စစ်တွေ၊ မေ ၁၁ - တိုက်ပွဲများ ကြောင့် ဒေသမတည်မငြိမ်ဖြစ်နေ သည့် ရခိုင်ပြည်နယ်ကို တည်ငြိမ် အေးချမ်းစေရန်အတွက် နည်းလမ်း ပေါင်းစုံဖြင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုက ပြောကြားလိုက် ကြောင်း သိရသည်။
မေ ၁၀ ရက်ည ၇ နာရီခန့် က စစ်တွေရှိ အစိုးရဧည့်ရိပ်သာ တွင် ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းရေးကော်မတီနှင့် သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ဝန်ကြီး ချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

""ရခိုင်ပြည်နယ်တည်ငြိမ်ရေး အတွက် နည်းလမ်းပေါင်းစုံနဲ့လုပ် သွားမယ်။ တွေ့ဆုံဆွေးနွေးတဲ့နည်း လမ်းနဲ့လုပ်လို့ရရင် တွေ့ဆုံဆွေး နွေးရေးနည်းလမ်းနဲ့လုပ်မယ်။ ညှိ နှိုင်းတဲ့ကိစ္စနဲ့လုပ်လို့ရရင် ညှိနှိုင်း ကိစ္စနဲ့လုပ်မယ်။ နည်းလမ်းပေါင်း စုံနဲ့လုပ်မှာပါ"" ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကပြော သည်။

 

လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အစိုးရနှင့်တွေ့ဆုံဆွေးနွေး ရေးကို ပြည်ထောင်စုအဆင့်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့်အတွက် ငြိမ်း ချမ်းရေးလိုလားသည့် လက်နက် ကိုင်အဖွဲ့အနေဖြင့်လည်း အစိုးရ နှင့်တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက် တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့်ဘူးသီးတောင်စသည့် မြို့နယ် ခုနစ်မြို့နယ်တွင် တိုက်ပွဲများဖြစ် ပွားနေမှုကြောင့် သံသယဖြင့်ဖမ်းဆီး ခံရစဉ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုများလည်း ဖြစ်ပေါ် လျက်ရှိသည်။

အဆိုပါသေဆုံးမှုဖြစ်စဉ်များ ကို အဖြစ်မှန်စုံစမ်းစစ်ဆေးမည့် အခြေအနေရှိ၊ မရှိ သတင်းထောက် များက မေးမြန်းသည့်အခါ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယ ဝန်ကြီးလည်းဖြစ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြုကော်မတီ အတွင်းရေးမှူး လည်းဖြစ်သည့် ဦးတင်မြင့်က ဥပ ဒေနှင့်အညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် စစ်ဘေးရှောင်ကယ်ဆယ် ရေးစခန်း ၉၄ ခုတွင် စစ်ဘေးရှောင် ဦးရေစုစုပေါင်း ၂၉၀ဝ၀ ကျော်ရှိ နေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ စာရင်းများအရ သိရသည်။

GC


#Democracytoday