နေပြည်တော်၊ စက်တင်ဘာ ၂ - မြန် မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုအ တိုင်းအတာတစ်ခုအထိ ပပျောက်နေ ပြီဟု ILO ကို တုံ့ပြန်ရန် ပြင်ဆင် နေဟု အလုပ်သမားပြည်ထောင် စုဝန်ကြီးက ပြောသည်။



နေပြည်တော်ရှိ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနရုံး အမှတ် (၅၁) တွင် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သော အလုပ် သမားရေးရာ ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းကော်မတီ အစည်းအဝေး တွင် အလုပ်သမားလူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

""ILO မှ 337 GB မှာ တင် ပြမယ့် အစီရင်ခံစာသည် အပြုသ ဘောမဆောင်သည့်အချက်အလက် များတွေ့ရှိရတဲ့အတွက် ILO ရဲ့ အစီရင်ခံစာအပေါ် ခိုင်ခိုင်မာမာ တုံ့ပြန်နိုင်ဖို့အတွက် ဒီနေ့အစည်း အဝေးကို ပြုလုပ်ရတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့အတင်းအဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၂၉ နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်မှုဟာဆို ရင် အတိုင်းအတာတစ်ခုအထိ ပပျောက်နေပြီဆိုတဲ့ ဖြစ်ပေါ်တိုး တက်မှုအခြေအနေကို ပြသဖို့ ဆောင်ရွက်နေပါတယ်""ဟု၎င်းက ပြောသည်။

ယင်းအပြင် လက်ရှိတွင်လည်း အဓမ္မခိုင်းစေမှုပပျောက်ရေးယန္တရား နှင့် ပတ်သက်ပြီး ဖြေရှင်းအ ကောင်အထည်ဖော်ဆောင်ရေး နည်းလမ်းတို့ ဆောင်ရွက်ရန် နိုင် ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ရရှိ ထားပြီးဖြစ်သည့်အတွက် တိုင်ကြား ရေးယန္တရားများ ဖွင့်လှစ်ကာ ဆောင် ရွက်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောသည်။

""အဓမ္မခိုင်းစေမှုနဲ့ပတ်သက် လို့ မြန်မာနိုင်ငံအနေနဲ့ အလေးအ နက်ထားဆောင်ရွက်ခဲ့ပါတယ်။  ကွန်ဗင်းရှင်းကိုလည်း နှစ်ပေါင်း များစွာကတည်းက လက်မှတ်ရေး ထိုးခဲ့တာဖြစ်ပြီး အခုအခါမှာ တိုင်ကြားမှုယန္တရားကတော့ မြန် မာနိုင်ငံမှာ အများကြီးရှင်သန်နေ ပါတယ်""ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။

ယင်းကြောင့် နစ်နာသည်ဟု ယူဆသူများအနေဖြင့် ဝန်ကြီးဌာန သို့ တိုင်ကြားနိုင်သလို လုပ်ငန်း နယ်ပယ်အလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော်၊ နိုင် ငံတော်အကြီးအကဲများနှင့် လူ့အခွင့် အရေးကော်မရှင်တို့ထံသို့လည်း တိုင်ကြားနိုင်ကြောင်း ပြည်ထောင် စုဝန်ကြီးက ပြောသည်။    

 MP
#Democracytoday