Print
News
Political
Hits: 3781

နေပြည်တော်၊ ဩဂုတ် ၂၈-  ""ခြေဥပြင်ဆင်ရေး လွှတ်တော် လက်ကျန်သက်တမ်းအတွင်း ဖြစ် နိုင်ပါ့မလား}}ဟု တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက မေးခွန်း ထုတ်လိုက်သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပ ဒေကြမ်းတွင် ပြင်ဆင်ရန်အကြံ ပြုချက် ၃၇၆၅ချက်ကို ဥပဒေမူ ကြမ်းအဖြစ် ပြုစုနိုင်ရန်အချိန် အတော်ယူညှိနှိုင်းကြရဦးမည်ဖြစ် ပြီး ကျန်ရှိသည့်လွှတ်တော် သက် တမ်းကာလအတွင်း ပြင်ကော ပြင်ဖြစ်ပါ့မလား""ဟု တပ်မတော် သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒုတိယဗိုလ်မှူးကြီးကျော် မင်းလှိုင်က ဩဂုတ် ၂၈ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  ဒေါက် တာမောင်သင်း မိတ္ထီလာမဲဆန္ဒ နယ်အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးပေးပို့တင်ပြထားသည့် ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီ၏အစီရင်ခံစာအပေါ် ဆွေးနွေးရာ၌အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

""ဒီမိုကရေစီပိုမိုထွန်းကား ရေး၊ တိုင်းရင်းသားများအရေးနှင့် နိုင်ငံသူနိုင်ငံသားများအတွက် အ ကျိုးရှိစေမယ့် ပြင်ဆင်ရန် တင်ပြ ချက်ကောင်းတွေ ဖြစ်သော်လည်း မသိမသာ ပျောက်ကွယ်ရတော့ မယ့်အခြေအနေကိုရောက်ကုန်ပါ ပြီ။ လွှတ်တော်အတွင်း အဆုံးအ ဖြတ်ရယူခြင်းများသည် အဖြေသိ ပြီးသားပုစ္ဆာတွက်နေရသလို ဖြစ် နေပါတယ်။ ဦးသိန်းထွန်းတင်သွင်း ခဲ့သည့်ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ရမည့်အစား၊ လွှတ် တော်၏အဆုံးအဖြတ်ကိုသာ ရ ယူခဲ့သည့်အတွက် လွှတ်တော်၏ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေ၏အထက်တွင် ရှိနေ တဲ့သဘောသက်ရောက်စေခဲ့တာ ဝမ်းနည်းဖွယ်တွေ့မြင်ခဲ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိ ယအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်းတွင် ပြင်ဆင်ရန် အကြံပြု ချက် ၃၇၆၅ချက်ကို ဥပဒေမူကြမ်း အဖြစ် ပြုစုနိုင်ဖို့လည်းအချိန်အ တော်ယူညှိနှိုင်းကြရဦးမှာဖြစ်ပါ တယ်။ ကျန်ရှိသည့်လွှတ်တော် သက်တမ်းကာလအတွင်းမှာ ပြင် ကောပြင်ဖြစ်ပါ့မလား၊ သည်လို ဥပဒေနှင့်အညီ တင်သွင်းလာ သည့် ဥပဒေမူကြမ်းတွေကို ၄၅ဦး ကော်မတီအောက်ထဲဆွဲသွင်းလိုက် ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုမှုကို ပိတ်ပင်တားဆီး သလိုဖြစ်နေပါတယ်""ဟု တပ်မ တော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင်က ပြောသည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၃၊ ၄၃၅ပါအတိုင်း ပြဋ္ဌာန်းချက်တစ် ရပ်ရပ်ကို ပြင်ဆင်ခြင်းလုပ်ငန်း စဉ်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ် အုပ်လုံးကို ပြင်ဆင်ရန် လေ့လာစိ စစ်ခြင်းလုပ်ငန်းစဉ်များသည် အနှစ်သာရရော၊ လားရာပါမတူ နိုင်သလို ပြင်ရန်လွယ်ကူမှုနှုန်း လည်း မတူနိုင်သည့်အတွက် ယခု ဥပဒေမူကြမ်းကိုလည်း အရင် နည်းလမ်းအတိုင်း ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုမျက်ကွယ်ပြု အားသာ ရာလွှတ်တော်ထဲဆွဲသွင်းပြီး ဤ ကို ကျွဲဖတ်ရန် ဒုတိယံမိ ဆုံးဖြတ် အတည်ပြုကြဦးမည့် ပူးပေါင်း ကော်မတီ၏သဘောထားမှတ်ချက် အစီရင်ခံစာကို ကန့်ကွက်ပါ ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)ပါ ပြင်ဆင်ခြင်း ပြ ဋ္ဌာန်းချက်များ၊လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်းသာ ဆက်လက်ဆောင်ရွက်သင့်ပါ ကြောင်း၎င်းကပြောသည်။

ယခုအစီရင်ခံစာပါ ဒေါက် တာမောင်သင်းတင်သွင်းခဲ့သည့် ဥပဒေမူကြမ်းသည် ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လုပ်ငန်းစဉ်မဟုတ်ဘဲ ဥပဒေမူ ကြမ်းဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက် များအတိုင်း ဆက်လက်ဆွေးနွေး ရန်သာဖြစ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ(၄၅ဦးကော် မတီ)၏ ဥပဒေမူကြမ်းရေးဆွဲရေး သည်လုပ်ငန်းစဉ်ဖြစ်ပြီး အပြိုင် တင်သွင်းလာသည်ဟု ဥပဒေပြ ဋ္ဌာန်းချက်အရ မမှတ်ယူနိုင်ပါ ကြောင်း တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မိုးမြင့်အောင်က ပြောသည်။

""ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပ ဒေမူကြမ်းကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ တင်သွင်းလာ သည့် လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေ မူကြမ်းရေးဆွဲရေးလုပ်ဆောင်နေ သည့် လုပ်ငန်းစဉ်နှစ်ခုကို တစ် ပေါင်းတည်းဖြစ်စေရန် ပြည် ထောင်စု လွှတ်တော်အတွင်း လုပ် ဆောင်နေမှုသည် လုပ်ငန်းစဉ်ဆိုင် ရာတရားမျှတမှု(Procedural Fairness)မရှိခြင်းမှာ ထင်ရှား ကြောင်း ယခုဥပဒေပြုလွှတ်တော် အတွင်းရှိ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ပြဋ္ဌာန်းချက်များနှင့် ကြည့်မည်ဆို လျှင် တရားဥပဒေစိုးမိုးရေး အား နည်းနေတာပဲလို့ရှုမြင်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်းဥပဒေ နှင့်မညီ ဆောင်ရွက်နေမှုများကို ရှေ့ဆက် မည်ကဲ့သို့ထိန်းကျောင်း မလဲဆိုတာဟာ စဉ်းစားဆင်ခြင်ဖို့ ဖြစ်လာပါတယ်""ဟု ၎င်းကပြော သည်။

အစီရင်ခံစာတွင် ကော်မတီ ၏သဘောထားမှတ်ချက်မှာဖွဲ့စည်း ပုံအခြေခံဥပဒေ(၂၀ဝ၈ခုနှစ်) ပြင် ဆင်ရေး ၄၅ဦးပါ ပူးပေါင်းကော် မတီ၏ ဆက်လက်ဆောင်ရွက်ရ မည့် ဥပဒေမူကြမ်းရေးဆွဲရေးလုပ် ငန်းစဉ်များတွင် တစ်ပေါင်းတည်း ထည့်သွင်းစိစစ်ဆောင်ရွက်သင့် ကြောင်းနှင့်လွှတ်တော်မှ အတည် ပြုဆုံးဖြတ်ပေးပါရန် တင်ပြခြင်း သည် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို မလိုက်နာဘဲဆန့်ကျင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ゞင်းကဆက် လက်ပြောသည်။

တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူး သူဇာရွှေကလည်း ]]ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ(၄၃၅)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရန်ဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၂၀ရာ ခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်လို့ ပြဋ္ဌာန်းထား ပါတယ်။ ဒီပြဋ္ဌာန်းချက်အရ ပြင် ဆင်ချက်ဥပဒေမူကြမ်းကို ပြည် ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးဆုံးဖြတ်ကြရမှာ ဖြစ်ပါ တယ်။

စိစစ်ရေးပူးပေါင်းကော် မတီက ပြည်ထောင်စုလွှတ်တော် တွင် ကိုယ်စားလှယ်များရဲ့ ဆွေး နွေးဆုံးဖြတ်ခွင့်ကို ငြင်းပယ်ကျော် လွှားလိုက်ခြင်းဟာ ဖွဲ့စည်းပုံအ ခြေခံဥပဒေကိုဖောက်ဖျက်ခြင်း ပင်ဖြစ်ပါတယ်။ ယခုပြင်ဆင်ရန် တင်သွင်းထားတဲ့ ဥပဒေကြမ်းပေါ် မှာ ဦးတည်ဆွေးနွေးစိစစ်တာ မ တွေ့ရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ခုနှစ်)ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏လုပ်ငန်းစဉ်များတွင် တစ်ပေါင်းတည်းထည့်သွင်းဆောင် ရွက်ဖို့ကိုသာ ဦးတည်ဖော်ပြထား တာကိုတွေ့ရှိရပါတယ်။ ဒေါက်တာ မောင်သင်းနဲ့ကိုယ်စားလှယ် (၁၄၅ဦး)တင်သွင်းခြင်းဟာ ဥပဒေ မူကြမ်းဖြစ်ပြီး ၄၅ဦးပါပြင်ဆင် ရေးပူးပေါင်းကော်မတီနဲ့ လုပ်ငန်း ချင်းမတူတာကြောင့် ပြင်ဆင် သည့်လုပ်ငန်းစဉ်နှစ်ရပ်အပြိုင် တင်သွင်းလာသည့်အခါ သီးခြား ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းမရှိသည့်အတွက် လွှတ်တော်၏အဆုံးအဖြတ်ရယူ ဆောင်ရွက်ခဲ့ကြောင်းဆိုတဲ့အစီရင် ခံစာရဲ့ဖော်ပြချက်ဟာလွဲမှားနေ ပါတယ်""ဟုပြောသည်။

ယနေ့(ဩဂုတ် ၂၈ရက်နေ့)ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ခုနှစ် ပြင်ဆင်ရေးလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏အစီရင်ခံစာအပေါ် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့က ကန့်ကွက်ဆွေးနွေး ခြင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ချင်းပြည် နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးကအ ကြံပြုဆွေးနွေးခြင်းနှင့် NLD ပါ တီမှ သထုံမဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တို့က ထောက်ခံဆွေးနွေးခဲ့ကြ သည်။


MO, HWA
#Democracytoday