နေပြည်တော်၊ ဩဂုတ် ၂၇ - လုပ် ငန်းပမာဏနှင့်တရားသူကြီးအင်အားမမျှတနေသဖြင့် ဝန်ထမ်းအင် အားဖွဲ့စည်းပုံတိုးမြှင့်ရန် လိုအပ် ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြော သည်။



ဩဂုတ် ၂၇ ရက်၊ အမျိုးသား လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦး လှမြင့်သန်း(ခ) ဦးလှမြင့်က မွန် ပြည်နယ်အတွင်းရှိ ဖွဲ့စည်းပုံအင် အားနှင့်လုပ်ငန်းပမာဏမျှတခြင်း မရှိသော မြို့နယ်တရားရုံးများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ လိုအပ်သလိုဖွဲ့စည်းပုံအဆင့်တိုး မြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းဖြစ်သည်။
""တရားရုံး၏ အမှုလက်ခံ ဆောင်ရွက်ရတဲ့အခြေအနေက လုပ်ငန်းပမာဏနှင့်တရားသူကြီးဦးရေ ဝန်ထမ်းအင်အားမမျှမတ ဖြစ်နေတဲ့အတွက် ဝန်ထမ်းအင်အားဖွဲ့စည်းပုံတိုးမြှင့်ဖို့ လိုအပ်မှု များရှိနေပါတယ်"" ဟု
၎င်းကပြော သည်။

ယင်းနှင့်ပတ်သက်ပြီးပြည် ထောင်စုတရားလွှတ်တော်ချုပ်ရုံးတရားသူကြီးဦးမျိုးတင့်က တရား ရုံးအဆင့်ဆင့်၏ ဖွဲ့စည်းပုံအဆင့် တိုးမြှင့်သတ်မှတ်ရန်မှာ ပြည်ထောင် စုအစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြု ချက်တောင်းခံရကြောင်း ပြည် ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် ၃၇ ။ ၂၀၁၉ ၏မူဝါဒအရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် တရားရုံးအ ဆင့်ဆင့်တို့သည် ဖွဲ့စည်းပုံခွင့်ပြု အင်အား၏ ၇၅ ရာခိုင်နှုန်းသာ ဝန်ထမ်းအင်အားခန့်ထားခွင့်ရှိ ကြောင်းပြောသည်။

ပြည်ထောင်စုဝန်ကြီးဌာန များတွင် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိခန့်အပ်ပြီး အမြဲတမ်း ဝန်ထမ်း ၁၀၉၇၃၇၁ ဦး၊ ပုံသေ နေ့စားပုတ်ပြတ် ဝန်ထမ်း ၈၄၉၀၄ ဦးရှိ၍ ဝန်ထမ်းလစာအတွက် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်တွင် ကျပ် ၂၇၃၀ ဒသမ ၁၇ ဘီလီယံ ခန့်နှင့် အငြိမ်းစားဝန်ထမ်း ၈၃၆၁၁၈ ဦး၏ ပင်စင်လစာအ တွက် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာ ရေးနှစ်တွင် ကျပ် ၇၀ဝ ဒသမ ၉၀ ဘီလီယံခန့် လျာထားသုံးစွဲနေရ သည့်အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပြည်ထောင်စု ဝန်ကြီးဌာနများက နိုင်ငံ့ဝန်ထမ်း ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခြင်းနှင့် ဝန်ထမ်းခန့်ထားခြင်းတို့နှင့်စပ်လျဉ်း၍ လိုက်နာဆောင် ရွက်ရမည့် မူဝါဒများနှင့်အညီ  လိုက်နာဆောင်ရွက်ရန်ညွှန်ကြားခဲ့ကြောင်း ゞင်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်း(ခ) ဦးလှမြင့်က""တရားရုံးမှာ စစ်ဆေးကြားနာစီ ရင်ထားတဲ့ အမှုများထဲမှာ ရာဇဝတ် မှုကြီးက အများဆုံးဖြစ်ပြီးတော့ အမှု ၅၀ဝ ကျော်နေတာကြောင့် တရားသူကြီးများရရှိထားတဲ့ စီရင် ခွင့်က အာဏာရအထူးအာဏာ ရတရားသူကြီးနဲ့ ပထမတန်းအာ ဏာရတရားသူကြီးများအနေနဲ့ အမှုပေါင်းများစွာကို လက်ခံ ဆောင်ရွက်နေရသလို ဝန်ထမ်း များကလည်း အလုပ်ပြီးမြောက် အောင် ကြိုးပမ်းထမ်းရွက်ကြလို့ အလုပ်ဝန်ပိကြတာဖြစ်ပါတယ်""ဟုပြောသည်။

ယင်းသို့သောအခြေအနေအရအမှုကြန့်ကြာခြင်း၊ အမှုသည် များဘက်မှ ငွေကုန် လူပမ်းစိတ်မောအချိန်ကုန်ဖြစ်ခြင်း၊ အမှုကြန့် ကြာနေမှုအပေါ် မသမာသူများက ရိုးသားသူအမှုသည်များအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ် ခြင်း စသည့်ပြဿနာများရှိလာ ကြောင်း ゞင်းကဆက်လက်ပြော သည်။                      

MO
#Democracytoday