စစ်ကိုင်း၊ စက်တင်ဘာ ၈- ဧရာဝတီတံ တား(ရတနာပုံ)အဆင်း စစ်ကိုင်းဘက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး အဝင်ဘီးခွန် ကောက်ခံရေးဂိတ်ကို အောက်တိုဘာ ၁ ရက်မှစတင်၍ စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်း ပေါ်ရှိ ကံတလူတိုးဂိတ်အနီး၌ ပြောင်းရွှေ့ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအဝင် စစ်ကိုင်း မြို့တွင် ဘီးခွန်ကောက်ခံရေး လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က လုပ်ငန်းရှင် တစ်ဦးမှ ကျပ်သိန်း ၄၈၆၀ ဖြင့် တင်ဒါ အောင်မြင်ခဲ့၍ ဧရာဝတီတံတား(ရတနာပုံ) အဆင်း စစ်ကိုင်းဘက် တိုင်းဒေသကြီးမုခ် ဦးအနီးမှာ ဂိတ်ဖွင့်ကောက်ခံခဲ့ပြီး အဆိုပါ ကောက်ခံခွင့် လုပ်ငန်းလိုင်စင်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

""စစ်ကိုင်းတိုင်းဒေသကြီးအဝင် ဘီးခွန် ကောက်ခံရေး ဂိတ်စခန်းနေရာက ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ကုမ္ပဏီတစ်ခုက ငွေ ကျပ် သိန်း ၄၈၆၀ နဲ့ ဆွဲဝယ်လုပ်ကိုင်ခွင့် ရရှိခဲ့တာပါ။ အဆိုပါနေရာက စစ်ကိုင်းတံ တားသစ်ကြီး ဖြတ်သန်းကောက်ခံနေတဲ့ ရွှေတောင်ကုမ္ပဏီဂိတ်နဲ့ နီးကပ်စွာ တည် ရှိနေတာရယ်၊ စစ်ကိုင်းမြို့အတွင်း ဆက် သွယ်သွားလာနိုင်တဲ့ အတက်အဆင်းလမ်း များနဲ့ နီးကပ်တာတွေကြောင့် ယာဉ်ကြော ကျပ်တည်းမှု မကြာခဏ ဖြစ်ပေါ်ခဲ့ပါ တယ်။ ခရီးသွားပြည်သူများက ဂိတ်နေရာ ပြောင်းရွှေ့ကောက်ခံဖို့ မကြာခဏ ပြောဆို တင်ပြတာတွေ ရှိပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ရွှေတောင်ကုမ္ပဏီက ကျပ်သိန်း ၅၀၀၀ နဲ့ ဆွဲဝယ်လုပ်ကိုင်ခွင့် ရတာမို့ လက်ရှိရွှေတောင်ကုမ္ပဏီပိုင် ကံတ လူတိုးဂိတ်မှာ အောက်တိုဘာ ၁ ရက်က စတင်ပြောင်း ရွှေ့ကောက်ခံသွားမှာ ဖြစ်ပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့နဲ့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအ ဖွဲ့တို့ထံ တင်ပြထားပြီးပါပြီ""ဟု  စစ်ကိုင်း မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဝင် ဧရာ ဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ကမ်း တွင် BOT စနစ်ဖြင့် တံတားဖြတ်သန်းခ ကောက်ခံနေသည့် ရွှေတောင်ကုမ္ပဏီဂိတ် နှင့် တိုင်းဒေသကြီးအဝင် ဘီးခွန် ကောက် ခံရေးဂိတ်မှာ ကိုက် ၁၀၀ ခန့်သာ ကွာ ဝေးသဖြင့် ယာဉ်အသွားအလာများသည့် လမ်းမကြီးပေါ်တွင် ဂိတ်ကြေးကောက်ခံ နေမှုများကြောင့် ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှုများ ဖြစ်ခဲ့ရာ လာမည့် အောက် တိုဘာ ၁ ရက်မှစတင်၍ အဆိုပါနေရာ တွင် ယာဉ်ကြော ပြန်လည်ကောင်းမွန်လာ ပြီး စစ်ကိုင်းမြို့ အတက်အဆင်း လမ်းများ  မှာပါ ယာဉ်အသွားအလာ ချောမွေ့မည် ဖြစ်ကြောင်းသိရသည်။

DW
#Democracytoday