Print
News
Political
Hits: 9860

နေပြည်တော်၊ မေ ၂၈- ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအ ကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား မေ ၂၈ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အ တည်ပြုခြင်းဖြစ်သည်။ ပြည်ထောင်စုတရားစီရင်ရေး ဥပ ဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပ ဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်းက အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ် ကြားခဲ့သည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီ၏ လေ့လာတွေ့ရှိချက်သည် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိစေရန်အတွက် အဆိုပါပြ ဋ္ဌာန်းထားသည့် ဥပဒေကြမ်း အပိုဒ်(၂) ပုဒ်မ-၂၃၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့ ကို အောက်ပါအတိုင်း အစားထိုး ပြင် ဆင်သင့်ကြောင်း၊ ပုဒ်မ-၂၃(က) နိုင်ငံ တော်သမ္မတက ပြည်ထောင်စုတရားသူ ကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများအဖြစ် ရွေး ချယ်ခန့်ထားခြင်း ခံရသူများသည် စတင် တာဝန်မထမ်းဆောင်မီ ပြည်ထောင်စု လွှတ်တော်ရှေ့မှောက်မှာ ကျမ်းသစ္စာ (သို့မဟုတ်) ကတိသစ္စာပြုရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်သမ္မတက တိုင်းဒေ သကြီး (သို့မဟုတ်) ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်တရားလွှတ် တော် တရားသူကြီးများအဖြစ် ရွေးချယ် ခံထားရသူများသည် စတင် တာဝန်မထမ်း ဆောင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကျမ်းသစ္စာ (သို့မဟုတ်) ကတိသစ္စာပြုရမည်ဖြစ် ကြောင်း အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီဝင် ဦးအောင်သိန်းက ပြောသည်။

ပြည်ထောင်စု တရားစီရင်ရေးဥပ ဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပ ဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်က အတည်ပြုရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီ အ တွင်းရေးမှူး ဒေါက်တာမြတ်Óဏစိုးက အဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောထားရယူ၍ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အတည်ပြုရယူပြီး နောက် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် က အတည်ပြုရယူရန် ပြည်ထောင်စုတ ရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုး တင့်က လွှတ်တော်သို့ အဆိုတင်သွင်း ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးြွကယ်ြွကယ်က ထောက်ခံဆွေးနွေးပြီး ယင်းဥပဒေကြမ်းကို လွှတ်တော်ကိုယ် စားလှယ်များအား သဘောထားရယူရာ ကန့်ကွက်သူမရှိသည့်အတွက် အမျိုးသား လွှတ်တော်က သဘောတူ အတည်ပြု ကြောင်း ဆုံးဖြတ်ခဲ့သည်။

 

MO/Democracytoday