Print
News
Political
Hits: 9881

ရန်ကုန်၊ မေ ၇  / လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂ဝ ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ ဦးမျိုးကျော်က ပြောသည်။

နိုင်ငံတော်သမ္မတ၏လွတ် ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား ခြောက်ထောင်ကျော်ကို မေ ၇ ရက်တွင် ထပ်မံလွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး(AAPP)မှ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား ၄ဝ ဦးအ နက် ၂ဝ ဦးပြန်လွတ်ပြီဖြစ်ကြောင်း ဦးအောင်မျိုးကျော်က ပြောသည်။

''၂ဝ လွတ်ပြီ။ အတည်ပြုလို့ ရတာ ၂ဝ ပေါ့''ဟု ၎င်းကပြောသည်။

ကျန်အကျဉ်းသားများ လွတ်၊ မလွတ်ကို စောင့်ကြည့်နေဆဲဖြစ် ကြောင်း ဦးအောင်မျိုးကျော်ကဆိုသည်။ ယင်းအပြင် လွတ်ငြိမ်းသက် သာခွင့်တွင် NCA လက်မှတ်ရေး ထိုးထားသည့်အဖွဲ့သုံးဖွဲ့မှ တင်ပြထားသည့် လက်နက်ကိုင်အဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လည်လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။ လက်နက်မှု၊ မတရားအသင်း ဆက်သွယ်မှု စသည်ပုဒ်များဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် တပ်မတော်/ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA ၊ ရှမ်း ပြည်တပ်မတော်/ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA တို့သုံးဖွဲ့မှ တပ်ဖွဲ့ဝင် စုစု ပေါင်း ၃ဝ ဦးကို ပြန်လွှတ်ပေးရန် အဆိုပါသုံးဖွဲ့မှ တင်ပြထားခြင်း ဖြစ်သည်။

 

၎င်းတို့တင်ပြထားသည့် ၃ဝ ဦးတွင် နာမည်ထပ်နေသူ၊ ရှာမ တွေ့သူ၊ လွတ်မြောက်ပြီးသူများပါ ဝင်နေပြီး အတည်ပြု၍ရသည့် ၂၃ ဦးကို လွှတ်ပေးလိုက်ခြင်းဖြစ် ကြောင်း ဦးဇော်ဌေးကဆိုသည်။ ''၂၃ ဦးကို ပြန်လွှတ်ပေး လိုက်ပါတယ်။ သူတို့ကတော့ လက် နက်မှု၊ ၁၇(၁)လိုအမှုတွေပါ'' ဟု ၎င်းကပြောသည်။ သမ္မတ၏လွတ်ငြိမ်းသက် သာခွင့်စာရင်းတွင် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက် တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပါဝင်သည်ဟု သတင်းထွက်ခဲ့သော်လည်း လက်ရှိ အချိန်အထိ ပြန်လည်မလွတ်မြောက် သေးကြောင်း ရခိုင်အမျိုးသားပါ တီအထွေထွေအတွင်းရေးမှူး ဦး ထွန်းအောင်ကျော်က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

 

၎င်းတို့နှစ်ဦးအပေါ် လျော့ လျော့ပေါ့ပေါ့စဉ်းစားပေးရန်လည်း ဦးထွန်းအောင်ကျော်က တောင်းဆိုသည်။ ''သူတို့ပြောခဲ့တာတွေက ပါး စပ်နဲ့ပြောခဲ့တာတွေပါ။ သူ့အမြင်၊ ကိုယ့်အမြင် ဒီမိုကရေစီခေတ်မှာ ပြောခဲ့ကြဆိုခဲ့ကြတဲ့အခါ ကိုယ်ထိ လက်ရောက်လုပ်တာမှမဟုတ်တာ။ အဲဒါကြောင့် လျှော့လျှော့ပေါ့ပေါ့ တော့ဖြစ်စေချင်တယ်''ဟု ၎င်းက ပြောသည်။

HWA

#democracytoday