ကျောက်ဆည်၊ အောက်တိုဘာ ၁၁- မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ရွှေသာလျောင်းဘု ရားဆင်လှူပွဲတော်၏ (၄၂) ကြိမ် မြောက် ဆင်အကအလှပြိုင်ပွဲတွင် ချီးမြှင့်မည့် သတ်မှတ်ဆုကြေးငွေ ကို ပြိုင် ပွဲကျင်းပရေးကော်မတီမှ ထုတ် ပြန်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် ဆင် အကအဖွဲ့လေးဖွဲ့လျော့နည်း သွားကြောင်း ဆင်အကအလှပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရ သည်။



ဆင်အကအလှပြိုင်ပွဲ ဆုချီး မြှင့်ပွဲကို အောက်တိုဘာ ၁၂ ရက် (သီတင်းကျွတ်လဆန်း ၁၄ ရက်) တွင် ရွှေသာလျှောင်းတောင်ခြေ ကွင်းစင်မြင့်၌ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ဆင်လှူပွဲတော်တွင် ရိုး ရာဆင်ကိုးစီး၊ ဘော်ကြယ်ဆင် နှစ် စီး၊ ကလေးဆင်သုံးစီး၊ သဘာဝ ဆင်နှစ်စီးပါဝင်ယှဉ်ပြိုင်မည်ဖြစ် ရာ ယခင်နှစ်ကထက် ဘော်ကြယ် ဆင်နှစ်စီး၊ ကလေးဆင်တစ်စီးနှင့် သဘာဝဆင်တစ်စီးစီ လျော့နည်း သွားသည်။

]]မနှစ်ကပြိုင်ပွဲဝင်ဆင်အစီး ၂၀ ရှိခဲ့တယ်။ ဒီနှစ် ၁၆ သင်းပဲ ပြိုင်ပွဲဝင်တာမို့ မနှစ်ကထက် အ သင်းလေးသင်းလျော့နည်းသွား တယ်။ အခုလို လျော့နည်းသွားတာ က ဆင်ပြိုင်ပွဲဝင်ရင် ရိုးရာဆင် တစ်ဖွဲ့ ကျပ်သိန်း ၈၀ ကနေ ၁၀ဝ အထိ ကုန်ကျစရိတ်ရှိတယ်။ ဘော် ကြယ်ဆင်ဆိုရင် အကအလှဆင် တစ်ဖွဲ့ ကျပ်သိန်း ၈၀ ကနေ ၂၀ဝ လောက်အထိ ကုန်ကျစရိတ်ရှိတယ်။ ကုန်ကျစရိတ်များတာကြောင့် အ သင်းတချို့ပါဝင်ယှဉ် ပြိုင်ခြင်းမပြု လုပ်နိုင်တော့ပါဘူး}}ဟု ပြိုင်ပွဲကျင်းပ ရေးကော်မတီဝင် ဦးစိုးသီဟက ပြောသည်။

ယခုနှစ် ရိုးရာဆင်ပြိုင်ပွဲ တွင် ပထမဆု ကျပ် ၁၄ သိန်း၊ ဒု တိယဆု ကျပ် ၁၁ သိန်း၊ တတိယ ဆု ကျပ် ၇၅၀ဝဝဝ၊ နှစ်သိမ့်ဆု တစ်နှင့် နှစ်အတွက် ကျပ် ၁၅၀ဝဝဝ စီနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သည့် ဆင်အသင်းလေးသင်းတို့ ကို ကျပ်တစ်သိန်းစီ ချီးမြှင့်မည် ဖြစ်ပြီး ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် ပထမဆု ကျပ် ၁၂ သိန်း၊ ဒုတိယ ဆု ကျပ်ကိုးသိန်း၊ ကလေးဆင်ပြိုင် ပွဲတွင် ပထမဆုကျပ် ၁၀သိန်း၊ ဒုတိယဆု ကျပ်ခုနစ်သိန်း၊ တတိ ယဆု ကျပ်သုံးသိန်းနှင့် သဘာဝ ဆင်ပြိုင်ပွဲတွင် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ်သုံး သိန်းနှင့် ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရ အသင်း ၁၂ သင်းတို့ ကို မော်တော်ဆိုင်ကယ်တစ်စီးစီ ဆုချီးမြှင့်မည်ဟု အသိပေးကြေ ညာထားကြောင်း သိရသည်။

DW
#Democracytoday