ရန်ကုန်၊ ဩဂုတ် ၂- ထိလွယ်ရှလွယ် သည့် ဘာသာရေးနှင့် ပတ်သက် သည့်ကိစ္စများကို အလေးအနက် ထားဆောင်ရွက်ကြရန် မီဒီယာ အ ပါအဝင် ကဏ္ဍအသီးသီးကို သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်၊ ဩဂုတ် ၂-ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်အဝရှိရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကသတိပေး ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား လိုက်သည်။

ရန်ကုန်၊ဩဂုတ် ၁ - အခြေခံဥပ ဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မ တီ၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တိုင်းရင်းသား လူမျိုးစုတစ်ခုခုကို ထိခိုက်နစ်နာ စေမည့် အကြောင်းများကိုထည့် သွင်းမဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် က သတိပေးလိုက်သည်။

မန္တလေး၊ ဩဂုတ် ၂ - နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ လွှတ်တော်ကိုယ် စားလှယ်များအနေဖြင့် မိမိတို့၏ သက်ဆိုင်သော တာဝန်များကို ကျော်လွန်၍ ပြည်ထောင်စုအစိုးရ ထံတိုက်တွန်းကြောင်း အဆိုတင် သွင်းခြင်းသည် စည်းကျော်ဘောင် ကျော်ဖြစ်နေသည့်အတွက် မလုပ် ဆောင်ကြရန် သတိပေးပြောကြား ခဲ့သည်။ ဩဂုတ် ၂ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြသာ စည်မြို့နယ်ရှိ မန္တလေးကွန်ဗင်း ရှင်းစင်တာ၌ ကျင်းပသည့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံ တော်သမ္မတက ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဩဂုတ် ၁ - ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် ရွေးကောက် ပွဲမတိုင်ခင် လွှတ်တော်ကိုအရင် ဖျက်သိမ်းရန်အချက် ထည့်သွင်း ရမည်ဟုကယားပြည်နယ် မဲဆန္ဒ နယ် အမှတ်(၉)အမျိုးသားလွှတ် ကိုယ်စားလှယ် ဦးစိုးသိန်းကပြော ကြားခဲ့သည်။