နေပြည်တော်၊ စက်တင်ဘာ ၄ - နိုင်ငံတော်အတွက်၊ ပြည်ထောင်စု အတွက်ပါဆိုသည့် စကားအဖြစ် ပြောနေရုံတင်မဟုတ်ဘဲ စေတနာ ပါပါလေးဆောင်ရွက်သွားကြပါ က တစ်နေ့နေ့တွင် အောင်မြင်မည် ဟု NLD ကိုယ်စားလှယ်ဦးအောင် ကြည်ညွန့်က ပြောကြားခဲ့သည်။



ယနေ့ပြုလုပ်သည့်ပြည် ထောင်စုလွှတ်တော်(၁၃)ကြိမ် မြောက်ပုံမှန်အစည်းအဝေး၂၀ ရက်မြောက်နေ့အစီအစဉ်ခေတ္တ အနားပေးစဉ်ဖွဲ့စည်းပုံပြင်ဆင် ရေး ၄၅ ဦးပူးပေါင်းကော်မတီမှ အဖွဲ့ဝင်များနုတ်ထွက်သည့်ကိစ္စ နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်ဖြေစဉ် ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

]]ပူးပေါင်းကော်မတီကတော့ ပထမနေ့က လူတစ်ယောက်နုတ် ထွက်တယ်။ မနေ့ကတော့ရခိုင် ပါတီကနှစ်ယောက်နုတ်ထွက် တယ်လို့သတင်းတော့ကြားလိုက် တယ်။ ဒါဆို ပရိုစီဂျာအရဆိုရင် နုတ်ထွက်တယ်ဆိုတဲ့သတင်းတွေ ရောက်သွားရင် အတွင်းရေးမှူး အဖွဲ့ကနေ ဒါကပြည်ထောင်စု လွှတ်တော်ကဖွဲ့ပေးလိုက်တဲ့အဖွဲ့ အစည်းဆိုတော့ ဒါကနာယကကို တော့ တင်ပြရမှာပေါ့။ နာယက ကိုတင်ပြတဲ့အခါမှာ အဲဒီလိုနုတ်ထွက်သွားတဲ့သူတွေရှိသလိုပြင် ဆင်ဖွဲ့စည်းမယ်ဆိုရင်တောင် လွှတ်တော်တင်ပြပြီးတော့ ပြင် ဆင်ဖွဲ့စည်းရမယ်လေ။ ပရိုစီ ဂျာကတော့ အဲဒီလိုသွားရမှာ ပေါ့။

အားလျော့သွားသလားဆို တော့အရေအတွက်အားဖြင့် ၄၅ ဦးထဲက သုံးယောက်လျော့သွား တယ်ဆိုတော့ ဒီလိုလျော့သွားတဲ့ အနေအထားမျိုးကတော့ အန် ကယ်အနေနဲ့မြင်တာပေါ့။ ပါတီ ချင်းတို့လူပုဂ္ဂိုလ်ချင်းတို့ဆိုတဲ့အ ပေါ်မူတည်ပြီးတော့ ကြီးမားတဲ့ ပဋိပက္ခဖြစ်တယ်လို့မမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ အန်ကယ် တို့အနေအထားနဲ့ စဉ်းစားရတာက ဖွဲ့စည်းပုံဥပဒေကြမ်းကြီးကိုပြင် ဆင်ဖို့လုပ်တယ်မဟုတ်လား။ ပြင်ဆင်ဖို့လုပ်တဲ့အခါကျတော့ ဘာတော့ကွာနိုင်သလဲဆိုတော့ ပြင်ဆင်ချင်နေတဲ့အတိုင်းအတာနဲ့ပြင်သင့်တာပြင်နိုင်တာအတိုင်း
အတာနဲ့ကြားထဲမှာယူဆကြပုံ၊ သုံး သပ်ကြပုံ၊ခံယူကြပုံကွဲလွဲနိုင်တယ်၊ အဲဒီကွာဟချက်ရှိနိုင်တယ်လို့သုံး သပ်တယ်။

ဒီကွာဟချက်ပေါ်မှာ မူတည်ပြီးဖြစ်ပေါ်လာတဲ့အဖြေပဲလို့သုံးသပ်တယ်။ ကျန်တဲ့ဒီအဖွဲ့ အစည်းတွေနဲ့ပဲ ငါတို့ကဆက်ပြီး စီစဉ်ကြိုးစားသွားကြမှာပဲ။ ဒီလို သုံးသပ်တယ်ဆိုတာကလည်း ကြား နေရတာပဲ။ ကိုယ်ကိုယ်တိုင်တော့ မသိဘူး။ တစ်ဆင့်ကြားနဲ့ပြောရ တာပဲ။ ဥပမာဆိုပါတော့တပ်ကို သူတို့ပြောတယ်။ တပ်ကိုလုံးဝပယ် ဖို့ပြောတယ်။ ဒီကတော့တစ်ဆင့် ချင်းတစ်ချင်းပြောတယ်။ ဒါ ကြောင့်မိုလို့ သဘောထားချင်း မတိုက်ဆိုင်လို့သမိုင်းတရားခံဖြစ် မှာစိုးလို့ထွက်တယ်ပြောတယ်ဆိုတာမျိုးတွေကြားတယ်။ အဲ့ဒါမျိုး တွေလိုချင်တာပဲ။

ဒါဟာ ဘယ်သူ ကမှားတယ်၊ ဘယ်သူကမှန်တယ် ပြောချင်တာမဟုတ်ဘူး။ တစ် ကယ်တော့ ပြင်သင့်တာနဲ့ပြင်နိုင် တာလေးတွေဘယ်လိုရှိတယ်။ ဒီ ကြားထဲအပေါ်မှာမူတည်ပြီး သုံး သပ်ကြဖို့၊ လက်ခံနိုင်ကြတဲ့စွမ်း ရည်အပေါ်မူတည်ပြီး သဘော ထားကွဲကြတယ်လို့ပဲမြင်တယ်၊ မဲ ဆန္ဒပေးတဲ့ကိစ္စတွေနဲ့ပတ်သက် ပြီးတော့ပြီးခဲ့တဲ့အစည်းအဝေးမှာ တုန်းက လက်ထောင်ပြီးလုပ်ရ တယ်ဆိုတာသိပ်အဆင်မပြေဘူး ဖြစ်နေတယ်ဆိုတာဆွေးနွေးကြ တယ်။ မနေ့တုန်းက တစ်နေကုန် ဆွေးနွေးကြတယ်။ နောက်ဆုံးကျ တော့ စာရွက်နဲ့လက်မှတ်ရေးထိုး ပြီး ဘယ်လိုစာရွက်နဲ့လက်မှတ်ထိုး မယ်၊ ဇယားတွေဘယ်လိုလုပ်မယ်၊ အစည်းအဝေးကတော့စာရွက်နဲ့လက်မှတ်ထိုးတာသဘောတူညီ ချက်ရသွားတယ်""ဟု ဦးအောင် ကြည်ညွန့်က ပြောကြားခဲ့သည်။

အခုလိုဖြစ်ပေါ်လာတဲ့အ ခြေအနေပေါ်မှာလည်း အန် ကယ်တို့ ဆက်ကြိုးစားသွားမှာပဲ။ လားဟုသတင်းထောက်များက မေးသည့်အခါ ကြိုးစားသွားမှာပဲ။ ဘာဖြစ်လို့ကြိုးစားမှာလဲ။ တိုင်း ပြည်အတွက်ကြိုးစားမှာပဲ။ အခု ဆိုမြင်လို့ရတာပဲ။ တချို့ဆိုစိုးရိမ် ချက်လွန်ကဲတာတွေရှိတယ်။ အ မြင်လွဲမှားနေတာလည်းရှိတယ်။ နောက် သံသယစိတ်တွေလည်းရှိ တယ်။ အဲဒါတော့ငြင်းလို့မရဘူး။ စိုးရိမ်စိတ်တွေလည်းအများကြီးပဲရှိတယ်။ ဒါလောက်အများကြီး သံသယနဲ့သွားခဲ့ရတဲ့ သမိုင်း ကြောင်း အရှည်ကြီးရဲ့ကြားထဲမှာတစ်ခါတည်းနဲ့ တစ်ပြိုင်တည်းနဲ့ တော့ ကျုပ်တို့ကိုယုံပါဗျာလို့ပြော ရုံလောက်နဲ့တော့ရမှာမဟုတ်ဘူး ဖြစ်တဲ့အတွက် ဆက်ပြီးကြိုးစား ရမယ်။ ဆက်ပြီးကြိုးစားရမယ်။

 ပြီးတော့ အလုပ်လုပ်ရမယ်။ နောက် ဆုံးတစ်ကယ်တမ်းကျဘယ်သူ့အတွက်ဘယ်ဝါ့အတွက်လုပ်နေတာ ထက် တကယ်တမ်းဆိုနိုင်ငံတော် အတွက် ပြည်ထောင်စုအတွက်ပါ ဆိုတာစကားအဖြစ်ပြောနေရုံ တင်မဟုတ်ဘဲနဲ့ စေတနာပါပါလေး ဆောင်ရွက်သွားကြရင် တစ်နေ့နေ့ တော့ အောင်မြင်မှာပဲ။ တို့ခေတ်မှာ မအောင်မြင်လည်း ညီညီတို့ခေတ် သားသားတို့ခေတ်မှာ အောင်မြင် လိမ့်မယ်လို့ ယုံကြည်ထားပါတယ်""ဟု ဖြေကြားခဲ့သည်။

MP
#Democracytoday