Print
News
Political
Hits: 4039

ရန်ကုန်၊ စက်တင်ဘာ၂- သမိုင်း တရားခံမဖြစ်အောင် အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီမှ နုတ်ထွက်လိုက်ခြင်းဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးစိန်ဝင်းက ပြောကြား လိုက်သည်။
""ကျွန်တော့် နုတ်ထွက်စာမှာ လည်း အကုန်ရေးထားပြီးဖြစ်ပါ တယ်။ သမိုင်းတရားခံမဖြစ် အောင် နုတ်ထွက်လိုက်တာဗျာ။ ""ဟု ၎င်းကပြောသည်။



နုတ်ထွက်စာကို ၄၅ ဦးပူး ပေါင်းကော်မတီဥက္ကဋ္ဌထံ စက် တင်ဘာ ၂ ရက်တွင် ပေးပို့လိုက်ပြီ ဖြစ်ကာ နုတ်ထွက်ခွင့်ပြုမပြုအ   ကြောင်း ပြန်ကြားလာခြင်းမရှိ သေးကြောင်း ၎င်းက ပြောသည်။
"'ဖွဲ့စည်းအခြေခံ ဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး နောက်ဆုံးပိတ်မဲခွဲဆုံးဖြတ်မယ်ဆိုရင်တော့ လျှို့ဝှက် မဲနဲ့လုပ်ပါ။ လျှို့ဝှက်မဲလုပ်မှပဲပို ပြီးတော့ ၄၅ ဦးရဲ့ဦးနှောက်တွေ ကဒီဖွဲ့စည်းပုံမှာ ကိုယ့်ခေါင်း စဉ်အောက်မှ ပိုပြီးဆောင်ရွက် နိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင် လက်ညှိုးထောင်ပြီး ဆောင်ရွက် ရင်တချို့ဟာတွေကပါတီရဲ့ လွှမ်း မိုးမှုကြောင့် ကောင်းတာတောင်မှမရွေးချယ်နိုင်ဘူး။

ဒါကြောင့်မို့ လျှို့ဝှက်မဲပေးတဲ့စနစ်ကို ကျင့်သုံး ပါဆိုပြီးအန်ကယ်က ပထမဆုံးစ ပြောတယ်။ အဲဒီမှာလျှို့ဝှက်မဲပေး တဲ့စနစ်ကိုမလုပ်ဘဲနဲ့ လက်ညှိုး ထောင်တဲ့စနစ်ကိုပဲ သူတို့က ဆောင်ရွက်တယ်။ ဆောင်ရွက် တဲ့အခါကျတော့ဩဂုတ် ၂၉ ရက် အဲဒီနေ့က ကြာသပတေးနေ့ ဖြစ် တယ်။ အဲဒီနေ့က အခန်း ၁ မှာ ပါတဲ့ ခြောက်ချက်စလုံး လက်ညှိုး ထောင်တဲ့ စနစ်နဲ့လုပ်လိုက်တဲ့ အခါမှာ အကုန်လုံးက NLD အ ဆိုပြုထားတဲ့ဟာတွေချည်း အ ကုန်လုံးအနိုင်ရသွားတယ်""ဟု ၎င်းက လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။

ယင်းသို့ ဆောင်ရွက်နေ သည့်အတွက် ကော်မတီထဲရှိ အရေအတွက်ပိုများသော ပါတီ၏ လွှမ်းမိုးမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပူးပေါင်းကော်မတီ၏ ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ပြည် ထောင်စုဒီမိုကရေစီစနစ် ထွန်း ကားရေးစသော ဦးတည်ချက် ၅ ရပ်ကိုလည်း အကောင်အထည် ဖော်နိုင်မှု အာနည်းနိုင်သည်ဟု ယူဆသကဲ့သို့ တိုင်းရင်းသားများတောင်းဆိုထားသည့် ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံဖြစ်ရန် လည်းနည်းပါးကြောင်း ゞင်းက ဆက်လက်ပြောသည်။

""ဒီအတိုင်းဆိုရင်တော့လက် ညှိုးထောင်ပြီး ဆောင်ရွက်နေရင် အန်ကယ်အစည်းအဝေး တက် တက်မတက်တက် NLD ကပဲနိုင် နေမှာပဲဖြစ်တဲ့အတွက် အန်ကယ် က အချိန်ကုန်လက်ညှိုးထောင် ခေါင်းညိတ် အချိန်ကုန်မခံတော့ဘဲ သတ္တိရှိရှိနဲ့ ဖွဲ့စည်းအခြေခံဥပဒေ ၂၀ဝ၈  ခုနှစ် ပြင်ဆင်ရေးပူးပေါင်း ကော်မတီဝင်ကနေ ထွက်စာတင် လိုက်တာပေါ့""ဟု၎င်းကဆိုသည်။    

ဦးစိန်ဝင်းသည် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ NLD ပါတီကိုယ်စားပြုမအူပင် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး နောက်ပိုင်းတွင် နုတ်ထွက်လိုက်ကာ အမျိုးသားညီ ညွတ်သော ဒီမိုကရက်တစ်ပါတီကို တည်ထောင်၍ ပါတီဥက္ကဋ္ဌတာဝန် ယူထားသူ ဖြစ်သည်။လွှတ်တော်ထဲ အချိုးကျ ဖွဲ့စည်းမှုအရ ၄၅ဦး ပူးပေါင်း ကော်မတီထဲနေရာတစ်နေရာ ရခဲ့ ခြင်းဖြစ်သည်။      

NT+MO
#Democracytoday