နေပြည်တော်၊ စက်တင်ဘာ ၂၈ -စစ်ဖြစ်မှ အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူမည် လားဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုလိုက်သည်။



စက်တင်ဘာ ၂၈ ရက် နေပြည်တော် တပ်မတော်စစ် သမိုင်းပြတိုက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ပြောတယ်။ ဥပဒေစိုးမိုးရေး ဘာလုပ် မှာလဲ။ နိုင်ငံတကာအခြေအနေနဲ့ပတ်သက်ပြီး ဘာလုပ်မှာလဲ။ ဒါနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်လုံခြုံရေးအတွက် ဘာဥပ ဒေတွေပြဋ္ဌာန်းမှာလဲ။ ဘယ်လိုလူတွေတော့ တို့နိုင်ငံထဲ အဝင်ခံလို့ မရဘူး။ ဘယ်လိုလူတွေတော့ ဥပဒေအရ ဘယ်စည်းကမ်း တွေဖောက်ဖျက်လို့မရဘူး။ ဒါကို ဥပဒေပြုအဖွဲ့အစည်းတွေက နိုင်ငံတော်ရဲ့လိုအပ်ချက်ပေါ်ပေါက်လာတဲ့အခြေအနေ မှန်သမျှ ဆောင်ရွက်ရမယ်။ အဲဒီအတွက် ဘယ်သူဆုံးဖြတ်ပေးမှာလဲ။ ကျွန်တော်တို့အခြေခံဥပဒေမှာ ဖော်ပြထားပြီးသား။ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ။ သူတို့က ဒီကာ/လုံခေါ်တဲ့ ဒီအဖွဲ့အစည်းက စစ်ဖြစ်တော့မှ လုပ်မှာလား။ အကြောင်းအရာ တစ်ခုခုဖြစ်ပေါ်မှ လုပ်မှာလား "
ဟု ၄င်းကဆိုသည်။

အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီသည် အမြဲတမ်းသုံးသပ်နေပြီး နိုင်ငံတကာအခြေအနေများကို စောင့် ကြည့်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အလားအလာ မည် သို့ရှိသည်၊ မည်သည့်စိန်ခေါ်မှုများရှိသည်၊ မည်သည့်ခြိမ်း ခြောက်မှုဖိအားများရှိသည်ကို စောင့်ကြည့်နေရမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။

"အလကားနေရင်း ကာ/လုံဖွဲ့စည်းထားတာမဟုတ်ဘူး။ ဆောင်ကိုဆောင်ရွက်ရမယ့်ကိစ္စ။ ကျွန်တော်တို့ အခုအခြေအ နေတွေဖြစ်တယ်။ လက်ရှိဖြစ်နေ တဲ့အခြေအနေတွေ ရှိတယ်။ အမြဲတမ်းသုံးသပ်ပြီး အမြဲတမ်းဆွေးနွေးပြီး အမြဲတမ်းတိုင်ပင် ပြီး အမြဲတမ်းဆုံးဖြတ်နေရမယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ဆုံးဖြတ်ရမယ်။ တရားဥပဒေနဲ့ပတ်သက်လို့ လည်းဆုံးဖြတ် ရမယ်။ ဥပဒေပြုရေးနဲ့ပတ်သက်လို့လည်း ဆုံးဖြတ်ရမယ်။ အဲဒီ ဆုံးဖြတ်ချက်တွေပြီးတော့မှ ဒီ Security နဲ့ပတ်သက်လို့ Top Down သွားရမှာ။ ဗြဲလရမ်းလုပ်ချင်သလိုလုပ်လို့မရဘူး။ ကျွန် တော်တို့ အခုငြိမ်းချမ်း ရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေရှိ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ် သက်တဲ့ အခြေအနေတွေဖြစ်နေ တယ်။ အားလုံးက ညှိညှိနှိုင်း နှိုင်းနဲ့အကုန်သွားရမှာ။ တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အကျိုးစီးပွားကို ရှေးရှုလို့မရဘူး။ တစ်နိုင်ငံလုံးအကျိုးစီးပွားကိုရှေးရှုရမယ်" ဟု ဗိုလ်ချုပ်ထွန်းထွန်း ညီက ပြောသည်။

နိုင်ငံရေးလုံခြုံရေး၊ စီးပွားရေးလုံခြုံရေး၊ စွမ်းအင်လုံခြုံရေး၊ နယ်စပ်လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး စသည့်အမျိုး သားလုံခြုံရေး လုပ်ငန်းစဉ်များအတွက် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီသည် အဓိကတာဝန်ရှိကြောင်း ၄င်းကပြောသည်။

အခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ၊ ဒုသမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ဖြင့် ဖွဲ့စည်းထားသည်။

MP, NT /Democracytoday