Print
News
Political
Hits: 2110

ရန်ကုန်၊ ဩဂုတ် ၂၇ - ဘေးအန္တ ရာယ်လုံခြုံရေးဆိုင်ရာ သတ်မှတ် အဝတ်အစားများ ဝတ်ဆင်ခြင်းမ ရှိသော ဆောက်လုပ်ရေးလုပ်သား များကို လုပ်ငန်းခွင်သို့ ဝင်ရောက် ခွင့်မပြုရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ သိရသည်။



လက်ရှိတွင် လုပ်ငန်းကဏ္ဍ အားလုံး၏ လုပ်ငန်းခွင် ဘေးအန္တ ရာယ်အတွက် အကျုံးဝင်ဆောင် ရွက်နိုင်မည့် နည်းဥပဒေမပေါ် ထွက်သေးသော်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်များ လျော့ပါးရေး နှင့် အလုပ်ရှင် အလုပ်သမားများ ကြား ကောင်းမွန်သည့် ဆက်ဆံ ရေးဖြင့် ကုန်ထုတ်စွမ်းအားတိုး လာနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေဖြင့် ယခုကဲ့ သို့ ညွှန်ကြားချက်များဖြင့် ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

""လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးက အစ်မတို့ဆောက် လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ရင် တော့ အင်မတန်မှအားနည်းပါ တယ်။ တချို့ဝန်ထမ်းတွေက အား နည်းတဲ့အပေါ်မှာ ကုမ္ပဏီကကျ တော့လည်း သူတို့လုံခြုံဖို့အတွက် ပေးတယ်။ ဒါပေမဲ့ အစ်မတို့ဆီက ကလေးတွေရဲ့ သဘာဝအရ တော ဘွတ်ဖိနပ်စီးထားတာတွေ၊ လက် အိတ်စွပ်ထားတာတွေ နောက်ပြီး သူတို့ဦးထုပ်တွေဆောင်းထားတာ တွေလုပ်တဲ့အခါမှာ သူတို့အတွက် စိတ်အနှောင့်အယှက်ပေါ့။ သူတို့ လာတဲ့အရပ်ဒေသရယ်၊ အလေ့ အထရယ်က ဒါလေးနဲ့ မကိုက်ညီ တဲ့အခါကျတော့ သူတို့မှာ စိတ် အနှောင့်အယှက်ဖြစ်လို့ လုံခြုံမှုရှိ မယ့် အဝတ်အစားတွေကို ဝတ်ဖို့ သူတို့ကိုယ်တိုင် ဝန်လေးကြတယ်။

 ဒါပေမဲ့လို့တော့ အစ်မတို့က အခု နောက်ပိုင်းမှာ လုပ်ငန်းခွင်ဝင်တာနဲ့ ဒီလို ျေ်နအပ နဲ့ပတ်သက်တဲ့ ဝတ် စားဆင်ယင်မှုမပါရင် လုံးဝဝင်ရောက် ခွင့်မပြုလို့ ပြောထားတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ အစ်မထင်တယ်။ ဒီလိုလုပ်ငန်းခွင်ဘေးအန္တရာယ် တွေတော့ လျော့နည်းလာပါတယ်""ဟု ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည် က ဒီမိုကရေစီတူဒေးသို့ ဩဂုတ် ၂၇ ရက်က ပြောသည်။

ယင်းအပြင် စက်မှုဇုန်လုပ်သား များအတွက်လည်း အမျိုးသားဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ ကိစ္စရပ်များကို အကျယ် တဝင့်ရရှိနိုင်ရန်နှင့် အလုပ်သမား အခွင့်အရေးများကို ဥပဒေနှင့်အညီ ရနိုင်စေရန် စက်မှုဇုန်အဆင့်မြင့် တင်ရေးဆိုင်ရာများတွင် ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်း က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လုပ် ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးအတွက် လက် ရှိတွင် လုပ်ငန်းကဏ္ဍအားလုံးအ ကျုံးဝင်သည့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်း မာရေးဥပဒေပြဋ္ဌာန်းထားပြီး နည်း ဥပဒေကို လာမည့် ၂၀၂၀ ပြည့်နှစ် တွင် ထွက်ပေါ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ZC
#Democracytoday