Print
News
Political
Hits: 7402

ရန်ကုန်၊ မေ ၂၈- အိန္ဒိယဝန်ကြီး ချုပ်၏ဒုတိယသက်တမ်း ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် တက်ရောက်နိုင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနမှသိရသည်။ ရွေးကောက်ပွဲတွင် ဒုတိယ အကြိမ်မြောက်အနိုင်ရရှိခဲ့သည့် ဝန်ကြီးချုပ် မိုဒီသည် မကြာမီတွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ တက် ရောက်ရန် အိမ်နီးချင်းနိုင်ငံများကို ဖိတ်ကြားထားကာ မြန်မာနိုင်ငံအ တွက်လည်း ဖိတ်စာရောက်ရှိပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းဟန်က မေ ၂၇ တွင် ဒီမို ကရေစီတူဒေးသို့ အတည် ပြုပြော ကြားသည်။

ယင်းဖိတ်စာနှင့် ပတ်သက်၍ ညှိနှိုင်းမှုများပြုလုပ်နေပြီး သွား ဖြစ်ပါက နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်သာ သွားရောက်မည်ဖြစ် ကြောင်း ゞင်းကဆိုသည်။ "အခုက ညှိနှိုင်းနေတုန်း။ သွားဖြစ်မယ်ဆိုရင်တော့ နိုင်ငံ တော်သမ္မတကြီးပဲသွားမှာပါ" ဟု ၎င်းကပြောသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ ဒုတိယသက်တမ်းကျမ်းသစ္စာကျိန် ဆိုပွဲအခမ်းအနားကို မေ ၃၀ ရက် တွင် အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ကျင်းပမည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ်တစ်ခုနှင့် တိုက်နေသည့် အတွက် သွားရောက်နိုင်မည်မဟုတ် ကြောင်း ゞင်းကပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် လာမည့်ဇွန်လဆန်း ပိုင်းတွင် ချက်သမ္မတနိုင်ငံတော်၏ ဖိတ်ကြားမှုအရ တရားဝင်ခရီးစဉ် သွားရောက်ရန်လည်း ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၇ ခုနှစ်နောက်ပိုင်းတွင်ပထမ ဆုံးအကြိမ်အဖြစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပထမဆုံး အကြိမ်အဖြစ်အိန္ဒိယသို့ သွားရောက် ခဲ့ပြီး ၂၀၁၈ ခုနှစ်ဇန်နဝါရီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် အိန္ဒိယသို့ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ကာ အိန္ဒိယ-အာဆီယံထိပ်သီးအစည်းအဝေး သို့တက်ရောက်ခဲ့သည်။

HWA/Democracytoday