ရန်ကုန်၊ စက်တင်ဘာ ၃၀- မိမိ တို့နိုင်ငံရင်ဆိုင်နေရသည့် နိုင်ငံ ရေးအခက်အခဲ၊ အကျပ်အတည်း များကို နိုင်ငံဘက်မှရပ်တည် ဆောင်ရွက်ပေးခဲ့သည့် တရုတ်နိုင် ငံကို ကျေးဇူးတင်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောကြားသည်။


စက်တင်ဘာ ၂၉ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူ ထောင်ခြင်းနှစ် (၇၀)ပြည့်ကို ဂုဏ် ပြုခြင်းနှင့် တရုတ်လုပ်ငန်း ရှင် များအသင်း၏ နှစ်ပတ်လည်ဧည့် ခံပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းတက်ရောက်ခဲ့ပြီး အဖွင့် အမှာစကားပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြား သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့နိုင်ငံနဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆက်ဆံခဲ့တဲ့ နှစ် ၇၀ ကာလထဲမှာ အနိမ့်အမြင့် အတက်အကျတွေ များစွာရှိခဲ့ပါ တယ်။ မည်သို့ပင်ဆိုစေ ကျွန်တော် တို့နိုင်ငံနှစ်ခု ရဲ့ရင်းနှီးမှုကတော့ အားကောင်းခိုင်မာဆဲပဲဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးမှာ တရုတ်ပြည်သူ့ သမ္မ တနိုင်ငံက မြန်မာနိုင်ငံကိုအဘက် ဘက်ကနေ အားပေးထောက်ခံ ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ကြောင်းပြောလိုပါ တယ်။

ကျွန်တော်တို့မြန်မာနိုင်ငံ ကြုံဆုံနေရတဲ့ နိုင်ငံရေးအခက်အ ခဲတွေအားလုံးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ကြိုးပမ်းဆောင် ရွက်ပေးမှု၊ အားပေးကူညီမှု၊ ကျွန် တော်တို့နိုင်ငံအတွက် ရပ်တည်  ဆောင်ရွက်ပေးမှုတို့အတွက် အထူး ပဲ ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်" ဟုရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ပြောကြားသည်။

အဆိုပါအခမ်းအနားသည်တရုတ်နိုင်ငံလုပ်ငန်းရှင်များ အသင်း ၏ တရားဝင်မှတ်ပုံတင်ခြင်းနှင့် အသင်း ၏လုပ်ဆောင်ချက်များကို စတင်လုပ်ဆောင်သည့် ဒုတိယ မြောက်နှစ်လည်းဖြစ်ကြောင်း လက်ရှိတွင် နှစ်နိုင်ငံအစိုးရအဖွဲ့၏လမ်းညွှန်ချက်များဖြင့် တရုတ်လုပ် ငန်းရှင်များအသင်းနှင့် မြန်မာနိုင် ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကာ
မြန်မာ-တရုတ်စီး ပွားရေးလုပ်ငန်းရှင်များအသင်း ကို ထူထောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ATK/Democracytoday