နေပြည်တော်၊ ဩဂုတ် ၅ - ယနေ့ အချိန်တွင် ဆင်ခြင်တုံတရားရှိ သောပြည်သူတိုင်းက အဂတိလိုက် စားမှုကို တိုက်ဖျက်ချင်နေကြပြီဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။

လပွတ္တာ၊ ဩဂုတ် ၄- ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက် ခံပွဲကို ဩဂုတ် ၄ ရက် နံနက် ၁၁ နာရီက ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့နယ်၌ ကျင်းပရာ ဒေသ ခံပြည်သူ ၃၀ဝ၀ ခန့်က မြို့တွင်းသို့ စီတန်း လှည့်လည်ခဲ့ကြကြောင်း သိ ရသည်။

မန္တလေး၊ ဩဂုတ် ၄- မြန်မာနိုင်ငံ လုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်း စုအမည်ဖြင့် အစိုးရအလိုမရှိ ကြောင်း စာသားများပါဝင်သည့် စတစ်ကာများကို မန္တလေးမြို့ မြို့ တွင်းနေရာအချို့၌ ဩဂုတ် ၃ ရက် ညပိုင်းက လိုက်လံကပ်ထားမှု ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဩဂုတ် ၄ - သမ္မ တဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နိုင်ငံ ကိုအကျိုးပြုရန် ပို၍အရေးကြီး ကြောင်း ပြည်သူ့ကောင်းကျိုးဆောင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြော ကြားလိုက်သည်။ ဩဂုတ် ၄ ရက် နေပြည် တော်တွင် သူရဦးရွှေမန်းပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ သတင်းထောက်တစ်ဦးက သူရဦးရွှေမန်းအနေနှင့်ယခင်က သမ္မတဖြစ်ချင်သည်ဟု ပြောကြား ခဲ့ဖူးကြောင်း ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲအလွန်တွင် သမ္မတ ဖြစ်ချင်သေးသလားဟု မေးမြန်းခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်၊ ဩဂုတ် ၄- ဝန်ထမ်းများ ကို အငှားအိမ်ရာများတွင် နေရာ ပေးထားခြင်းသည် အပိုင်ပေးခြင်း မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတိ ပေး ပြောကြားလိုက်သည်။