နေပြည်တော်၊ စက်တင်ဘာ ၁၈- လွှတ်တော်အတွင်း ကတိကဝတ် ကို သုံးနှစ်ရှိသည့်တိုင်အောင် အ ကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခြင်းမရှိသေးခြင်းသည် ပြည်သူများ၏ မျှော်လင့်ချက်အ ပေါ် လျစ်လျူရှုရာရောက်ကြောင်း လွှတ်တော်အမတ်တစ်ဦးက ပြော သည်။



စက်တင်ဘာ ၁၈ ရက် အမျိုး  သားလွှတ်တော်အစည်းအဝေးတွင်  အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များနှင့်ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော် မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်းအ ဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အ စည်းအဝေးအထိ လွှတ်တော်ကိုယ်  စားလှယ်များမှ တင်သွင်းမေးမြန်း ခဲ့သည့်အဆို၊ မေးခွန်းများနှင့် စပ် လျဉ်းသည့် အစီရင်ခံစာအပေါ် ချင်းပြည်နယ် မဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်က ဆွေးနွေးရာ၌ အထက်ပါအတိုင်း ပြောသည်။

""ပြည်သူတွေက မျှော်လင့်တ ကြီးတောင်းဆိုကြတဲ့ ဆက်သွယ် ရေးတာဝါတိုင်ဟာ စီးပွားရေး တွက်ခြေကိုက်မှုတစ်ခုတည်းကို ကြည့်ရမည့် ကိစ္စရပ်မဟုတ်ပါဘူး။ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို အ ထူးဦးစားပေးပြီးမှသာ ဆောင်ရွက်  ပေးရမဲ့ကိစ္စဖြစ်ပါလျက်နှင့် လွှတ် တော်၏ ကတိကဝတ်ကိုတောင် သုံးနှစ်ရှိလို့တောင် အကောင်အ ထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတာဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို လျစ်လျူရှုရာ ရောက်သလို ဘာ့ကြောင့် ယခုထိ အကောင်အထည်မဖော်နိုင်သေး တာဆိုတာကိုလည်း ကော်မတီ အနေဖြင့် မေးမြန်းပေးပါလို့ အကြံ ပြုအပ်ပါတယ်""ဟု ၎င်းက ပြော သည်။

၆.၆.၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ကြယ်ပွင့်ပြ၊ မပြ မေးခွန်းဖြစ်သည့် ချင်းပြည်နယ် ကန် ပက်လက်မြို့နယ် ကျင်တွင်းရွာကို အခြေခံပြီး ကျင်တွင်းအုပ်စုနှင့် မုန်းချောင်းအနောက်ဘက်မှာရှိတဲ့ ကျေးရွာအုပ်စု ၁၁ အုပ်စုအတွက် ဆက်သွယ်ရေးတာဝါတိုင်တည် ဆောက်ပေးရန် မေးခွန်းသည် မေးခွန်းမေးမြန်းစဉ်က ကျေးရွာ ဖြစ်သော ကျင်တွင်းရွာတောင် ကျင်တွင်းမြို့အဖြစ် တိုးမြှင့်ရရှိပြီး ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ယခုအချိန်ရောက် သည်အထိ တည်ဆောက်ပေးခြင်း မရှိသေးသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။
""နှစ်ပေါင်းများစွာနောက်ကျ ကျန်နေခဲ့တဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ကနေ ဖွံ့ဖြိုးတိုးတက်လာ ဖို့ဆိုရင် စီမံကိန်းတွေလျာထား ဆောင်ရွက်တဲ့အခါမှာ မဲဆန္ဒနယ် ကို ကိုယ်စားပြုထားသော လွှတ် တော်ကိုယ်စားလှယ်များ၏သဘော  ထားကို ရယူပြီးအလေးထားလျာ ထားဆောင်ရွက်ပေးဖို့ လိုအပ်သ လို လွှတ်တော်ကတိကဝတ်များကို လည်း ပထမဦးဆုံးဦးစားပေးထည့် သွင်းဆောင်ရွက်ပေးဖို့ လိုအပ် တယ်လို့ မြင်ပါတယ်။ ဒါမှသာ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်က ဖော် ဆောင်ရွက်ဆိုတာပိုပြီး အဓိပ္ပာယ် ပြည့်ဝမှာဖြစ်သလို အစိုးရ၏ ဆောင်  ရွက်ချက်တွေကလည်း ပိုပြီးထင် ရှားပေါ်လွင်မှာဖြစ်ပါတယ်""ဟု ပြောသည်။

အဆိုပါ အမျိုးသားလွှတ် တော်စိစစ်ရေးကော်မတီ၏ အစီ ရင်ခံစာကို စက်တင်ဘာ ၁၈ ရက် အမျိုးသားလွှတ်တော်၌ လွှတ်တော်  ကိုယ်စားလှယ်ငါးဦးတို့က အကြံ ပြုဆွေးနွေးခဲ့ကြသည်။
စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ゞင်းတို့ကော်မတီ ၏ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင် သွင်းခဲ့ရာ ကန့်ကွက်သူမရှိသည့် အတွက် လွှတ်တော်က အတည်ပြု ခဲ့သည်။

MO
#Democracytoday