နေပြည်တော်၊ အောက်တိုဘာ ၁၁ - ယခုနှစ်သီတင်းကျွတ်ကာ လတွင် နေပြည်တော်၌ မြန်မာ့ရိုးရာအစဉ်အလာအရ အသက်ကြီး သူကို လာရောက်ကန်တော့ကြသည့် တူ/သား/မြေးများကို မုန့်ဖိုး ငွေပေးမည့်အစား သီတင်းကျွတ်ရောင်စုံမီးပုံးနှင့် အရုပ်ပုံမီးပုံးလေး များပြန်ပေးမည်ဆိုသည့် စိတ်ကူးစိတ်သန်းဖြင့် သီတင်းကျွတ်ရောင်စုံ မီးပုံးများ လာဝယ်ယူသူအများအပြားရှိကြောင်း သိရသည်။  



""အခုဒီနှစ်မှာ တချို့လူကြီးတွေက သီတင်းကျွတ်မှာလာကန် တော့ကြတဲ့ကလေးတွေကိုပေးဖို့ သီတင်းကျွတ်ရောင်စုံမီးပုံးအရုပ်လေးတွေကိုဝယ်ယူကြတာများတယ်။ မနေ့ကဆိုရင် ဦးလေးတစ်ယောက် က သူ့ကို ကလေးတွေက သီတင်းကျွတ်ရက်လာ ကန်တော့တဲ့အခါမှာ ကလေးတွေကိုမုန့်ဖိုးပေးမယ့်အစား ရောင်စုံမီးပုံးလေးတွေ၊ အရုပ်ပုံ မီးပုံးလေးတွေပြန်ပေးမယ်ဆိုပြီး လာဝယ်သွားကြတယ်။ အရင်က တော့ အဲဒီလိုမျိုး သီတင်းကျွတ်မီးပုံးရောင်းရတဲ့ အစဉ်အလာမရှိဘူး။ ဒီနှစ် သီတင်းကျွတ်မှာ လူကြီးတွေက ကလေးတွေလာကန်တော့တဲ့ အခါပေးဖို့ဆိုပြီး မီးပုံးတွေလာဝယ်တာများတယ်""ဟု ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်ရှိမီးပုံးရောင်းချသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံလုပ် သီတင်းကျွတ်ရောင်စုံမီးပုံးတစ်လုံးလျှင် အနည်းဆုံး ကျပ် ၁၅၀ဝ မှ အမြင့်ဆုံးကျပ် ၆၅၀ဝ ကျပ်မှ ၇၀ဝ၀ ဖြင့် ရောင်းရပြီး ခမောက်ပုံ၊ မီးအိမ်ပုံမီးပုံးအကြီး၊ ရောင်စုံမီးပုံးအဝိုင်းအကြီးများကိုအများဆုံးဝယ်ယူကြကာ ပျဉ်းမနား မြို့ဒေသခံများ အပြင် ရပ်ဝေးမြို့နယ်မှပြန်ရောင်းကြမည့်သူများကိုလည်းဖောက်သည် ဈေးဖြင့်ပြန်လည်ရောင်းချသည်။

ပျဉ်းမနားမြို့ ရန်အောင်(၁)ရပ်ကွက် ကျောက်တောင်ကုန်း ရပ်မှ ပြုလုပ်သည့် ဒေသထွက်စက္ကူရောင်စုံမီးပုံးများ၊ တွန်းလှည်းရောင်စုံ စက္ကူမီးပုံးများ၊ စက္ကူရုပ်မီးပုံးအဝိုင်းပုံစံများ၊ အသည်းပုံစက္ကူမီးပုံး များအနက် စက္ကူအထူစားနှင့်ပြုလုပ်ထားသည့် စက္ကူရောင်စုံမီးပုံးများကိုရောင်းရပြီး အဆိုပါမီးပုံးများသည် အနည်းဆုံးတစ်လုံးလျှင် ကျပ် ၂၀ဝ မှ အများဆုံးကျပ် ၈၀ဝ အထိရှိကြောင်း သိရသည်။

 MO
#Democracytoday