ဗန်းမော်၊ မေ ၂၈ - ယခုရက်ပိုင်း အတွင်း ရာသီဥတုပူပြင်းပြီးတာပိန် မြစ်ရေနည်းပါးလာသောကြောင့် တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လည်ပတ်ရန်အခက်အခဲဖြစ်ပေါ် လာကာ ဗန်းမော်ခရိုင်အတွင်း၌ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာ ခဏဖြစ်ပေါ်နေကြောင်းသိရသည်။ ဗန်းမော်တစ်ခရိုင်လုံး အသုံး ပြုရန်အတွက် တာပိန်ရေအားလျှပ် စစ်စက်ရုံမှ ၁၁ မဂ္ဂါဝပ်ခန့် ထွက်ရှိ ရာမှ ယခုရက်ပိုင်းအတွင်း ရာသီဥတု ပူပြင်းခြင်း၊ တာပိန်မြစ် ရေနည်းပါး ခြင်းတို့ကြောင့် ရေအားမလုံလောက် သည့်အတွက် စက်ရုံလည်ပတ်ရာ တွင် အခက်အခဲဖြစ်ပေါ်၍ လျှပ်စစ် မီးရရှိပမာဏနည်းပါးကာ မီးပြတ် တောက်မှုများ မကြာခဏဖြစ်ပေါ် နေခြင်းဖြစ်သည်။

မော်လမြိုင်၊ မေ ၂၈- မွန်ပြည် နယ်ဒေသအတွင်း သွားလာနိုင် ရေးအတွက် ဆိုင်ကယ်အမှန်တကယ် သုံးစွဲမည့်သူများကို ဒေသတွင်း မွန်ဆိုင်ကယ်လိုင်စင်ထုတ်ပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ် မှူးကြီး နေထွဋ်ဦးက ပြောကြား လိုက်ကြောင်း သိရသည်။ မေ ၂၇ ရက်တွင် မော်လမြိုင် မြို့ ငွေမိုးဟိုတယ်တွင် ကျင်းပ သော မွန်ပြည်နယ် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးက ယင်း သို့ပြောကြားခြင်းဖြစ်သည်။

ရန်ကုန်၊ မေ ၂၇ -ရွှေဘိုထောင် ဆူပူမှုအတွင်း ထောင်အတွင်းရှိ နိုင်ငံတော်ပိုင်အဆောက်အအုံ များ နှင့် ပစ္စည်းများအား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အကျဉ်းသား ၅၆ဦး ကို အမှုဖွင့်အရေးယူထားကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်း ဝင်းက အတည်ပြုပြောသည်။

ရန်ကုန်၊ မေ ၂၈ - ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်သွားပါက ကမ္ဘာ့အမြင့်ဆုံးကာကွယ်စောင့်ရှောက်မှုပေးသည့်အနေဖြင့် စစ်ဖြစ်ခွင့်မရှိသော နယ်မြေသတ်မှတ်ကာ နိုင်ငံတကာစစ်ပွဲများဖြစ်ခွင့်မရှိအောင် ကာကွယ်ပေးသွား မည်ဟု ယူနက်စကို၏အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးထံမှ သိရသည်။  နိုင်ငံတကာစစ်ပွဲများ ကမ္ဘာမှာဖြစ်ခဲ့လျှင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ထားသော အမွေအနှစ်ဒေသများကို ရှောင်ကွင်းသွားရမည်ဟုဆိုသည်။

စစ်တွေ၊ မေ ၄ - ဖန်နီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းအတွင်း ပြေးဆွဲပြေးနေ ကြသော ရေကြောင်းခရီးစဉ်များအား ယာယီရပ်နားထားရကြောင်း သိရသည်။ ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲပေး နေကြသော ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေယာဉ် များအားလုံး သည် မေ ၃ ရက်မှ စတင် ရပ်နားနေခြင်းဖြစ်သည်။