မုံရွာ၊ အောက်တိုဘာ ၁၁- စစ်ကိုင်း  တိုင်းဒေသကြီး မုံရွာမြို့နယ်၌ အ ကြီးဆုံးသော မီးပုံးပျံလွှတ်တင်ခြင်း  နှင့် (၈၂၃) ကြိမ်မြောက် ဘုရားပွဲကို သာစည်ရွာ မဟာစေတီလှဘုရား ကြီး၌ သီတင်းကျွတ်လပြည့်နေ့ တွင် ရိုးရာမပျက် ကျင်းပသွားမည် ဖြစ်ကြောင်း စေတီလှဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။


သာစည်ကျေးရွာရှိ သမိုင်း ဝင်စေတီလှဘုရားကြီးသည် မုံရွာ မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးပြီး သီတင်းကျွတ်လပြည့်နေ့တွင် လူ ပေါင်းသောင်းချီ လာရောက်ဖူး မြော်လေ့ရှိသော ဘုရားတစ်ဆူ ဖြစ်သည်။
""ဘုရားပွဲမှာ နှစ်တိုင်းလာကြ တဲ့မြန်မာ့ရိုးရာအကအဖွဲ့တွေက တော့ ဒီနှစ်နည်းသွားတယ်။ မီးပုံး ပျံကြီးကတော့ ရိုးရာမပျက် လွှတ် တင်သွားမှာပါ""ဟု ဂေါပကအဖွဲ့ ဝင် ကိုမောင်တူးက ပြောသည်။

အဆိုပါ ဘုရားရင်ပြင်တော် တွင် လွှတ်တင်မည့်မီးပုံးပျံမှာ အ မြင့် ၃၃ ပေ၊ လုံးပတ်အကျယ် ၈၄ ပေ၊ မီးစာပေါက်အဝခြောက်ပေ ပတ်လည်၊ မီးစာအရှည်ခြောက်ပေ ရှိပြီး လူအယောက် ၅၀ မှ တာဝန် ယူလွှတ်တင်ကြသည်။

စေတီလှဘုရားပွဲတွင် ကျေး ရွာပေါင်း ၇၀ ကျော်မှ အကအဖွဲ့ များသည် ရှားပါးပျောက်ကွယ်လု နီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ယိမ်းအကများဖြစ်သည့် အဘိုးကြီး ယိမ်း၊ ဖိုးသူတော်ယိမ်း၊ အရည်းကြီး ယိမ်း၊ ရွဲကုန်သည်ပြဇာတ်၊ မြန်မာ နဂါးအက၊ ဘုရားလောင်းတော ထွက်တော်မူခန်းစသော သရုပ်ဖော် မြေဝိုင်းအကများကို လာရောက် ကပြဖျော်ဖြေကြသည့်အပြင် မုန့် အမျိုးအစားပေါင်း ၅၀ ကျော်ကို လည်း ကပ်လှူပူဇော်ကြသည်။

မြန်မာသက္ကရာဇ် ၅၅၈ ခုနှစ် တွင် ပုဂံပြည့်ရှင်နရပတိစည်သူ မင်းကြီး တိုင်းခန်းလှည့် လည်ခိုက် စီးတော်ဆင်မယဉ်သာသည် သာ  စည်ရွာအရောက် ဦးခေါင်းမြေချ တုံ့ဝပ်ရှိခိုးသဖြင့် မူးမတ်များအား မေးမြန်းရာ ဘုရားလောင်းရွှေသ မင်ဘဝက ကျက်စားခဲ့သောနေရာ ဖြစ်ကြောင်းသိရ၍ စေတီလှဘုရား  ကြီးကို တည်ထားခဲ့ခြင်းဖြစ်ကြောင်း  သမိုင်းမှတ်တမ်းများအရ သိရ သည်။                 

KTS
#Democracytoday