တာချီလိတ်၊ မေ ၁၀- ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံပိုင်ရေချောင်းအတွင်း ၌ ထိုင်းနိုင်ငံ မှရေသွယ်ယူခြင်းနှင့် ချောင်းဘေးတစ်လျှောက် မြေထိန်းနံရံများကာရံမှုကို ကန့်ကွက်လွှာ တင်ရန် မေ ၁၀ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။

""ထိုင်း-မြန်မာ မီးကြိုးသွယ်တန်းထားတဲ့ အောက်ထိုင်းဘက် ခြမ်းချောင်းဘေးမှာရှိတဲ့အိမ်ပိုင်ရှင်တွေက မြေထိန်းနံရံဖောင်ဒေးရှင်းပျက်နေတာတွေကို ပြန်ပြင်တယ်။  အဲဒီလိုပြင်တော့ ကျောက်တုံး၊ ကျောက်ခဲတွေက နှစ်ပေကျော် သုံး ပေလောက် အပြင်ထွက်လာတာပေါ့။ ဒီထက်ဆိုး တာက မြောင်းနှစ်ခုကိုရေသွယ်တန်းယူတယ်။ ကျွန်တော်တို့ဘက်ခြမ်းက ရေမရှိတော့ ဘူးလေ။ နှစ်နိုင်ငံကြား အသိပေးညှိနှိုင်း ဆောင်ရွက်ရမယ့် ကိစ္စကို သူတို့ဘက်က အသိမပေးတော့။ ဒါတွေကို လည်း နယ်ခြားကော်မတီကတစ်ဆင့် အဆင့်ဆင့် တင်ပြသွားဖို့ရှိပါတယ်""ဟု ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းအောင်က ပြောကြားသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံပိုင် ရေချောင်းအတွင်း၌ ထိုင်း နိုင်ငံမှ နှစ်နိုင်ငံတာဝန်ရှိသူများအား အသိပေးခြင်း မရှိဘဲ ゞင်းတို့၏ အစီအစဉ်ဖြင့် ရေသွယ်ယူခြင်း နှင့်မြေထိန်းနံရံ ဖောင်ဒေးရှင်းများပြုပြင်နေကြောင်း သတင်းအရ တာချီလိတ်မြို့နယ်ဒုတိယအုပ်ချုပ် ရေးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများက မေ ၉ရက် ညနေပိုင်းတွင် သွားရောက်စစ်ဆေးရာ ရေစုပ်စက်ဖြင့် အောက်ခြေရှိကျောက်တုံး၊ ကျောက် ခဲများအား ဖယ်ထုတ်ပြီး မြေထိန်းနံရံကို ချောင်း အတွင်း သုံးပေခန့် ဆောက်လုပ်နေသည်။ ထို့ပြင် ချောင်းတစ်လျှောက် လိုက်လံစစ်ဆေးရာတွင် မယ် ဆိုင်ဘက်သို့ ရေမြောင်းနှစ်ခု ရေသွယ်ယူထား သဖြင့် မယ်ဆိုင်ချောင်းအတွင်း ရေစီးဆင်းခြင်း မရှိတော့ဘဲ ရေချောင်းအောက်ဘက်ရှိ မြန်မာ တောင်သူများ စိုက်ပျိုးရေးအတွက် ရေအခက်အခဲ များ ကြုံတွေ့ဖွယ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

နယ်နိမိတ်ချောင်းနှင့်ပတ်သက်၍ လုပ်ဆောင် မှုများကို နှစ်နိုင်ငံကြား အသိပေးညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံက အသိ မပေးဘဲ လုပ်ဆောင်ထားမှုများကို မြန်မာဘက် ခြမ်းက မေ ၉ရက်တွင် တွေ့ရှိရသဖြင့် ကန့်ကွက် လွှာတင်ရန် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးဦးမြင့် နိုင်နှင့်အဖွဲ့က မေ ၁၀ ရက်တွင် ထပ်မံစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

TT
#Democracytoday