နေပြည်တော်၊ ဩဂုတ် ၁ - ဖွဲ့စည်းပုံအ ခြေခံဥပဒေမပြင်နိုင်ခြင်းကြောင့် အစိုးရအ နေဖြင့် တိုင်းရေးပြည်ရာကိစ္စများတွင် အ ပြည့်အဝတာဝန်
ယူနိုင်ခြင်းမရှိကြောင်းဒီ ချုပ်ကိုယ်စားလှယ်ဦးရည်မွန်က ပြောသည်။

မုံရွာ၊ ဇူလိုင် ၃၁- စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ ဆိုင် ကယ်များအား အခွန်ပေးစေပြီး လိုင်စင်ပြုလုပ်ပေးရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးကျော်စိုးမှ ဇူလိုင် ၃၁ ရက် တွင် ကျင်းပသော အကြိမ် ၂ဝမြောက် စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးတွင် တင်သွင်းလိုက်ကြောင်း သိရသည်။

ရန်ကုန်၊ ဇူလိုင် ၃၀ - လွှတ်တော် တွင်း တပ်မတော်သား ရာခိုင်နှုန်း ၅၀ အထိပါဝင်ရန် ပြည်ခိုင်ဖြိုး အမတ်က အကြံပြုလိုက်သည်။
ဇူလိုင် ၃ဝရက်၊ နေပြည်တော် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် မင်းကင်းပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမောင်မြင့်က ပြော ကြားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇူလိုင် ၃၁-ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ပုဂံဒေသနှင့် ပတ် သက်ပြီး ယူနက်စကိုမှ ဝင်ရောက် စွက်ဖက်ခြယ်လှယ်ခွင့်
မရှိသဖြင့် စိုးရိမ်စရာမလိုကြောင်း သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာ ရင်းတင်သွင်းရေး ဦးဆောင်ကော် မတီဝင် ဒေါက်တာစန်းဝင်းက ပြောကြားလိုက်သည်။

ရန်ကုန်၊ ဇူလိုင် ၃၀ - တိုင်းရင်း သားများအနေဖြင့် အိပ်မက်ဆိုး ဆက်မမက်ချင်တော့ဟု ခြေဥပြင် ဆင်ရေးဆွေးနွေးရာတွင် သီပေါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က ပြောကြားလိုက်သည်။