နေပြည်တော်၊ ဩဂုတ် ၃၀ - လုပ်ငန်း ရှင်တို့ထံ ေြွကးကျန်မပေးမီ ပြည် သူ့ဘဏ္ဍာငွေများကိုစည်းလွတ်ဝါးလွတ်သုံးစွဲခဲ့သည့်တာဝန်ရှိသူများအား စိစစ်ဖော်ထုတ်အရေးယူနိင် ရန်လိုကြောင်း ပုလဲမဲဆန္ဒနယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကပြောသည်။


ဩဂုတ် ၃၀ ရက် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာနှစ်အမျိုး သားစီမံကိန်းဥပဒေကြမ်းနှင့်ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာဥပဒေကြမ်းတို့၏မူနှင့်အ ခြေခံသဘောများ၊ စီမံကိန်းလုပ် ငန်းများ၊ ရငွေ၊ သုံးငွေများနှင့်စပ် လျဉ်း၍ ဒေါ်ခင်စန်းလှိုင်ဆွေးနွေး ရာ၌ မြင်းခြံသံမဏိစက်ရုံတည် ဆောက်ရေးလုပ်ငန်းအတွက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်က ေြွကး ကျန်ကျပ် (၉၅၀၉ ဒသမ ဝ၉၀)သန်း တင်ပြတောင်းခံလာမှုအပေါ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

""ကျွန်မတို့လွှတ်တော်ကြီးအ နေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းနဲ့မညီညွတ်တဲ့ကိစ္စရပ်တွေကို ရပ်တည်ချက်မှန်မှန်ကန်ကန်နဲ့သတိထားပြီး ချဉ်းကပ်ဆုံးဖြတ်ဖို့အ ကြံပြုတိုက်တွန်းလိုပါတယ်။ အထူး သဖြင့်ပြည်သူ့ဘဏ္ဍာငွေတစ်ရပ် ကို စည်းလွတ်ဝါးလွတ်သုံးစွဲခဲ့တဲ့တာဝန်ရှိသူတွေကို အရင်စိစစ်ဖော် ထုတ်အရေးယူနိုင်ဖို့လိုပါတယ်၊ ပြီး မှသာနိုင်ငံတော်အစိုးရအနေနဲ့မလွှဲမရှောင်သာပေးရန်ရှိတဲ့လုပ်ငန်း ရှင်တွေရဲ့ေြွကးကျန်တွေကို စိစစ် ပေးချေဖို့ စဉ်စားဆောင်ရွက်သင့် ပါတယ်""ဟု၎င်းကပြောသည်။

ဌာနဆိုင်ရာအကြီးအကဲများ အနေနှင့် ဘတ်ဂျက်ခွင့်ပြုချက်မ ရှိဘဲ အသုံးစရိတ်တစ်ရပ်ကို ကြို တင်သုံးစွဲခွင့်မရှိကြောင်း သိပြီးဖြစ် ကြောင်းယခု တင်ပြတောင်းခံ လာသော မြင်းခြံသံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ေြွကး ကျန် ကျပ် ၉၅၀၉ ဒသမ ဝ၉၀ သန်းသည် တည်ဆဲဘဏ္ဍာရေး စည်မျဉ်းစည်းကမ်းနှင့် မညီညွတ် သည့်အပြင်သိလျက်နှင့်ကျော်လွန် ဖောက်ဖျက်သုံးစွဲသည့်ကိစ္စရပ်ဖြစ် ကြောင်း ゞင်းကပြောသည်။
""ဒီကိစ္စကိုစိစစ်ခဲ့တဲ့စိစစ်ရေးပူးပေါင်းကော်မတီအဖွဲ့ (၁၂)နဲ့  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအနေနဲ့လည်းတင်ပြတောင်းခံလာတဲ့အသုံးစရိတ်ဟာဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့မညီညွတ်ဘဲ တင်ပြတောင်းခံလာတဲ့အသုံးစ ရိတ်ဖြစ်ကြောင်း အစီရင်ခံစာမှာအတိအလင်းဖော်ပြထားပါတယ်၊သို့သော်လည်းပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့သဘောထား မှတ်ချက်မှာတော့ တင်ပြတောင်း ခံလာတဲ့ကျပ်(၉၅၀၉ ဒသမ ဝ၉၀)သန်းအနက်ကစိစစ်ရေးပူးပေါင်း ကော်မတီအဖွဲ့(၁၂)ရဲ့ထောက်ခံတင်ပြချက်(၇၁၃၁ ဒသမ ၈၁၇)သန်းကိုခွင့်ပြုပေးဖို့နဲ့စုံစမ်းစစ်ဆေး

 ရေးတစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးတွေ့ ရှိချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ေြွကးကျန်တွေ ကိုရှင်းလင်းပေးသင့်ကြောင်းဖော် ပြထားတာတွေ့ရပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး ေြွကးကျန်ရစရာရှိ  နေတဲ့လုပ်ငန်းရှင်တွေရဲ့အခက်အခဲကိုစာနာနားလည်ပေမယ့် လွှတ် တော်ကြီးအနေနဲ့ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့မညီညွတ်တဲ့ကိစ္စရပ်တွေကို ရပ်တည်ချက်မှန်မှန် ကန်ကန်နဲ့သတိထားပြီး ချဉ်းကပ်ဆုံးဖြတ်ဖို့အကြံပြုတိုက်တွန်းလိုပါတယ်""ဟု ဒေါ်ခင်စန်းလှိုင်က ပြော သည်။

ယင်းအပြင်ဘဏ္ဍာရေးစည်းမျဉ်းကိုသိသိကြီးကျော်လွန်ဆောင် ရွက်ခဲ့သည့်တာဝန်ရှိသူများကိုစိစစ် ဖော်ထုတ်ပြီး တာဝန်ရှိသည်နှင့် လျော်ညီစွာအရေးယူသည့်အကြောင်း ယခုချိန်အထိမကြားသိရသည့်အ တွက် ပြည်သူ့ဘဏ္ဍာငွေကျပ်ဘီလီ ယံများစွာ လွဲမှားသုံးစွဲမှုတွင် တာ ဝန်ယူမှု၊ တာဝန်ခံမှုပျောက်ဆုံး နေကြောင်း၊ ထို့ကြောင့်ပြည်ထောင် စုလွှတ်တော်မှ ဖြစ်သင့်ဖြစ်ထိုက် သည့်အတိုင်း ဖြစ်အောင်တည့် မတ်ထိန်းကျောင်းရန် အထူးလို အပ်ကြောင်း ゞင်းကထပ်လောင်း ပြောသည်။                

MP
#Democracytoday