Print
News
Political
Hits: 9761

ရန်ကုန်၊ မေ ၂၈-မြန်မာနိုင်ငံ တွင် ပထမဦးဆုံးစတင်ထုတ်လုပ် သည့် S C Neustar ဘတ်စ် ကားသစ်များကို ပြည်ပသို့ တင်ပို့ မည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာအဆင့်မီ ဘတ်စ် ကားများထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ရောင်းချနိုင်ရေးအ တွက် ရန်ကုန်တိုင်းဒေသကြီး အ စိုးရမှ ကူညီပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ ဒုံမြို့နယ်ရှိ ရန်ကုန်စက်မှုဇုန်၌ မေ ၂၈ ရက်က ပြုလုပ်သည့် ှSC Neustar ဘတ်စ်ကားသစ် မိတ် ဆက်ပွဲတွင် ゞင်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်သည် မြန်မာနိုင် ငံတွင် ရင်းနှီးမြှု ပ်နှံရန် အခွင့်အ လမ်းများ ဖွင့်ပေးနေသည့်ကာလ တစ်ခုဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ် နှံသူများအတွက် အခွင့်အလမ်း ကောင်းများနှင့် စိန်ခေါ်မှုများလည်း ရှိကြောင်း၊ စိန်ခေါ်မှုများအား အ ခွင့်အလမ်းအနေဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပါက ကောင်းမွန်သော အခြေအနေများစွာအား ဖန်တီးနိုင် သည့်အနေအထားဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"မြန်မာနိုင်ငံမှာ ှSC Auto Group မှ လာရောက်ရင်းနှီးမြှုပ် နှံရန်အတွက် ရွေးချယ်ခဲ့မှုအပေါ် တွင် ကျေးဇူးတင်ပါတယ်။ နိုင်ငံ တကာအဆင့်မီ ဘတ်စ်ကားတွေ ကိုထုတ်လုပ်ပြီး မြန်မာနိုင်ငံမှ တစ်ဆင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ရန်ကုန် တိုင်းဒေသကြီး အစိုးရအနေနဲ့ တတ် စွမ်းသရွေ့ ကူညီဆောင်ရွက်ပေး သွားမှာပါ"ဟု ၎င်းက ပြောသည်။

စင်ကာပူအခြေစိုက် ှSC Auto Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီး မြှုပ်နှံခြင်းဖြစ်ပြီး ယင်းကုမ္ပဏီ သည် ဘတ်စ်ကားများနှင့် အဝေး ပြေးယာဉ်များကို ကိုယ်တိုင်ဒီဇိုင်း ရေးဆွဲထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းက"" မြန်မာနိုင်ငံကို စီးပွား ဖွံ့ဖြိုးဖို့ဆောင်ရွက်နေတဲ့အချိန် နည်းပညာပံ့ပိုးပေးနိုင်မယ့် ကုမ္ပဏီ ကြီးများ၊ ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပ ဏီများ လိုအပ်ပါတယ်။ ှSC Auto လုပ်ငန်းကိုကြိုဆိုပါတယ်""ဟု ပြောခဲ့သည်။

SC Auto ကို ၁၉၉၆ ခုနှစ် တွင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ယာဉ်ထုတ်လုပ်သည့် စက်ရုံဖြစ် နေပြီဖြစ်သည်။ ှSC Neustar ဘတ်စ် ကားတွင် နှစ် ၂၀တိုင်အောင် သံ ချေးမတက်သောTensile Stren-gth မြင့်မား၍ ပေါ့ပါးသော Fer- ritic Stainless Steel ကို အသုံးပြု ထားကြောင်းသိရသည်။

TTMT/Democracytoday