ရန်ကုန်၊ အောက်တိုဘာ ၂၃- လေးနှစ် ပြည့်ပြီဖြစ်သည့် NCA စာချုပ်၏အကျပ် အတည်းကို ပြန်လည်ဆန်းစစ်ရန် လိုအပ် ကြောင်း RCSS  အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းငင်း က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၃ ရက်မှ စတင်ကျင်းပနေ သည့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ (၂၈) ကြိမ် မြောက် NCA-S EAO UPDJC  အစည်း အဝေးတွင် NCA-SEAO UPDJC  အဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းငင်းက အဖွင့်အမှာစကား ပြောကြား ရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ယခုအစည်းအဝေးတွင် ရှေ့မတိုးသာ ဖြစ်နေသည့်အခြေအနေကို စေ့စေ့စပ်စပ် သုံးသပ်ရမည်ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

"ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေး နွေးမှုပူးတွဲကော်မတီ့ UPDJC  ဟာ NCA စာချုပ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ယန္တရားတစ်ခု ဖြစ်တဲ့အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး၊ မအောင်မြင်ရေးဟာ့ UPDJC  ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကြီး ကြပ်လမ်းညွှန်မှု၊ သမာသမတ်ကျမှု၊ လုပ် ငန်းဆောင်ရွက်မှုတို့အပေါ်မှာ အများကြီး မူတည်နေ ပါတယ်။ ဒီအစည်းအဝေးမှာ ရှေ့မတိုးသာဖြစ်နေတဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ စေ့စေ့စုံစုံ သုံး သပ်ရမှာ ဖြစ်သလို တိုက်ပွဲများရပ်တန့်နိုင် ရေးအတွက် ဝိုင်းဝန်းနည်းလမ်း ရှာရမှာ ဖြစ်ပါတယ်။ လေးနှစ်တင်းတင်းပြည့်ပြီဖြစ်
တဲ့ NCA ရဲ့ အောင်မြင်မှု၊ စိန်ခေါ်မှုနဲ့ အခက်အခဲအကျပ်အတည်းများကို ပြန် လည်ဆန်းစစ်ဖို့လိုအပ်ပါတယ် "ဟု ၄င်းက ပြောသည်။

လာမည့်နှစ်အတွက် NCA- SEAO UPDJC ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ် သက်၍ လိုအပ်သည့် ဘတ်ဂျက်အဆိုပြု ချက်နှင့် အရေးကြီးအကြောင်းအရာများ နှင့်ပတ်သက်၍ လက်ရှိအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။

နေပြည်တော်တွင် ကျင်းပမည့် NCA လေးနှစ်ပြည့် အခမ်းအနားအလွန် နိုင်ငံ ရေး၊ ငြိမ်းချမ်းရေးအခင်းအကျင်းများကို ထည့်တွက်စဉ်းစားကာ ရှေ့ဆက်လုပ် ငန်း စဉ်ကို ချမှတ်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ချောမောစွာ ရှေ့ဆက်သွားနိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးများအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လည်း ၄င်းက တိုက် တွန်းသည်။

လာမည့် အောက်တိုဘာ ၂၈ ရက်၌ နေ ပြည်တော်တွင် NCA လေးနှစ်ပြည့်အခမ်း အနား ကျင်းပသွားမည်ဖြစ်သည်။  

HWA/Democracytoday