Print
News
Political
Hits: 12414

ရန်ကုန်၊ စက်တင်ဘာ ၂၈ - မြန်မာနိုင်ငံအနေနှင့် ဖွံ့ဖြိုးတိုး တက်နေသည့် အိမ်နီးချင်းနိုင်ငံ များနှင့် လက်တွဲဆောင်ရွက် နိုင်လျှင် ငြိမ်းချမ်းရေးရရှိနိုင် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောသည်။



ရန်ကုန်မြို့ တာမွေမြို့ နယ်ရှိ SKY STAR HOTEL တွင် စက်တင်ဘာ ၂၇ ရက် ညပိုင်း က ပြုလုပ်သည့် မြန်မာ-အိန္ဒိ ယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)ချစ်ကြည်ရေးညစာ စားပွဲအခမ်းအနား၌ ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက အ ထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့်ဒီမိုကရေစီနိုင်ငံတော်ကြီးခိုင်မာအောင်ကြိုးပမ်းဆောင်ရွက် နိုင်စေရန်အိမ်နီးချင်းနိုင်ငံကြီးများ နှင့် စီးပွားရေး၊ လူမှုရေးနှင့်နိုင်ငံ ရေးနယ်ပယ်အသီးသီးတွင် ပူး ပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာ အခြေအနေအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့ရတဲ့အခြေအနေ တွေရှိပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့နောက်ကျခဲ့ မှုကနေ နည်း ပညာဖွံ့ဖြိုးတိုးတက်မှုတွေကိုကြည့် ပြီး ကျွန်တော်တို့နဲ့ဖွံ့ဖြိုးတိုးတက် နေတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့လက် တွဲဆောင်ရွက်နိုင်မယ်ဆိုရင် နံ ပါတ်တစ်ငြိမ်းချမ်းရေးကို ရရှိ အောင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးနဲ့အတူ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်းဆောင်ရွက် သွားနိုင် မှာဖြစ်ပါတယ် " ဟု ၄င်း ကပြောသည်။  

MICA ချစ်ကြည်ရေးအခမ်းအနားကျင်းပစဉ် ။ ဓာတ်ပုံ - TTMT



မြန်မာနိုင်ငံသည် အိန္ဒိယ နှင့်တရုတ်ကဲ့သို့ လူဦးရေအရ၊ ဖွံ့ ဖြိုးတိုးတက်မှုအရ၊ နည်းပညာအရ  အရှိန်အဟုန်ဖြင့် အားကောင်းနေ သည့် နိုင်ငံကြီးနှစ်ခု၏ ကြားတွင်  တည်ရှိနေပြီး ထိုနှစ်နိုင်ငံနှင့်ပေါင်း စည်းမိပြီဆိုပါက အာဆီယံဝင်ပေါက် သည် မြန်မာနိုင်ငံဖြစ်လာမည်ဟု လည်း ဝန်ကြီးချုပ်ကပြောသည်။

မြန်မာနိုင်ငံတွင်းရှိစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ၊တရုတ် ကုန်သည်ကြီးများအသင်းတို့ ပူး ပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းသည်။

"အိန္ဒိယ-မြန်မာ သံတမန် ဆက်ဆံရေးကိုလည်း ပိုမိုကောင်း မွန်အောင် ဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုး တက်ရေး၊ ကျွန်တော်တို့နိုင်ငံရဲ့  ငြိမ်းချမ်းရေး၊ ကျွန်တော်တို့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကနေဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ဆက်ဆောင် ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီ အခြေအနေတွေအားလုံး ကျွန်တော် တို့အားလုံး အတူတကွဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်"  ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်  ပြည်သူ့သမ္မတနိုင်ငံနှင့် ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးမှ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်ရေးအထိ တက်လှမ်းဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့်လည်း နယ်စပ်ဒေသ ကုန်သွယ် ရေးကဏ္ဍ နယ်ပယ်အသီးသီးနှင့်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု များကို တိုးမြှင့်ဆောင်ရွက်နိုင် သောအခြေအနေ ရှိနေပြီဖြစ် ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောသည်။

TTMT/Democracytoday