Print
News
Political
Hits: 2222

ရန်ကုန်၊ ဩဂုတ် ၂၈ - စာစီစာ ရိုက်မျှသာပြုလုပ်ရန်အတွက် ကွန် ပျူတာများဝယ်ယူရန် ဘတ်ဂျက် တောင်းခံရာတွင် ကျပ်ဆယ့်သုံးသိန်း ခွဲတန် နောက်ဆုံးပေါ် Branded များ ကိုသာ တောင်းခံနေသည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများအနေဖြင့် အကောင်းကြိုက်ခြင်းများလျှော့ချ ရန်ထောက်ပြလိုက်ကြောင်း သိရသည်။



၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းတို့၏ မူ နှင့် အခြေခံသဘောများကို ယခု လ ၂၈ ရက်က ကျင်းပသော ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ဆွေးနွေးခဲ့ရာ မန္တလေး တိုင်းဒေသကြီး အောင်မြေသာဇံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများအနေဖြင့် အိုင်စီတီပစ္စည်းများ ဝယ်ယူရာတွင် အကောင်းကြိုက်ခြင်းများ လျှော့ ချရန် လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက မေတ္တာရပ်ခံလိုက်ကြောင်းသိရ သည်။

""၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် လုပ်ငန်းလိုအပ်ချက်အရသော် လည်းကောင်း၊ e Government
အကြောင်းပြပြီးသော်လည်းကောင်း အိုင်စီတီဝယ်ယူခြင်း ခေါင်းစဉ်   အောက်မှာ ကွန်ပျူတာ၊ လက် တော့ပ်၊ မိတ္တူကူးစက်တွေ ဝယ်ယူ ဖို့အကောင်းဆုံး Branded ပစ္စည်းတွေပဲ တောင်းထားတာပါ။ ဒါပေမဲ့ ဒီလုပ်ငန်းတွေသုံးစွဲတာ တွေကို စိစစ်တဲ့အခါမှာတော့ စာစီ စာရိုက်၊Word၊ Excel၊ Pho-toshop  လောက်သာသုံးမှာ ဖြစ် ပါတယ်။

စာစီစာရိုက်လုပ်မှာဆို ရင် လေးသိန်း၊ လေးသိန်းခွဲ လောက်ဆိုရင် တော်တော် ကောင်းတာပါ။ ပြင်ပမှာလုပ်စား နေတဲ့လူတွေ ဒီလောက်နဲ့လုပ် စားနေတာပါ။ ဒီမှာတောင်းတာ ကျတော့ နောက်ဆုံးပေါ်ဆယ့် သုံးသိန်းခွဲတန်တွေချည်းတောင်း ထားတာပါ။ ဒါကိုခေါက်ချိုး လျှော့ချနိုင်ရင် ဘီလီယံ ၂၀ လောက် ကျွန်တော်တို့နိုင်ငံသက် သာသွားမှာပါ""ဟု ဒေါက်တာ လှမိုးကထောက်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ဗဟိုအဖွဲ့အစည်းများက ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ကွန်ပျူတာအလုံးပေါင်း ၂၆၇၈၉ လုံးအတွက်တန်ဖိုး ၁ ဒသမ ၁ သန်းမှ ၁ ဒသမ ၃၅ သန်းအထိ လည်းကောင်း၊ လက်ပ်တော့ပေါင်း ၂၃၉၄ လုံးအတွက် ၁ ဒသမ ၃ သန်းမှ ၁ ဒသမ ၇၅ သန်းအထိ လည်းကောင်း၊ မိတ္တူကူးစက် ပေါင်း ၂၁၈၉ လုံးအတွက် တန် ဖိုး ၁ ဒသမ ၉ သန်းမှ ၃၃ ဒသမ ၅ သန်းအထိလည်းကောင်း စုစု ပေါင်းတန်ဖိုးငွေ ၄၁ ဒသမ ၁ ဘီလီယံရှိကြောင်းသိရသည်။

""ကော်ပီယာကိုကြည့်မယ်ဆို ရင်လည်း ၁၃သိန်းကနေ ၁၉သိန်း လောက်ဆိုရင် ကောင်းကောင်းရ ပေမယ့် ၃၃သိန်းနဲ့အထက်တွေပဲ တောင်းထားပါတယ်။ ဒါတွေကို အကောင်းကြိုက်တာလျှော့ချဖို့ လိုအပ်ပါတယ်""ဟုဒေါက်တာလှ မိုးကတင်ပြခဲ့သည်။

ယင်းကဲ့သို့ထောက်ပြခဲ့ပြီး နောက်အကြံပြုခဲ့သည်မှာ အမှန် တကယ်လိုအပ်သည်ကိုသာ တောင်းခံရန်၊ လုပ်ငန်းလိုအပ်ချက် နှင့်ကိုက် ညီသောပစ္စည်းများကို သာ တောင်းခံရန်၊ အရည်အ သွေးတူ လုပ်ဆောင်ချက်တူပါက အပိုပစ္စည်းဈေးပေါ သောပစ္စည်း များကိုသာတင်ပြရန် အကြံပြု ခဲ့သည်။                  

ATK
#Democracytoday