Print
News
Political
Hits: 2256

နေပြည်တော်၊ ဩဂုတ် ၂၇- ၂၀၁၉ ခုနှစ် ဇွန်လတွင် ငွေကြေးဖောင်း  ပွမှုနှုန်းမြင့်တက်ခဲ့သည့် အဓိက အကြောင်းရင်းမှာ အခြေခံစား သောက်ကုန်များ မြင့်တက်လာပြီး စားသုံးသူဈေး ဆနှုန်းမြင့်မားလာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။

ဩဂုတ်၂၇ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ဒက္ခိဏ သီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသန့်ဇင်ထွန်းက ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားမှုမရှိ စေရန်နှင့် ပုဂ္ဂလိကကဏ္ဍတွင် ငွေရေးကြေးရေး အဖွဲ့အစည်းရင်း နှီးမြှုပ်နှံမှုများ တိုးချဲ့ခွင့်ပြုရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည် ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ゞင်း က ပြန်လည်ဖြေကြားရာ၌ အထက် ပါအတိုင်း ထည့်သွင်းပြောသည်။

""၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် တတိယသုံးလပတ် (၂၀၁၉- ဇွန်လ) တွင် ငွေကြေးဖောင်းပွမှုနှုန်းတိုး မြင့်ခဲ့ရခြင်း၏ အဓိကအကြောင်း ရင်းမှာ အခြေခံစားသောက်ကုန် စည်ဈေးနှုန်းများ မြင့်မားလာပြီး စားသုံးသူ ဈေးဆနှုန်းကိန်းများ မြင့်မားလာခဲ့ရခြင်းကြောင့် ဖြစ်ပါ တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မှာလည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ လမှစ၍ တည်ငြိမ်မှုရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်နဲ့နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်ဇွန်လတွင် မြန်မာကျပ်ငွေ တန်ဖိုး (၇ ဒသမ ၈ ရာခိုင်နှုန်း) အထိ ကျဆင်းခဲ့ခြင်းကြောင့် ၂၀၁၉  ခုနှစ် ဇွန်လတွင် နှစ်အလိုက်ငွေဖောင်း ပွမှုနှုန်းမှာ အတော်အသင့်မြင့် တက်ခဲ့ခြင်းဖြစ်ပါတယ်""ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနှင့် ပြည်တွင်းဈေးနှုန်းတည်  ငြိမ်စေရန်နှင့် ငွေကြေးပမာဏအား သင့်တင့်မျှတသည့် အနေအထား တွင်ရှိစေရန် သို့မဟုတ် ငွေကြေး ဖောင်းပွမှုနှုန်း လွန်စွာမြင့်မားမှုမရှိ စေရန် ငွေကြေးပမာဏကို သင့်တင့် သည့်နှုန်းဖြင့်ရှိနေစေရန် သီးသန့် ငွေကြေးပမာဏအား ရည်မှန်းချက် သတ်မှတ်ထားရှိသည့် ငွေကြေးမူ ဝါဒမူဘောင်ကို ချမှတ်ကျင့်သုံးလျက် ရှိကြောင်း၊ ၎င်းမူဘောင်အရ မြန်မာ နိုင်ငံ၏ မက်ခရိုစီးပွားရေးအခြေခံများနှင့် ငွေကြေးပမာဏခန့်မှန်း တွက်ချက်မှုများအရ စီးပွားရေးစနစ် အတွင်းရှိ ပိုလျှံငွေကြေးများကို အပ်ငွေလေလံခေါ်ယူခြင်းဖြင့် နုတ် သိမ်းဆောင်ရွက်ခြင်း၊ အစိုးရငွေ တိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် များ လေလံစနစ်ဖြင့် ရောင်းချ ခြင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနနှင့် ညှိနှိုင်းတိုင်ပင်၍ မြန် မာနိုင်ငံဗဟိုဘဏ်မှ အစိုးရလိုငွေ ဖြည့်ဆည်းရခြင်းကို လျှော့ချဆောင် ရွက်ခြင်းဖြင့်လည်း ငွေကြေးဖောင်း ပွနှုန်းဖိအားမဖြစ်ပေါ်စေရန် ထိန်း သိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုနည်းအတူ အစိုးရချေးငွေသက် သေခံလက်မှတ်များ ဖွံ့ဖြိုးတိုးတက် ရေးသည်

မြန်မာနိုင်ငံဗဟိုဘဏ် ထံမှ ငွေချေးယူရသည့်အစိတ်အပိုင်းလျှော့ချရေးတွင် များစွာအရေး ကြီးပါကြောင်း၊ အထူးသဖြင့် အစိုး ရငွေချေးသက်သေခံလက်မှတ် များမှ တစ်ဆင့်ပြန်လည်ရောင်းချ သည့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး သည် အလွန်အရေးကြီးပါသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ နနှင့် ပူးပေါင်းညှိနှိုင်း၍ အဆိုပါဈေးကွက်ဖွံဖြိုးတိုးတက်ရေးကို တွန်း အားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နောင်အနာဂတ်တွင် ငွေ ကြေးဈေးကွက်နှင့် အစိုးရငွေချေး သက်သေခံလက်မှတ်များတစ်ဆင့် ပြန်လည်ရောင်းချသည့် ဈေးကွက် ဖွံဖြိုးလာပါက

ဈေးကွက်အခြေခံငွေကြေးမူဝါဒနည်းလမ်းများ အသုံး ပြု၍ စီးပွားရေးစနစ်အတွင်း ငွေ ကြေးပမာဏကို လိုအပ်သလို ထိန်း ညှိဆောင်ရွက်သွားမည်ဖြစ်သဖြင့် ငွေကြေးဖောင်းပွမှုကို ထိရောက်စွာ ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း ဒုတိယဥက္ကဋ္ဌ ဦစိုးသိန်းက ဆက် လက်ပြောသည်။

လတ်တလောငွေဖောင်းပွမှု နှုန်း အတန်အသင့်မြင့်မားနေရခြင်း မှာ ငွေကြေးပမာဏတိုးတက်မှုနှုန်း နှင့် ချေးငွေတိုးတက်မှုနှုန်းများလွန် စွာ မြင့်မားနေခြင်းကြောင့်မဟုတ် ဘဲ လောင်စာဆီဈေးနှုန်းမြင့်မားမှု ကြောင့် ကုန်စည်သယ်ယူပို့ဆောင် စရိတ်မြင့်မားခြင်း၊ ငွေလဲလှယ်နှုန်း မြင့်တက်သဖြင့်သွင်းကုန်ပစ္စည်းဈေး နှုန်းများမြင့်တက်ခြင်းနှင့်အတူစား သုံးသူဈေးဆနှုန်းကိန်းမြင့် တက်နေ ခြင်းစသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း သိရသည်။

MP (NPT)
#Democracytoday