း၊ အသုံးပြုခွင့်လျှောက်ထား ရန် ငွေကြေးအထောက်အထား တင်ပြရခြင်း၊  လိုအပ်သောအချက် အလက်များတင်ပြရခြင်း၊ မြေအသုံး ပြုရန် ခွင့်ပြုကြောင်းအကြောင်း ကြားသည့်နေ့မှစ၍ မြေစည်ပင်စ ရိတ်ကို တစ်ကြိမ်တည်းအကျေ ပေးသွင်းရမည်၊ မြေအသုံးပြုမိန့် ရပြီး ခြောက်လအတွင်းလုပ်ငန်း စတင်အကောင်အထည်ဖော်ရ မည်၊ အသုံးပြုခွင့်ပြုထားသော မြေကို သုံးနှစ်အတွင်းပြန်လည် ရောင်းချခြင်းမပြုရ၊

ခြောက်လအ တွင်းအဆောက်အအုံပြီးပါက မြေ ငှားစာချုပ်(ဂရန်)ရရှိရေးဆောင် ရွက်ပေးမည်၊ သုံးနှစ်အတွင်း လျှောက် ထားသူနာမည်ကို ပြောင်းခွင့်မပြု ခြင်း၊ မြေနေရာအပြိုင်အဆိုင် လျှောက်ထားမှုရှိခဲ့လျှင် ကော်မတီ ကစိစစ်ပြီး

အသင့်လျော်ဆုံးလျှောက် ထားတင်ပြသူတစ်ဦးအား ရွေးချယ် ခွင့်ပြုခြင်း၊ မြေအသုံးပြုခွင့်၊ မြေ ငှားစာချုပ်(ဂရန်)အစရှိသည်ကို တိုင်းအစိုးရ၏စီမံမှုဖြင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီ၏လုပ်ထုံးလုပ်နည်းများ နှင့် အညီ မြို့တော်စည်ပင်ကော်မတီ ကဆောင်ရွက်ပေးမည်၊ မြေအသုံး ပြုခွင့်ရထားသူများအနေဖြင့် စည်း ကမ်းလိုက်နာမှုပျက်ကွက်လျှင် မြေကိုလည်းကောင်း၊ မြေပေါ်ရှိ

အဆောက်အအုံအားလည်းကောင်း တိုင်းအစိုးရအဖွဲ့က ပြန်လည်သိမ်း ယူမည်ဖြစ်ကြောင်း၊ ပေးသွင်းငွေ ကိုပြန်လည်ထုတ်ပေးမည်မဟုတ် ကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် မြေရောင်း၊ဝယ်ခြင်း များအပေါ်အခွန်စည်းကြပ်ရန် နှုန်း ထားများလည်း မြို့နယ်နှင့်နေရာ အပေါ်မူတည်ပြီး သတ်မှတ်ပေး ထားကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း နှုန်းထားများ ကိုထုတ်ပြန်ပေးထားကြောင်း သိရ သည်။               

TTHL  
#Democracytoday