ရန်ကုန်၊ စက်တင်ဘာ ၃ - ငြိမ်း ချမ်းရေးကိစ္စများဆောင် ရွက်နေ စဉ်ကာလအတွင်း အထောက်အကူ မပြုသည့် စစ်ပွဲရှောင်စကားရပ်အ စားတိုက်ပွဲရှောင်ဟုသာ လွှတ် တော်မှတ်တမ်းတွင် ဖော်ပြရန် တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးကပြောကြားသည်။



ယခုလစက်တင်ဘာ ၃ရက် တွင် ကျင်းပသောပြည်သူ့လွှတ် တော်အစည်း အဝေးတွင်ရခိုင် ပြည်နယ်တောင်ကုတ်မဲဆန္ဒနယ် မှပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်နီနီမေမြင့် မေးမြန်း သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဖြစ်ပွားနေသောဒေသများမှ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင် ရေးအတွက် မည်သို့စီစဉ်ဆောင် ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ် လျဉ်းပြီး မေးမြန်းသောမေးခွန်းအ ပေါ်တွင် ပညာရေးဝန်ကြီးဌာနမှ ဖြေကြားပြီးသည့်နောက်တွင် တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးကယင်းကဲ့သို့ ထောက် ပြသွားခဲ့ခြင်းဖြစ်ပြီး လွှတ်တော် ဥက္ကဋ္ဌကလည်း စစ်ပွဲရှောင်အစား တိုက်ပွဲရှောင်ဟုသာသုံးနှုန်းရန် ကြေ ညာခဲ့သည်။

ဒေါ်နီနီမေမြင့်မေးမြန်းသော မေးခွန်းတွင်စစ်ပွဲရှောင်ဆိုသည့် စကားရပ်အပေါ်တွင်တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက""ကိုယ်စားလှယ်ကြီးဒေါ် နီနီမေမြင့်ဆွေးနွေးမေးမြန်းတဲ့အ ခါမှာစစ်ဘေးရှောင်စခန်းလို့သုံး ထားတာရှိပါတယ်ခင်ဗျ။ အဲဒီစကား လုံးဟာရခိုင်ပြည်နယ်အစိုးရအဖွဲ့ တို့ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးရဲ့  ထွက်စာတွေနိုင်ငံတော် သတင်း စာတွေမှာဖော်ပြထား တဲ့ အသုံးအနှုန်းတွေအရဆို ရင် တိုက်ပွဲရှောင်စခန်းပဲသုံး ပါတယ်။ အဲဒါကြောင့် တိုက်ပွဲရှောင်စခန်းလို့သုံးပေးပါရန် နဲ့ တစ်နိုင်ငံလုံးမှာငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အစွမ်းကုန် ဆောင်ရွက်နေတဲ့အချိန်မှာ အထောက်အကူမပြုမယ့် စကား ရပ်မျိုးစစ်ပွဲရှောင်ဆိုတာမျိုး မသုံး ဘဲ တိုက်ပွဲရှောင်လို့သာလွှတ်တော် မှတ်တမ်းမှာထည့်သွင်းဖော်ပြပေး ပါရန် လေးစားစွာတင်ပြအပ်ပါ တယ်ခင်ဗျ""ဟု ပြောကြားခဲ့သည်။

မေးခွန်းအပေါ်တွင်ပညာ ရေးဝန်ကြီးဌာနမှပြန်လည်ဖြေ ကြားခဲ့သည်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ကျောင်းသား ကျောင်း သူများအတွက် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့အစီအစဉ်ဖြင့် အခိုင်အ မာစခန်းများပြောင်းရွှေ့ဆောက် လုပ်သည့်နေရာတွင်စခန်းနှင့် အ နီးဆုံးကျောင်းတွင်ဝင်ဆံ့ပါက ယင်းကျောင်းတွင်ပညာသင်ကြား နိုင်ရန်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဝင်ဆံ့မှုမရှိပါကယာယီကျောင်း ဆောင်များတောင်းခံဆောက်လုပ် ပြီးသင်ကြားပေးရန်စီစဉ်ထားရှိ ကြောင်းသိရသည်။

""ပညာရေးဝန်ကြီးဌာန၊အ ခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းဖွင့်ရာသီကျောင်းအပ်နှံ သည့်နေ့မှစတင်၍ယနေ့အထိ ကျောင်းသား၊ကျောင်းသူများအား သင်ကြားသင်ယူရေးအဆင်ပြေ စေရန်အတွက်ဝန်ကြီးဌာနမှသတ် မှတ်ပေးထားသည့်အတိုင်း ကျောင်း သား၊ကျောင်းသူအားလုံးကို ကျောင်း သုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ် များပံ့ပိုးပေးလျက်ရှိပြီး ယူနီဆက်ဖ် မှလည်း ကျောပိုးအိတ်များဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း ပြန်လည် ရှင်းလင်းတင်ပြအပ်ပါတယ်""ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။          

 MP
#Democracytoday