Print
News
Political
Hits: 8887

ရန်ကုန်၊ မေ ၁၁ - သရုပ်ဆောင် မိုးအောင်ရင် နှစ်အနည်းငယ်သာ ပြစ်ဒဏ်ကျခံရပြီး လွတ်ငြိမ်းခွင့်ရ သလို အခြားထောင်ကျနေဆဲ မူး ယစ်အကျဉ်းသားများကိုလည်း ပြန် သုံးသပ်ပေးရန် မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်၊ အဖွဲ့ဝင်ဦးယုလွင်အောင်က မေတ္တာ ရပ်ခံလိုက်သည်။ မေ ၁၁ ရက်က ဥမခ့ငိ ဟို တယ်တွင်""အကျဉ်းထောင်စနစ်ပြု ပြင်ပြောင်းလဲရေး"" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ီဠြ ီန ဘအေန ၌  ၎င်းက မေတ္တာရပ်ခံခြင်း ဖြစ်သည်။

""မိုးအောင်ရင်က ပုဒ်မ ၁၉ နဲ့ ထောင်ကျနေသူဖြစ်တယ်။ မူးယစ် ဆေးဝါးကို လက်ဝယ်တွေ့ရှိတဲ့ထဲ မှာ ပမာဏနည်းနည်းများတဲ့ အ တွက်ကြောင့် ပုဒ်မ ၁၉နဲ့ ထောင် ကျတယ်။ သူ့သည် ထောင် ၁၇ နှစ် ကျတယ်။ နေတာက နှစ်နှစ်ပဲရှိ သေးတယ်။ အခုသူ့လွတ်သွားတယ်။ သူ့ထက် အပြားအရေအတွက် လည်းနည်းတယ်။ ထောင်ကျတဲ့ ပမာဏကလည်း နည်းတယ်။ ၁၇ နှစ်သမားက နှစ်နှစ်နေပြီး လွတ် သွားတယ်။ ဆယ်နှစ်သမားက သုံး နှစ်နေပြီး မလွတ်သေးဘူး။ အဲ့ဒီ ပေါ်မှာ မကျေနပ်ချက်တွေ။ မိုး အောင်ရင်လို လွတ်ချင်တာပေါ့ "" ဟု ၎င်းကပြောသည်။
ယင်းအပေါ် ပြန်သုံးသပ်ပေး ရန် မေတ္တာရပ်ခံကြောင်း ゞင်းက ပြောသည်။

မေတ္တာရပ်ခံမှုအပေါ် သဘော တူကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက လက် ခံဆွေးနွေးသည်။


""အခုလက်ရှိဖြစ်စဉ်ကလည်း ဒီအပေါ်မှာ အခြေအနေကွဲပြား ပြီးတော့ ကျန်ခဲ့တဲ့လူတွေရှိတယ်။ အဲ့လူတွေကလည်း သူတို့ရဲ့လွတ် မြောက်ချင်တဲ့ ဆန္ဒကြောင့်ဖြစ် ပေါ်လာတာပေါ့။ တစ်ဖက်က လည်း နိုင်ငံတော်သမ္မတကြီးနဲ့ ဒီ ကိစ္စတွေကို စီစဉ်ဆောင်ရွက်တဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဒီလို ပေါ်ပေါက်လာတဲ့ အကြောင်းရင်း တွေမှာ ပြန်လည်သုံးသပ်ပြီးတော့ ဘာလုပ်ပေးမလဲဆိုတာ ဆောင် ရွက်ပေးနိုင်ပါတယ်""ဟု ၎င်းက ပြောသည်။

ဦးယုလွင်အောင်က""ဖြစ်နေ တဲ့ ပြဿနာကို လေ့လာလိုက်တဲ့ အခါ ဘာသွားတွေ့လဲဆိုတော့ အ ရင်ဆုံး မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူက ပုဒ်မ ၁၅ နဲ့ထောင်ကျတာ ရှိတယ်။ ၂၀၁၈ ခုနှစ်မှာ ဒီဥပဒေ ကို ပြန်လည်ပြုပြင်လိုက်တဲ့အခါ ပုဒ်မ ၁၅ နဲ့လူတွေဟာ လူမှုရေး ပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ သတ်မှတ် ချက်ကြောင့် ထောင်မကျတော့ ဘူး။ သို့သော်အဲဒီဥပဒေမပြဋ္ဌာန်း ခင် အရင်တုန်းက ထောင်ကျခဲ့တဲ့ လူတွေရှိပါတယ်။ ဒီဥပဒေအရ အကျုံးမဝင်တဲ့အတွက်ကြောင့် မရ ဘူးဆိုတာလက်ခံတယ်။ လွတ်ငြိမ်း သက်သာခွင့်ပေးတဲ့အခါမှာသူတို့ မျှော်ကြတယ်။ လွတ်ငြိမ်းသက်သာ ခွင့်ပေးတဲ့နေရာမှာတော့ ထည့်သွင်း စဉ်းစားစေချင်တာပေါ့။ မပါတဲ့အ တွက်ကြောင့်မို့ မကျေနပ်ကြလို့ ယူဆပါတယ်""ဟု ပြောသည်။

ယခု ၂၀၁၉ ခုနှစ် လွတ်ငြိမ်း သက်သာခွင့်များတွင် မူးယစ်ဆေး ဝါး ၃၀ ဂရမ်အောက် လက်ဝယ် တွေ့ရှိမှု မူယစ်ပုဒ်မ ၁၆ ဖြင့် ပြစ် ဒဏ်ကျခံရသူများစွာပါခဲ့ကြောင်း၊ ၃၀ ဂရမ်နှင့် ၃၀ ဂရမ်ကျော်သွား ပါက ရောင်းချရန် လက်ဝယ်ဆောင် ထားမှုပုဒ်မ ၁၉ ဖြစ်သွားကြောင်း၊ နှစ်ပြားပိုသွား၍ ပြစ်ဒဏ်များသွား ခြင်းကိုလည်း ထည့်သွင်းစဉ်းစား စေချင်ကြောင်း ၎င်းကပြောသည်။

""နောက်တစ်ခုက ပုဒ်မ ၁၆ လက်ဝယ်နဲ့အတူတူ ထိုင်နေမိတဲ့ အတွက်ကြောင့် အားပေးကူညီသူ ၂၁နဲ့ ထောင်ကျတာရှိတယ်။ မူး ယစ်ဆေးဝါးလည်း မသုံးဘူး။ သူ့ ဘေးနားမှာ ထိုင်လိုက်မိတဲ့အတွက် ပုဒ်မ ၂၁ နဲ့ကပ်ပြီး ထောင်ကျတဲ့ ပုဂ္ဂိုလ်ရှိတယ်။ ဟိုလူတွေကလွတ် သွားတယ်။ ဒီလူတွေကမလွတ်နိုင် တော့ဘူး။ ဒါတွေကြောင့် တောင်း ဆိုကြတယ်လို့ ယူဆပါတယ်""ဟု ၎င်းက ဆက်လက်ပြောသည်။

လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် အကျဉ်းထောင် ၄၄ ခုတွင် ၅၆ ကြိမ်စစ်ဆေးခဲ့ပြီး အ ချို့ထောင်များသို့ လေးကြိမ်၊ ငါး ကြိမ်ထက်မနည်း ရောက်ဖူးကြောင်း၊ အကျဉ်းစခန်း ၅၀ ခုတွင် ၄၈ ခု စစ်ဆေးပြီးဖြစ်ကြောင်း ဦးယုလွင် အောင်က ပြောသည်။
ပြီးခဲ့သည့် မေ ၇ရက်စွဲဖြင့် နိုင်ငံတော်သမ္မတအမိန့်ဖြင့် တတိ ယအကြိမ် လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် သရုပ်ဆောင်မိုးအောင် ရင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

သရုပ်ဆောင် မိုးအောင်ရင် ကို၂၀၁၈ ခုနှစ် နိုဝင်ဘာ၂၆ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးမှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုပုဒ်မများဖြင့် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး ဒီ ဇင်ဘာ ၁၂ ရက်တွင် အရှေ့ပိုင်း ခရိုင်တရားရုံးက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုပုဒ်မ ၁၉(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့သည့်အတွက် ပြစ်ဒဏ်နှစ် ရပ်ပေါင်း ထောင်ဒဏ် ၁၇နှစ် ကျခံ ခဲ့ရသူဖြစ်သည်။

WYHW
#Democracytoday