Print
News
Political
Hits: 8891

ရန်ကုန်၊ စက်တင်ဘာ ၂၅- မူးယစ် ဆေးဝါးနှင့်ပတ်သက်လာပါက ပြည်သူများသည် ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုအားနည်းလာကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် တစ်ဦးက ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအ တွင်း အရွယ်မရောက်ကလေးသူ ငယ်များနှင့် ကျောင်းသားအရွယ် လူငယ်များအကြား တွေ့ကြုံဖြစ် ပွားနေသောမူးယစ်စိတ်ြွကဆေး ပြားWYသုံးစွဲမှုပပျောက်စေရေး  အစီအမံများချမှတ်ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အားတိုက်တွန်းကြောင်းအဆိုကို စက်တင်ဘာ ၁၉ ရက်ကပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးတွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။


ယင်းအဆိုကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်သည့်ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးတွင် အင်းစိန်မြို့နယ်မဲဆန္ဒ နယ်အမှတ် (၂) မှလွှတ်တော်ကိုယ် စားလှယ်ဦးဝေဖြိုးဟန်က ထောက် ခံဆွေးနွေးရာတွင် အထက်ပါအ တိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှလွှတ်တော်ကိုယ်စား လှယ်ဦးဝေဖြိုးဟန်က ""အပေါ် ကအရာရှိကြီးများက လုပ်နေပါ တယ်။ဆောင်ရွက်နေပါတယ်။အ ရေးယူနေပါတယ်ဆိုပြီး ကိန်းဂဏန်း တွေ၊မှတ်တမ်းပုံတွေနဲ့ပြပြီး ရှင်း နေပေမယ့်အောက်ခြေမှာဘာတွေ ဖြစ်နေသလဲ သိဖို့လိုပါတယ်။ အောက်ခြေမှာ ပြည်သူလူထုက မူးယစ်မှုဆိုတာနဲ့မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်းတွေကိုတောင် ယုံကြည် မှုလျော့လာနေပါပြီ။ နောက်ဆို ရင် တိုင်းရဲရုံးကိုပါယုံကြည်ချင် စိတ်ရှိမှာမဟုတ်တော့ပါဘူး။

ဒီ စကားကို ကျွန်တော်ဘာကြောင့် ပြောသလဲဆိုရင်မြေပြင်မှာ တကယ် ပြောနေလို့ပြည်သူ့အသံ၊ လွှတ် တော်အသံဖြစ်အောင်လို့ ပြောနေ ရခြင်းပါ။ မူးယစ်မှုလို့ဆိုလိုက်ရင် ပြည်သူကရဲကိုမယုံဘူး။ တိုင်လိုက် ရင်သတင်း ကြိုပေါက်တာပါပဲ။ ဒီလိုတွေဖြစ်နေတာလူကြီးတွေ သိချင်လည်းသိမယ်။ မသိသလို နေနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်တို့ကတော့ ပြည်သူ့ အသံအတိုင်းပြောရမယ့် တာဝန် ရှိလို့ ပြောရမှာပါပဲ""ဟုပြောသည်။
WY  ဆေးပြားများကိုလူငယ် များသည် စာသင်ကျောင်းများ၌ ပေါ်ပေါ်တင်တင် သုံးစွဲနေကြပြီး မိန်းကလေးများပါ သုံးစွဲလာနေ ကြပြီဖြစ်ကြောင်း၊ ဆေးပြားတစ် ပြားနှစ်ပြားတွေ့ရှိသူများကို ဖမ်း ဆီးရမိခြင်းထက် supplier ကြီး တွေများအားဖမ်းဆီးရမိအောင် ဆောင်ရွက်ရေးသည် အရေးကြီး ကြောင်းယင်းအဆိုကို ထောက်ခံ ဆွေးနွေးသည့် လွှတ်တော်ကိုယ် စားလှယ်များကပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ နည်းပပျောက်ရေးအတွက် နိုင်ငံ တော်မှစီမံကိန်းကြီးငယ်များ ချ မှတ်ဆောင်ရွက်နေသော်လည်း စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေခြင်း ကြောင့် ယင်းလုပ်ငန်းများအား နည်းချို့ယွင်းမှုများကိုပြန်လည် သုံး သပ်စိစစ်ရန် လိုအပ်မည်ဖြစ်      ကြောင်း တာမွေမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စား လှယ်ဦးလှသိန်းကပြောသည်။

""တာမွေမြို့နယ်မှာမအူကုန်း ရပ်ကွက်က မူးယစ်ဆေးဝါးစိတ်ြွက ဆေးပြားတွေ ဖြန့်ဖြူးကြောင်းနာ မည်ကြီးပါတယ်။ ဒါပေမဲ့ဖမ်းတဲ့ အခါတစ်ခါမှမမိပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတာ မေးခွန်းမေး စရာဖြစ်နေပါပြီ""ဟု၎င်းကပြော သည်။ မူးယစ်ဆေးဝါးထွက်သော ဒေသရောင်းဝယ်သောနေရာ၊ သယ်ယူသော လမ်းကြောင်း၊ ဖြန့် ဖြူးသည့် နေရာများရှိနေသဖြင့် လူငယ်များထံ စီးဝင်ရောက်ရှိနေ ခြင်းဖြစ်သောကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းအောင် အမြစ်ပြတ်လုပ် ဆောင်ရမည်ဖြစ်ကြောင်း ဦးလှ သိန်းကဆက်လက်ပြောသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးအတွက် ဖွဲ့စည်းထားသည့် အဆင့်ဆင့်သော အဖွဲ့အစည်း များအနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
""ရဲဟာအလကားပါပဲ။ အစိုး ရကရဲကို မထိန်းနိုင်သေးဘူးလို့ အရပ်ထဲဇာတ်ထဲ ပြောနေဆိုနေ သံတွေဟာ ကောလာဟလမဟုတ် ပါဘူး။ ဒါကြောင့် မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီးကျွန်တော်တို့ လွှတ် တော်ကိုယ်စားလှယ်တွေ ပြောဆို ဆွေးနွေးမှုတွေ ဘယ်လောက်ပဲ လုပ်လုပ်၊အဆိုတွေ မေးခွန်းတွေ ဘယ်လောက်ပဲတင်တင် တကယ်

လက်တွေ့ထိထိရောက်ရောက် လိုက်ပါဆောင်ရွက်ပေးရမယ့် လုံခြုံ နဲ့တရားဥပဒေစိုးမိုးရေးကို တာ ဝန်ယူထားကြတဲ့သူတွေ ပြည်သူနဲ့ အတူပါမလာရင် ၊အပြောင်းအလဲ နောက်မှာကောင်းကောင်း မလိုက် ပါချင်သေးသမျှ ကာလပတ်လုံး အောင်မြင်မှာမဟုတ်ပါဘူး။ ဒါ ကြောင့်စာရွက်ပေါ်က ကိန်းဂဏန်း တွေ၊ အပြောတွေကိုလျှော့ပြီး တ ကယ်လုပ်ပေးကြပါ။ တကယ်အရေး ယူပေးကြပါ""ဟုဦးဝေဖြိုးဟန်က ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော် ကိုယ်စားလှယ်ဦးညီညီကတင်သွင်း သည့်ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၂၃ဦးက ထောက်ခံဆွေးနွေးထားသည်။

TTMT
#Democracytoday