နေပြည်တော်၊ ဩဂုတ် ၂၆ - ပုဒ်မသုံးလေးငါးခုပြင်ရုံဖြင့် ပြည်သူ တစ်ရပ်လုံးလိုလားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်လုံးဝဖြစ်လာ မည်မဟုတ်ကြောင်း ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။



ဩဂုတ်၂၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါက်တာမောင်သင်း အပါအဝင်လွှတ် တော်ကိုယ်စားလှယ် ၁၄၅ ဦးပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေကြမ်းနှင့် စပ် လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏အ စီရင်ခံစာအပေါ် ဆွေးနွေး ရာ၌ ဧရာဝတီတိုင်းဒေသ ကြီး အမှတ် (၃) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးဆန်းမြင့်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

""ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁) ပါနိုင်ငံ တော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင် စုအဖြစ်ဖွဲ့စည်းရမယ်ဆိုတဲ့ သဘောတူညီချက်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်ကို ပြင်ဆင်ပြဋ္ဌာန်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့သမိုင်းပေး တာဝန်ဖြစ်ပါတယ်။
ပုဒ်မ ၃/၄/၅ ခုလောက် ပြင်ဆင်ပြဋ္ဌာန်းရုံနဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလိုလားတဲ့ ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ် လုံးဝ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပါ""ဟု ၎င်းကဆိုသည်။

မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေ သန်းကမိမိတို့၏ ပြောဆိုချက်အနိုင် ရရန်အတွက် အသံကျယ်ကျယ်  နှင့်ငြင်းခုံနေကြရမည့် အချိန်မဟုတ် ကြောင်း၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏အကျိုးအတွက် အမြင် ကျယ်ကျယ်နှင့်ဆွေးနွေးကြရန်လို အပ်ကြောင်း ပြောသည်။


ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံ ပြုချက် ၃၇၆၅ ချက်စလုံးကိုဥပဒေ မူကြမ်းအဖြစ်တင်မည့်ကိစ္စမှာ မ ဖြစ်နိုင်ကြောင်း၊ သဘောသဘာဝ တူညီသော အကြံပြုချက်များကို ပြန်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက် မည်ဆိုပါက ဆွေးနွေးရမည့်အချက် တစ်ဝက်မက လျော့နည်းသွား နိုင်ကြောင်းゞင်းကပြောသည်။
"""ကော်မတီထဲမှာ များရာမဲနဲ့ ရွေးချယ်ပြီးယူမယ်ဆိုရင်တော့ လူ နည်းစုတိုင်းရင်းသားတွေရဲ့ အသံ တွေလိုလားချက်တွေ ပါမလာနိုင် တာကြောင့် ဖက်ဒရယ်ပြည်ထောင်  စုပေါ်ပေါက်ရေးဆိုတဲ့ ဦးတည် ချက်တွေ အားနည်းသွားနိုင်ပါတယ်"" ဟု ၎င်းကပြောသည်။

ဒီချုပ်ပါတီမှ မန္တလေးတိုင်း ဒေသကြီးအမှတ် (၁၀) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော် မြင့်ဦးကဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မသုံးလေးခု သာပြင်ဆင်ပါက ဖက်ဒရယ်ဒီမိုက ရေစီစနစ်သို့မရောက်ရှိနိုင်ကြောင်း၊ ယင်းအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မ တီ၏ အစီရင်ခံစာဖြင့် ပြင်ဆင်ရန် ကြိုးစားခြင်းက ပိုမိုအောင်မြင် နိုင်ကြောင်းပြောသည်။""၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ သန္ဓေစတည်ကတည်း ကဒီမိုကရေစီစံနှုန်းများနဲ့ မညီခဲ့ပါ ဘူး၊ ပြည်သူလူထုက ဘဝတွေရင်း ၍ကန့်ကွက်ခဲ့ကြပါတယ်""ဟု ၎င်း ကပြောသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအောင်သွင် စိုးကမူအခြေခံဥပဒေသည် မိမိ တို့နိုင်ငံကိုအာမခံချက် ပေးထား သည့် ဥပဒေဖြစ်ကြောင်း တိုင်းရင်း သားအချင်းချင်း သံသယကင်း ကင်းဖြင့် ထာဝရငြိမ်းချမ်းရေး လမ်းတွင်အတူလက် တွဲလျှောက် လှမ်းနိုင်ရန်အတွက် ဒီမိုကရေစီ နှင့် ဖက်ဒရယ်သဘောတရားများ ကိုထိထိရောက်ရောက် အကောင် အထည်ဖော်ရာ၌ အပြောဖြင့်မရ ဘဲ လက်တွေ့ကျကျလုပ်ဆောင် ရန်လိုအပ်ကြောင်းပြောသည်။

""ဥပဒေတစ်ခုကို ဥပဒေပြု သမားတွေက ရေးဆွဲအကောင်အ ထည်ဖော်တဲ့အခါမှာ ဥပဒေအ ပေါ်သစ္စာရှိဖို့လိုပါတယ်။ လုပ်ပိုင် ခွင့်တစ်ခုအဖြစ် လိုသလိုပုံဖော် ဖန်တီးမယူသင့်ဘူး။ပြည်ထောင်စု လွှတ်တော်အနေနဲ့ဥပဒေ၊ နည်း ဥပဒေတွေကို လိုသလိုဆွဲယူလုပ်ဆောင်နေမည်ဆိုလျှင် ဥပဒေပြု ရေးအပိုင်းမှာ မညီမျှမှုတွေဖြစ်စေ ပြီးဒီမိုကရေစီအသွင် ကူးပြောင်း ရေးမှာလည်းတစ်ဦးနှင့် တစ်ဦးယုံ ကြည်မှုကင်းမဲ့လာစေမှာ ဖြစ်ပါ တယ်""ဟု
၎င်းကပြောသည်။

တပ်မတော်သား ကိုယ်စား လှယ်ဗိုလ်မှူးနေဝင်းကလည်း  လွှတ် တော်ကိုယ်စားလှယ်များသည် အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပ ဒေများကိုလည်းလိုက်နာပါမည် ဟု ကတိသစ္စာပြုထားသူများဖြစ် ကြောင်း၊ ဥပဒေကိုလေးစားလိုက် နာခြင်း၊ ဥပဒေစိုးမိုးခြင်းသည် ဒီမို ကရေစီစနစ်၏ အခြေခံဖြစ်ကာ ဥပဒေတွေကို တိကျစွာလေးစား လိုက်နာမှ ဥပဒေစိုးမိုးမှုအားကောင်း မည်ဖြစ်ကြောင်း ပြောသည်။

""ဒီမိုကရေစီ တည်ဆောက် နေတဲ့ဒီနေ့မှာ ဥပဒေလိုက်နာမှု၊ ဥပဒေစိုးမိုးမှုဘယ်လောက် အတိုင်း အတာရှိပါသလဲ၊ တည်ဆဲဥပဒေ တွေ၊ ကျင့်သုံးဆဲဥပဒေတွေရှိပါ လျက်ဥပဒေစိုးမိုးမှုမရှိတာ မည် သည့်အတွက်ကြောင့်ပါလဲ။ မည် သူတွေက ဥပဒေချိုးဖောက်နေပါ သလဲဆိုတာ ပြန်လည်ဆန်းစစ် ကြရမှာဖြစ်ပါတယ်"" ဟု၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပေါ် ဩဂုတ် ၂၆ ရက်တွင် လွှတ် တော်ကိုယ်စားလှယ် ၁၁ ဦးတို့က ဆွေးနွေးခဲ့ကြပြီး ကျန်ရှိသည့် လွှတ် တော်ကိုယ်စားလှယ်များဆွေးနွေး ခြင်းကို လာမည့်ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆက် လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။               

MP,MO
#Democracytoday