ရန်ကုန်၊ အောက်တိုဘာ ၂၃-ဗစ် တိုးရီးယားအမှုမှ စွပ်စွဲခံ အောင် ကြီးသည် လိင်အကြမ်းဖက်မှုကျူး လွန်ခဲ့ခြင်းမရှိဟု Wisdom Hill မူကြိုကျောင်းဆရာမဒေါ်နီလာ အေးက ထွက်ချက်ပေးခဲ့ပြီး အောင်ကြီး၏ အာမခံလျှောက် ထားမှုကို တရားရုံးကပယ်ချလိုက် ကြောင်း သိရသည်။



အောက်တိုဘာ ၂၃ ရက်က နေပြည်တော် ဒက္ခိဏခရိုင်တရား ရုံး၌ ကိုးကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill  မူကြိုကျောင်း ဆရာမဒေါ်နီလာအေးကို တရား လိုပြသက်သေအဖြစ် စစ်ဆေးရာ တွင် ၄င်းကယင်းကဲ့သို့ထွက်ဆိုခဲ့ ခြင်းဖြစ်သည်။

တရားလိုပြသက်သေ မူကြို ကျောင်းဆရာမဒေါ်နီလာအေးက  ဗစ်တိုးရီးယားကလေးငယ်နှင့်တစ် ချိန်လုံးရှိနေကြောင်း၊  စွပ်စွဲခံရှေ့ နေက ပြန်လှန်မေးမြန်းရာတွင် လည်း အောင်ကြီးသည် မူကြိုကျောင်း  ဇ-၁၄ အဆောင်တွင်ရှိနေသည့် တစ်လျှောက်လုံးမှာ ကျောင်းခန်း ရှေ့ဆိုဖာထိုင်ခုံတွင် ထိုင်နေခဲ့သည် ကိုမြင်ကြောင်း သက်သေက ဆက် လက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အောင်ကြီး၏ရှေ့နေတစ်ဦး ဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က "ဆရာမလေး က ထွက်သွားတာက တစ်ချိန် လုံး ကလေးလေးတွေက သူတို့ဆရာမ သုံးယောက်မှာ တစ်ယောက်မဟုတ် တစ်ယောက်နဲ့ အနီးကပ်ကြည့်ရှု စောင့်ရှောက်နေ တဲ့အတွက် အောင် ကြီးက လုံးဝ ဒီကလေးကို အနိုင်ကျင့် မှုကျူးလွန်ခြင်းမရှိဘူးဆိုတာ ပိုပြီးတော့ အောင်ကြီး အတွက်ခိုင်မာ သွားတယ်။ သက်သေ ကိုယ်တိုင်က ကိုအောင်ကြီးမကျူး လွန်ဘူးလို့ပြောတယ်။ ဒီနေ့အ ချိန်ထိထွက်ထားတဲ့ သက်သေထွက် ချက်တွေအကုန်လုံးက အောင်ကြီး ပါလို့ တစ်ယောက်မှမထွက်ဘူး။ လောလောဆယ် ကျောင်းကလည်း အောင်ကြီးမဟုတ်ဘူး။ ကျောင်း က ဆရာမကလည်း အောင်ကြီး မဟုတ်ဘူးထွက်တယ်။ ဗစ်တိုးရီး ယားကလည်း အောင်ကြီးမဟုတ် ဘူးပြောတယ်။ ဆက်စပ်တဲ့စစ်ပြီး တဲ့သက်သေတွေကလည်း အောင် ကြီးပါလို့ တစ်ဦးမှမရှိဘူး" ဟု မီဒီ ယာများကိုပြောသည်။

ယနေ့ရုံးချိန်းတွင် စီစီတီဗွီ ဟတ်ဒစ်ကိုင်သည့် ကိုရန်နောင် ဌေးကို စွပ်စွဲခံအောင်ကြီးဘက်မှ မေးမြန်းရန် ကျန်ရှိသေးကြောင်း ゞင်းကပြောသည်။

"သူကစီစီတီဗွီမှတ်တမ်းရိုက် တဲ့ ဗီဒီယိုမှတ်တမ်းအကုန်လုံးက ဒီဟတ်ဒစ်ထဲမှာ သိမ်းဆည်းထား တာ။ အဲ့ဒီဟတ်ဒစ်က စက်ထဲ မှာ ထည့်ထားတယ်။ အဲ့ဒီစက်နဲ့ဒီနေ့ ယူလာတဲ့မန်မိုရီစတစ်တို့ တိုက် ဆိုင်စစ်ဆေးဖို့ ဥပဒေအရာရှိက တရားရုံးကို လျှောက် တယ်။ ကျွန်မ ဘက်ကသေချာအောင်လို့ စက်နဲ့ တိုက်မယ်ဆိုရင် ကန့်ကွက်ရန်မ ရှိဘူး။ တိုက်ဆိုင်စစ်ဆေးပါလို့ ပြောတဲ့အတွက် ရုံးကလည်းတိုက် ဆိုင်စစ်ဆေးမယ်။ ဒီဟတ်ဒစ်ကို လည်း ရုံးကလောလောဆယ်သိမ်း ဆည်းထားမယ်လို့ ခွင့်ပြုလိုက် တယ်။ နောက်အပတ်မှာ ဟတ်ဒစ် နဲ့စတစ်ကို ဖွင့်ပြီးတော့ တိုက် ဆိုင်စစ်ဆေးမယ် " ဟု ၄င်းက ထပ် မံပြောသည်။

တရားလိုပြသက်သေကို စစ် ဆေးပြီးနောက် အောင်ကြီး၏ အာ မခံလျှောက်ထားမှုအပေါ် တရား ရုံးက အမိန့်ချမှတ်ပြီး အမှုအပေါ် ကြိုတင်ဆုံးဖြတ်ရာရောက်နိုင်  သည်ဟု အာမခံလျှောက်ထားမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

အောင်ကြီး၏ ရှေ့နေ၊ တရား လွှတ်တော်ရှေ့နေ ဦးခင်မောင် ဇော်က "အာမခံလျှောက်ထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ကတော့ အာ မခံရုံးက မပေးပါဘူး။ မပေးတာ က တရားသူကြီးရဲ့ သဘောထား မှတ်ချက်က အမှုအရည်အသွေး ကို ကြိုတင်ပြီးတော့ ဆုံးဖြတ်ရာ ရောက်မှာဖြစ်တဲ့အတွက်ကြောင့် မပေးဘူးလို့ ပြောပါတယ် " ဟု မီဒီ ယာများကို ပြောသည်။

စွပ်စွဲခံအောင်ကြီးကို အာ မခံ ပေးသင့်၊ မပေးသင့် ဆုံးဖြတ် ရာတွင် တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇၊ အပိုဒ် (၁) အရ သုံးသပ်မှုများ ရှိကြောင်း ၄င်းကပြောသည်။

"ပုဒ်မ ၄၉၇၊ အပိုဒ် ၂ နဲ့ မရရင်လည်း ရာဇဝတ်ကျင့်ထုံး ဥ ပဒေအရ ရသလောက်သက်သေ အရပင် အမှုအကြောင်းအရာမ ပေါ်ပေါက်ရင် တရားရှင်လွှတ်လို့ ရတဲ့ ပြဋ္ဌာန်းချက်လည်း ရှိနေသေး တယ်။ ကျွန်တော်တို့ဘာလုပ်လုပ် ပေါ့။ ဒီအမိန့်ကို အပေါ်တက်လို့ရ တယ်။ ထပ်ပြီးတော့ တစ်ယောက် နှစ်ယောက်စစ်ပြီးအခါ အခုဆရာမ လေးရဲ့ထွက်ချက်ပေါ့။ ဆရာမလေး ရဲ့ပြောသွားတဲ့စကားအရဆို နောက် ထပ်သက်သေကျောင်းမှာရှိနေတဲ့ သက်သေတွေ ထပ်စစ်လိုက်တဲ့ အခါ ဒီတိုင်းပဲလာမယ်ဆိုရင်ဒီကြား ထဲမှာ တရားရှင်လွှတ်ဖို့လျှောက်နိုင် တဲ့အနေအထားရှိတယ် " ဟု ၄င်းက ထပ်မံပြောသည်။

အောင်ကြီးနစ်နာမှုရှိပါက ဥပဒေကြောင်းအရသွားရန် စဉ်း စားထားကြောင်း အောင်ကြီး၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

"မတရားတစ်ခု မတော်မ တရားမှုရှိရင် ကုစားမှုရှိတယ် " ဟု ၄င်းက ပြောသည်။

အောင်ကြီး၏ ဖခင်က  " ဒီ တစ်ပတ်မှာ တရားသူကြီးဆုံးဖြတ် ချက်နဲ့အာမခံရမယ်လို့ ထင်တယ်။ အဓိကသက်သေ ဒေါ်နီလာအေး က သက်သေခံလာထွက်သွား တယ်။ သူ့ပြောသွားတဲ့ စကားအရ ဝင်တဲ့အချိန်ကနေ ထွက်တဲ့အချိန် ထိ ဆိုဖာခုံပေါ်မှာပဲ ထိုင်နေတယ်။ အောင်ကြီးနဲ့မသက်ဆိုင်ဘူး။ မငြိ ဘူးပေါ့။  ရှေ့အရင်ကလည်း ဗစ်တိုးရီယားကလေးကလည်း အောင်ကြီးကိုမသိဘူး။ အောင်ကြီး ပုံပြတော့ မသိဘူးပေါ့။ ကျန်တဲ့ သက်သေတွေကလည်း ငြိစွန်းမှု မရှိဘူး။ အဲ့ဒီအတွက် ဒီအပတ်ကို အာမခံရမယ်လို့ မျှော်လင့်တယ်။ အာမခံမရတဲ့အတွက် စိတ်မကောင်း ပါဘူး " ဟု ပြောသည်။

အောင်ကြီးမှာ အမှုကို ကျူး လွန်ခြင်းမရှိသဖြင့် လွတ်မြောက် ချင်ကြောင်း ゞင်းကပြောသည်။

ပြီးခဲ့သည့်  စက်တင်ဘာ၂၄ ရက် နေပြည်တော် ဒဏ္ခိဏခရိုင် တရားရုံး၌ ခုနစ်ကြိမ်မြောက်ရုံး ချိန်းတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ
ပုဒ်မ ၄၉၇၊ အပိုဒ် ၂ အရ ပြစ်မှု မငြိစွန်းဟုဆိုကာ အောင်ကြီး၏ ရှေ့နေက အာမခံလျှောက်ထားခဲ့ ခြင်း ဖြစ်သည်။

အမှုကို နိုဝင်ဘာ ၆ ရက်သို့ ချိန်းဆိုခဲ့ပြီး ကိုရန်နောင်ဌေးနှင့် Wisdom Hill မူကြိုကျောင်း ဆရာမနှစ်ဦးကို စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။

တစ်နိုင်ငံလုံး စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည် နေပြည် တော် သပြေကုန်းရပ်ကွက်ရှိ Wisdom Hill  ပုဂ္ဂလိကမူကြို ကျောင်းတွင် တက်ရောက်ခဲ့သည့် အသက်သုံးနှစ်ခန့်အရွယ် မူကြို ကျောင်းသူတစ်ဦး ပြီးခဲ့သည့် မေ ၁၆ ရက်က လိင်ပိုင်းဆိုင်ရာမဖွယ် မရာပြုလုပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

အမှုမှ တရားခံဟု စွပ်စွဲခံ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီးကို ဇူလိုင် ၄ ရက်က နေပြည်တော် ဒဏ္ခိဏခရိုင် တရား  ရုံးတွင် မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် တ ရားစွဲတင်ခဲ့သည်။

အမှုတွင် အဓိကသက်သေ များဖြစ်သည့် ဗစ်တိုးရီးယား ကလေး ငယ်၊ ၄င်း၏မိဘနှစ်ပါးနှင့်အဘွား တို့ကို စစ်ဆေးပြီးပြီဖြစ်သည်။

WYHW,MP/Democracytoday