Print
News
Political
Hits: 4927

နေပြည်တော်၊ စက်တင်ဘာ ၂-ကလေးသူငယ်များ၏ အခွင့်အရေး ဆိုင်ရာစာချုပ်၏ လက်နက်ကိုင်ပဋိ ပက္ခအတွင်း ကလေးသူငယ်များပါ ဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက် တွဲအခြေပြစာချုပ်တွင် မြန်မာနိုင်ငံ လက်မှတ်ရေးထိုးရန် ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူခဲ့သည်။



စက်တင်ဘာ ၂ရက် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ယင်းစာချုပ်သို့ မြန်မာ နိုင်ငံမှ အတည်ပြု ပါဝင်နိုင်ရေး နှင့်ပတ်သက်ပြီး ဆွေးနွေးအတည် ပြုခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ် ၁၅ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယင်းစာချုပ်အား လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် တင်ပြခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် သဘောတူကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ကြေညာခဲ့ ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဒေါ်ရွှေပုံက ""လက် မှတ်ရေးထိုး အတည်ပြုခြင်းသည် မြန်မာနိုင်ငံရှိ တပ်သားစုဆောင်းခြင်း၊ အတင်းအကျပ်စေခိုင်းခြင်းများကို ရပ်တန့်ရန်ကြိုးပမ်းမှုများနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးပန်းတိုင်များ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှုရှိနေကြောင်း ဖော် ပြနေပါတယ်}}ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးသူ ငယ်ဦးရေအရေအတွက်သည် ၃၄ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
နိုင်ငံပေါင်း ၁၉၇နိုင်ငံအနက် ၁၆၈ နိုင်ငံသည် ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက် ဆက်တွဲအခြေပြစာချုပ်(CRCO-PAC )ကို လက်မှတ်ရေးထိုးထားပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ အကြားတွင် နောက်ဆက်တွဲအခြေ ပြစာချုပ်(CRCO-PAC )ကို လက် မှတ်ရေးထိုး အတည်ပြုခြင်းမရှိသေး သည့် တစ်ခုတည်းသောနိုင်ငံဖြစ် ကြောင်း သိရသည်။

MO
#Democracytoday