ပေါင်၊ စက်တင်ဘာ ၈- ပင်လယ် ပြင်တွင် မုန်တိုင်းမိပြီး မွန်ပြည် နယ် ပေါင်မြို့နယ်အတွင်းရှိ ကျေး ရွာငါးရွာသို့ မျောလာသည့် ဖျာ ပုံခရိုင်အတွင်းမှ ရေလုပ်သား ၅၄ ဦးတို့အား ကယ်ဆယ်ထားပြီး ကျန် ရေလုပ်သားများ ဆက်လက်ရှာဖွေ လျက်ရှိကြောင်း ပေါင်မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။



အဆိုပါ ရေလုပ်သားများ သည် ဖျာပုံခရိုင်အတွင်း နေထိုင်  သည့် ရေလုပ်သားများဖြစ်ပြီး  စက်တင်ဘာ ၁ ရက်တွင် ပင် လယ်ပြင်၌ မုန်တိုင်းမိသဖြင့် မုတ္တ မပင်လယ်ကွေ့အနီးရှိ ပေါင်မြို့ နယ်မှ ကျေးရွာများသို့ စက်တင် ဘာ ၇ ရက် ညနေပိုင်းတွင် ကျား ဖောင်များဖြင့် မျောလာသူများ ဖြစ်ကြောင်း ပေါင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးဇော်မိုး အောင်က ပြောကြားသည်။

""ကျွန်တော်တို့ မြို့နယ်ကို ရောက်လာတဲ့ ရေလုပ်သားတွေကို ကယ်ဆယ်ထားပါတယ်။ သူတို့ရဲ့  နေရေးထိုင်ရေး၊ စားသောက်ရေး တွေကိုလည်း တာဝန်ယူထားပါ တယ်။ ပြီးတော့ ရေလုပ်သား တစ် ဦးကို ပစ္စည်းလေးမျိုးနဲ့ လမ်းစ ရိတ် ကျပ်နှစ်သောင်းစီလည်း ပေး ထားပါတယ်။ သူတို့ကို သူတို့ရဲ့ ရေလုပ်ငန်းရှင်အသင်းက လာ ခေါ်မယ်လို့လည်း ပြောပါတယ်။ သူတို့ပြောပုံအရ ရေလုပ်သား ၁၀၀ လောက် မျောလာတယ်ဆို တော့ ကျန်တဲ့ ရေလုပ်သားတွေ ပျောက်နေသေးတယ်"" ဟု ဦးဇော် မိုးအောင်က ပြောသည်။

""ပျောက်ဆုံးနေသော ရေလုပ် သားများရှိနေသေးသဖြင့် မွန်ပြည် နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီးနဲ့ ချိတ်ဆက် ပြီး ရှာဖွေရေးတွေ လုပ်နေတယ်။ ကမ်းရိုးတမ်းတွေဘက်ကိုလည်း အဓိကထားရှာနေပါတယ်။ လူစာ ရင်းအသိအကျမဟုတ်ပေမယ့် ရေ လုပ်သား အယောက် ၅၀ က မတွေ့  သေးတဲ့ စာရင်းထဲမှာပါနေတယ်"" ဟု ပေါင်မြို့နယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဇော် ထူးက ပြောသည်။
ပေါင်မြို့နယ်သို့ မျောပါလာ သည့် ရေလုပ်သားများသည် ၎င်းင်း တို့၏ လုပ်ငန်းရှင်များသို့ ဆက် သွယ်ထားကြောင်း သိရသည်။

""ကျွန်တော်အလုပ်လုပ်ခဲ့တာ အရင်က တစ်ခါမှ မုန်တိုင်းမမိဖူး ဘူး။ အခုအခေါက် စက်တင်ဘာ ၁ ရက်နေ့ ည ၁၁ နာရီကျော် လောက်မှာ မုန်တိုင်းစမိတယ်။ ပင်လယ်ပြင်မှာ ငါးရက်နဲ့ တစ်မ နက်မျောခဲ့တယ်။ ကျားဖောင်တွေ အားလုံး အတူတူ ထွက်ကြပါတယ်။ မုန်တိုင်းမိတော့ အားလုံးလွဲသွား တယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာ ပျောက်ဆုံးတဲ့သူ မရှိဘူး။ တခြား ဖောင်တွေက ရေလုပ်သားတွေ ပျောက်နေသေးတယ်""ဟု လှေ နောက်လိုက် ဦးအေးမင်းသိန်းက ပြောသည်။
အဆိုပါ ရေလုပ်သားများ သည် ငါးနှင့်ပုစွန်ကို အဓိကထား ဖမ်းဆီးကြရပြီး ပင်လယ်တွင် မိုင် ပေါင်း ၄၀ မှ ၅၀ အထိ သွား ရောက်၍ ငါးများရှာဖွေဖမ်းဆီး ကြောင်း သိရသည်။

AHO
#Democracytoday