နေပြည်တော်၊ ဩဂုတ် ၂၈- ရွေး ကောက်ခံကိုယ်စားလှယ်များ၏တာဝန်များသည် လွှတ်တော်အ တွင်းမှသာမက မိမိမဲဆန္ဒနယ်၏ ဒေသဖွံ့ဖြိုးရေးမဲဆန္ဒရှင် များကိုလွှတ်တော် အတွေ့အကြုံ များရှင်း ပြပေးရမည့် အချက်များရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် များ၏တန်ဖိုးရှိသော အချိန်များ ကိုအငြင်းပွားရင်းနှင့်ကုန်နေလျှင် နိုင်ငံအတွက် ပြည်သူအတွက် တံ စဉ်း နှင့် တိုက်စားသလိုဖြစ်နေပြီး အကျိုးမရှိကြောင်း သထုံမဲဆန္ဒ နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်မာမာခိုင်က ပြောသည်။

ဩဂုတ် ၂၈ ရက်နေ့ကကျင်း ပသည့် ဒုတိယအကြိမ်ပြည်ထောင် စုလွှတ်တော်(၁၃)ကြိမ်မြောက်ပုံ မှန်အစည်းအဝေး ၁၇ရက်မြောက် နေ့တွင် ဒေါက်တာမောင်သင်း မိတ္ထီလာမဲဆန္ဒနယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၁၄၅ဦးပေးပို့တင်ပြထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပ ဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာ စိစစ်ရေးပူး ပေါင်းကော် မတီ၏အစီ ရင်ခံစာအပေါ်ဆွေးနွေးရာ၌အထက်ပါအတိုင်းပြောခြင်းဖြစ် သည်။

ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဒေါ်မာမာခိုင်က ]]ရွေးကောက် ခံကိုယ်စားလှယ်များ၏တာဝန်များ သည် လွှတ်တော်အတွင်းမှသာမ က မိမိမဲဆန္ဒနယ်၏ဒေသဖွံ့ဖြိုးရေး မဲဆန္ဒရှင်များကို လွှတ်တော်အ တွေ့အကြုံများ ရှင်းပြပေးရမည့်အချက်များရှိနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏တန်ဖိုးရှိသော အချိန်များကို အငြင်းပွားရင်းနှင့် ကုန်နေ လျှင် နိုင်ငံအတွက် ပြည်သူအတွက် တံစဉ်းနှင့်တိုက် စားသလိုဖြစ်နေ ပြီးအကျိုးမရှိကြောင်း တင်ပြလို ပါတယ်""ဟု ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က""မပြင်မဖြစ် ပြင်ကိုပြင်ရမယ့် ဒီဖွဲ့စည်းပုံအ ခြေခံဥပဒေကို ကျွန်မတို့ရွေး ကောက်ခံကိုယ်စားလှယ်အား လုံးက ပြင်ဆင်ဖို့ကြိုးစားနေကြတာ အားလုံး အသိဖြစ် ပါတယ်။ ဒါ ကြောင့် လွှတ်တော်ထဲက အစုအဖွဲ့ လိုက်ကိုယ်စားလှယ်တွေ အားလုံး ပါဝင်တဲ့ပူးပေါင်းကော်မတီရဲ့ ပြင် ဆင်ရေးဥပဒေကြမ်းကိုထည့်သွင်း ပေါင်းစပ်စိစစ်ဆောင်ရွက်ဖို့အစီ ရင်ခံစာ တင်သွင်းတာ ဒီဥပဒေ ကြမ်း ကိုတင်သွင်းတဲ့ ကိုယ်စား လှယ်တွေရဲ့ ျွငါ့အကိုပိတ်ပင် တာမဟုတ်သလို ပိုမိုကောင်းမွန် စေဖို့ ကျန်ကိုယ်စားလှယ်တွေရဲ့ ပြင်ဆင်ချက်နဲ့ချိတ်ဆက်မိပြီး နိုင် ငံနှင့်နိုင်ငံသားတွေရဲ့အကျိုးရှိစေ မယ့် ဥပဒေတစ်ရပ်ဆောင်ရွက် တာဖြစ်လို့ လုံးဝလုံးဝမှားယွင်းမှု မရှိတာပါ""ဟုပြောသည်။

""ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေ အခန်း၃ ပုဒ်မ ၈ ပါ လွှတ်တော်ကိုယ်စားလှယ် တာ ဝန်များက လွှတ်တော်ကိုတင်သွင်း လာတဲ့ဥပဒေကြမ်းအဆို စတာ တွေကိုတင်သွင်းတဲ့အခါမှာ ပြည် ထောင်စုအကျိုးစီးပွားကို အဓိက ထားရမယ်။ နိုင်ငံသားများရဲ့မူလ အခွင့်အရေး များရရှိခံစားနိုင်ရေး ကိုရှေ့ရှုဆောင်ရွက်ရမယ်လို့ပြ ဋ္ဌာန်းထားတဲ့အတွက် ကော်မတီ က ဒီတာဝန်ကို အဓိကထားအလေး ထားသုံးသပ်ခဲ့ခြင်းဟာ အမှားမ ဟုတ်လို့ လုံးဝလုံးဝကန့်ကွက်စရာ  ကိုမရှိတာပါ""ဟု လွှတ်တော်ကိုယ် စားလှယ်ဒေါ်မာမာခိုင်ကပြောသည်။

၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပ ဒေကို တစ်ပုဒ်တစ်ခုပြီးတစ်ခုပြု ပြင်ပေးပါ။ ဥပဒေစာအုပ်တစ်အုပ် လုံးကိုပြင်ဆင်လျှင် ကြားဖြတ်အ စိုးရတစ်ရပ် ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ခုသာဖြစ်ပါကြောင်း ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးကျင့်ခန့်ပေါင်ကပြောသည်။

ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးကျင့်ခန့်ပေါင်က""၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက ပြင်ဆင်လိုကြတယ်လို့ သိရှိပြီးဖြစ်ပါတယ်။ ပြင်ဆင်လို တဲ့နည်းလမ်းက နှစ်ခုရှိပါတယ်။ ပထမနည်းက ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ တစ်ပုဒ်ပြီးတစ် ပုဒ်ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းက ဥပဒေပါစာအုပ်ပါ စာအုပ်တစ်ခုလုံးကို ပြင်ဆင်ဖို့ဖြစ် ပါတယ်။ ပုဒ်မတစ်ခုပြီးတစ်ခု ပြင် ဆင်တဲ့နည်းလမ်းဟာ ပြဋ္ဌာန်းချက် များတွင်ပါရှိပြီးဖြစ်တဲ့အတွက် လွယ်ကူတဲ့နည်းလမ်းဖြစ်ပါတယ်။""ဟုပြောသည်။

ယင်အစီရင်ခံစာနှင့်ပတ်သက် ပြီး လွှတ်တော်ကိုယ်စားလှယ်များ (၃၃ဦး)၏ဆွေးနွေးခြင်းအစီအစဉ် ပြီးဆုံးသွားမည်ဖြစ်သည့်အတွက် ကျန်ရှိသောအစီအစဉ်များကို ဆက် လက်ဆောင် ရွက်မည့်နေ့ ရက်အား ထပ်မံအသိပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကမှကြေညာခဲ့သည်။

MO
#Democracytoday