ရန်ကုန်၊ စက်တင်ဘာ ၁၈- သုံး လအတွင်း မဲစာရင်းပြုစုမှုပြီးစီး မည်ဟု ပြောကြားထားသည့် ရွေး ကောက်ပွဲကော်မရှင်၏ ပြောဆိုမှု တိုက်ပွဲများကြောင့် မဖြစ်နိုင်တော့ ကြောင်း ကော်မရှင်ပြောခွင့်ရ ဦး မြင့်နိုင်က ပြောသည်။



မဲစာရင်းပြုစုမှုကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက စတင်ပြုစုခဲ့ ခြင်းဖြစ်ပြီး သုံးလအတွင်းအပြီး ပြုစုသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ဦးမြင့်နိုင်က ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်တွင် ကျင်းပသည့် နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ယင်းနောက် ဇွန်လကုန်ပိုင်း တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စတင်ခဲ့သော်လည်း တိုက်ပွဲ များဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် လက်ရှိအချိန် မဲစာရင်းမပြုစုနိုင်သေးကြောင်း ဦးမြင့်နိုင်က ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၈ ရက်တွင်ပြော သည်။

ကော်မရှင်၏ မဲစာရင်းပြုစုမှု သည် လာမည့်စက်တင်ဘာလကုန် တွင် သုံးလပြည့်မည်ဖြစ်သည်။""ခုချိန်ထိတော့ တိုက်ပွဲဖြစ် နေတဲ့နေရာတွေမှာ မဲစာရင်းမပြု စုရသေးဘူး"" ဟု ၎င်းကဆိုသည်။
ယင်းအတွက်ကြောင့် သုံးလ ပြည့်သည့်အခါတွင် ကျန်ရှိနေရာ များတွင် မဲစာရင်းပြုစုမှုပြီးစီး မည်ဖြစ်သော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများမှာမူ ကျန်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။

ယင်းနေရာများကိုမူ အမြန် ဆုံးပြုစုနိုင်ရေးအတွက် ဆက်လက် ကြိုးစားသွားမည်ဖြစ်ပြီး သက်ဆိုင် ရာဒေသများရှိ ပါတီများနှင့်လည်း လိုအပ်သလို ချိတ်ဆက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့် နိုင်က ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေ ရာများတွင် ရွေးကောက်ပွဲမကျင်း ပနိုင်မည်ကို စိုးရိမ်ကြောင်း၊ တိုက် ပွဲများအမြန်ဆုံး ရပ်တန့်နိုင်ရေး အတွက် ဆွေးနွေးကြစေလိုကြောင်း တိုင်းရင်းသားပါတီအချို့ကလည်း တိုက်တွန်းထားကြသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် ကျင်းပရန် လက်ရှိအချိန်တွင် ပြောလို့မရနိုင်သေးကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးဝင်းက ရခိုင် ပြည်နယ်ရှိပါတီများနှင့် တွေ့ဆုံပွဲ တွင် ပြောဆိုထားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နေရာစုံတွင် ကျင်းပရန်အတွက် ကော်မရှင်က ရည်မှန်းထားသော်လည်း တိုက်ပွဲ များကြောင့် စိန်ခေါ်မှုဖြစ်လာ ကြောင်း ဦးမြင့်နိုင်ကလည်း ဒီမို ကရေစီတူဒေးသို့ ပြောဆိုထား သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်  နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဖြစ် သည်။

HWA
#Democracytoday