စစ်တွေ၊ စက်တင်ဘာ ၁၈-ရခိုင် ပြည်နယ်၌ဖြစ်ပွားနေသည့်တိုက် ပွဲများအတွင်း တိုက်ပွဲနှင့်မသက် ဆိုင်ဘဲ အရပ်သားပြည်သူများထိ ခိုက်မှုများနှင့် သေဆုံးမှုများအား လေ့လာစုံစမ်းရေးအဖွဲ့ဖွဲ့စည်းရန် တိုက်တွန်းသည့်အဆိုကို ဆက် လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထံမှသိရသည်။



 ယင်းအဆိုကို မြောက်ဦးမြို့ နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က စက်တင်ဘာ ၁၈ ရက်ကကျင်းပသည့် ရခိုင်ပြည် နယ်လွှတ်တော်အစည်းအဝေး တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
]]ဒီကနေ့အစိုးရဟာ ပြည်သူ့ အစိုးရ၊ ပြည်သူကရွေးချယ်ပေး လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ဖွဲ့ စည်းထားတဲ့ အစိုးရဆိုတော့ ပြည် သူ့အစိုးရ၊ ပြည်သူ့ကိုယ်စားလှယ် တွေဖြစ်တဲ့အတွက် ပြည်သူအပေါ် တာဝန်ကျေဖို့လိုတယ်။ ပြည်သူ တွေက အခုသေနေကြပြီ ပေါ့ နော်။ အယောက် ၈၀ ကျော် ခန့် သေနေတယ်။

 ဒဏ်ရာရတဲ့သူ က တော့ ၁၂၀ ကျော်ရှိနေတယ်။ ပြည်သူကို ကျွန်တော်တို့ က ဒီလူ တွေဟာ ဘာကြောင့်သေရတယ်။ ဘယ်သူ့ကြောင့်သေရတယ်။ ဘယ် အဖွဲ့အစည်းကြောင့် သေရတယ် ဆိုတာကို တိတိကျကျ မှန်မှန်ကန် ကန် ပွင့်ပွင့်လင်းလင်းချပြဖို့လို တယ်။ ပြည်သူကိုတာဝန် ကျေဖို့ လိုလာတယ်။ ဒါကြောင့် ကျွန် တော်တို့က ဒီစုံစမ်းလေ့လာရေး အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီးတော့ ပြည်သူတွေကို ဒီကနေ့ တိတိကျ  ကျ မှန်မှန်ကန်ကန်ချပြသင့်ပြီလို့ ထင်တဲ့အတွက် ဒီအဆိုကို တင်ပြရ တာဖြစ်ပါတယ်""ဟု အဆိုရှင် ဦးထွန်း သာစိန်က ပြောကြားသည်။

ဦးထွန်းသာစိန်တင်သွင်းသည့် အဆိုအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက် ခံဆွေးနွေးပြီးနောက် အဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေး ရန် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၂၄ ဦး၊ ကန့်ကွက်သူ ၁၁ ဦးနှင့် ကြားနေတစ်ဦးတို့ဖြင့် လွှတ်တော် တွင် ဆက်လက်ဆွေးနွေးရန် အတည် ပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုအား ဆက်လက်ဆွေး နွေးရန် ကန့်ကွက်ခဲ့သည့် ရခိုင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း ကမူ ယခုအချိန်တွင် စုံစမ်းရေးအ ဖွဲ့ဖွဲ့စည်းကာ အချက်အလက်များ အား ကွင်းဆင်းကောက်ခံပါက ပြည်သူများအနေဖြင့် ゞင်းတို့၏ လုံခြုံရေးအတွက် အဖြစ်မှန်များ ကို ပြောနိုင်မည်မဟုတ်သလို စုံ စမ်းရေးအဖွဲ့၏လုံခြုံရေးကိုလည်း မည်သူက တာဝန်ယူမည်ဆိုသည် ကို ထည့်သွင်းစဉ်းစားရမည်ဖြစ် သည့်အတွက် အဆိုအားကန့်ကွက် ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများကို ပြောကြားသည်။

""ဒီအတွက် လုံခြုံရေးတွေနဲ့ ပတ်သက်လို့ရှိရင် အင်မတန်အား နည်းနေသေးတယ်။ ကျွန်တော်တို့ ကြိုးစားပြီးတော့ လုံခြုံရေးကိုလုပ် ရမှာဖြစ်တယ်။ လုံခြုံရေးဘက်ကို ကျွန်တော်တို့က ဇောင်းပေးပြီးလုပ် စေချင်တယ်။ အခုလိုသွားပြီး အ ချက်အလက်ယူမယ်ဆိုရင် အဲဒီ အဖွဲ့ကို ဘယ်သူက လုံခြုံရေး လုပ် ပေးမှာလဲ။ အဲဒီအဖွဲ့အန္တရာယ်ရှိ ပါတယ်။ အဲဒီအဖွဲ့လည်း သတင်း မှန်တွေမရနိုင်ပါဘူး။ အဲဒီအဖွဲ့ သတင်းယူတဲ့အချိန်မှာလည်း အန္တရာယ်ရှိတယ်။ အဲဒီအဖွဲ့က လည်း သတင်းမှန်မရတဲ့အတွက် သူဖွဲ့တဲ့ရည်ရွယ်ချက် မမြောက် ဘူးပေါ့""ဟု ပြည်နယ်ဝန်ကြီး ဗိုလ် မှူးကြီးမင်းသန်းကဆို သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားနေသည့် တိုက်ပွဲများနှင့်ပစ် ခတ်မှုများကြောင့် အရပ်သားပြည် သူများသေဆုံးမှုများ၊ ထိခိုက်ဒဏ် ရာရမှုများမြင့်တက်လာပြီး ယခု နှစ် ဩဂုတ် ၂၉ ရက်အထိ သေ ဆုံးသူအရပ်သားစုစုပေါင်း ၈၀ ကျော်ခန့်နှင့် ထိခိုက်ဒဏ်ရာရသူ  ၁၂၀ခန့်ရှိနေပြီဟု အဆိုကို တင် သွင်းသူ ဦးထွန်းသာစိန်က လွှတ် တော်အစည်းအဝေးတွင် ပြော ဆိုခဲ့သည်။

တိုက်ပွဲများအတွင်း သေဆုံး သွားသည့် အရပ်သား ၈၀ ကျော် အတွက် ဝမ်းနည်းကြောင်း တင် သွင်းသည့်အဆိုကိုလည်း စက်တင် ဘာ ၁၇ ရက်ကကျင်းပသည့် ရခိုင် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက် သူမရှိအတည်ပြုခဲ့ပြီး ပြည်နယ် လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြ ကြောင်းသိရသည်။      

   GC
#Democracytoday