ရန်ကုန်၊ စက်တင်ဘာ ၃-လူများ စုက မဲအသာဖြင့်ဆောင်ရွက် နေ ခြင်းကြောင့်ဟုဆိုကာ အခြေခံဥပ ဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ မှ ရခိုင်အမျိုးသားပါတီကိုယ်စား ပြုလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ထပ်မံနုတ်ထွက်စာတင်ခဲ့သည်။
""အကြံပြုချက်တွေနဲ့ ပတ်သက် လို့ မဲခွဲတိုင်း NLD က မဲအသာနဲ့ ပဲ လုပ်လုပ်သွားတယ်။



 ကျွန်တော် တို့အကြံပြုချက်တွေကို လက်မခံ ဘူး။ လူများစု မဲအသာနဲ့ပဲ လုပ် လုပ်သွားတယ်။ ဒီတော့ ကျွန်တော် တို့က ဘာဆက်လုပ်ရတော့မှာလဲ။တိုင်းရင်းသားတွေ တောင်းဆိုနေ တာတွေကိုလည်း အရေးမလုပ်ဘူး။ ပြောနေတာတွေနဲ့ လုပ်နေတာတွေ က တခြားစီ။ ဒီတော့ ထွက်လိုက် တာပဲကောင်းတယ်""ဟု ရခိုင်အမျိုး သားပါတီအတွင်းရေးမှူး ဦးထွန်း အောင်ကျော်က ပြောသည်။

 ပူးပေါင်းကော်မတီထဲတွင် အချိုးအစားအရ ရခိုင်အမျိုးသား ပါတီက နှစ်ဦးနေရာရခဲ့ပြီး ရခိုင် အမျိုးသားပါတီက တပ်ကိုယ်စား လှယ်များ လွှတ်တော်ထဲမှအပြီး ထွက်ခွာသွားရေးအချက်အပါ အဝင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၈၅၈ ချက်ကို အကြံပြုခဲ့သည်။

""ပါတီရဲ့မူဝါဒဦးဆောင်ကော် မတီ အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီများရဲ့ ဆုံးဖြတ်ချက်အရ ပါ""ဟု ရခိုင်အမျိုးသားပါတီမှ တာ ဝန်ရှိသူပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။
နုတ်ထွက်စာကို ကော်မတီ ကလက်ခံခဲ့ကာ နုတ်ထွက်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က ဆုံး ဖြတ်မှသာ အတည်ဖြစ်မည်ဖြစ် ကြောင်း နုတ်ထွက်စာတင်ခဲ့သူ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင် ကျော်ဇံက လွှတ်တော်အစည်း အဝေးအပြီး၌ သတင်းထောက် များကိုပြောသည်။

""ပါတီအမြင်အရ ပါတီကနုတ် ထွက်ခိုင်းလို့ နုတ်ထွက်လိုက်တာ ပါ။ နှစ်ယောက်စလုံးပေါ့။  ဦးမြင့် နိုင်နဲ့ ကျွန်တော်ရယ်၊ ဆက်လက် ဆောင်ရွက်ရန် မသင့်တော်တော့ သဖြင့်ဆိုပြီး သီးခြားမှတ်ချက်တော့ မပေးဘူး။ ဆက်လက်ဆောင်ရွက် ရန် မသင့်တော်တော့ပါသဖြင့်ဆိုတဲ့ အချက်ပဲ ပါတီကပေးပါတယ်""ဟု ၎င်းကဆိုသည်။

ပူးပေါင်းကော်မတီ အစည်း အဝေးများတွင် ဆွေးနွေးလို သည်များ တင်ပြခွင့်ရသော်လည်း အရေးကြီးသောအချက်များကို အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြော သည်။
၄၅ ဦးပူးပေါင်းကော်မတီမှ စက်တင်ဘာ ၂ ရက်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း နုတ်ထွက်ခဲ့ပြီး ယနေ့စက်တင် ဘာ ၃ ရက်တွင် ရခိုင်အမျိုးသား ပါတီမှ ပေါက်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနှင့် ရခိုင်ပြည် နယ် အမှတ် ( ၅ ) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမြင့်နိုင်တို့ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

MP/NT
#Democracytoday