Print
News
Political
Hits: 3337

နေပြည်တော်၊ ဩဂုတ် ၁၆- ဘင်္ဂ လားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ များကို လာမည့်ဩဂုတ် ၂၂ရက်တွင် စတင်လက်ခံရန် ညှိနှိုင်းထားကြောင်း သိရသည်။



ဩဂုတ် ၁၆ ရက် သမ္မတရုံး ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့် ဦးဇော်ဌေး က ပြောကြားခဲ့ခြင်းဖြစ်သည်။""မြန်မာဘက်က အဆိုပြုထား တဲ့ ၃၄၅၀ဦးကို အစောဆုံးလက်ခံ ဖို့ ကျွန်တော်တို့ပြောထားပါတယ်။ အချိန်ကာလကတော့ လာမယ့်ဩ ဂုတ် ၂၂ ရက် စတင်ပြီးလက်ခံနိုင်ဖို့ ညှိနှိုင်းထားတာဖြစ်ပါတယ်""ဟု ၎င်း ကပြောသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူ ၂၂၄၃၂ဦး ပေးပို့ထားသည့်အနက် ပြန်လည်လက်ခံရန် စိစစ်ပြီးစာရင်း မှာ ၃၄၅၀ဦးဖြစ်ကြောင်း သိရသည်။""ဒီ ၃၄၅၀ဦးကို သူတို့လည်း စိစစ်ပြီးဖြစ်တယ်။ ပြန်လက်ခံတဲ့နေ ရာမှာ အသုတ်လိုက်ဆိုတာက တစ် ဦးချင်းစီမဖြစ်ဘဲ အစုလိုက်နေလို့ ရအောင် အဆိုပြုတာဖြစ်ပါတယ်။ ဒီလူတွေကို ပြန်လွှဲပြောင်းပေးရင် ကျွန်တော်တို့ ချက်ချင်းပြန်လက်ခံဖို့ အဆင်သင့်ရှိပါတယ်""ဟု ဦးဇော်ဌေး ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ ထားသောစာရင်းများအရ ဒုတိယ အကြိမ်ပြန်လည်စေလွှတ်ရန် ၈၀၃၂ ဦး၊ တတိယအကြိမ်ပြန်လည်စေလွှတ် ရန် ၂၅၀၄၇ဦးဖြစ်ပြီး ယင်းစာရင်း များကို နှစ်ပတ်အတွင်းစိစစ်ပြီး လက် ခံနိုင်သူများစာရင်းကို ပြန်လည်အ ကြောင်း ပြန်ပေးမည်ဟုလည်း ညှိ နှိုင်းထားကြောင်းသိရသည်။
ပထမအကြိမ်ပြန်လည်လက် ခံနိုင်အတွက် ဩဂုတ် ၂၂ရက် အ တည်ဖြစ်၊ မဖြစ်ကိုမူ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း သိရသည်။

""ဘင်္ဂလားဒေ့ရှ်မှာ အခုကဘာ သာရေးရက်ရှည် ရုံးပိတ်ရက်ဖြစ်နေ တယ်။ လာမယ့်အပတ်ရုံးတွေပြန်ဖွင့် ရင် ကျွန်တော်တို့ကို အမြန်ဆုံးအ ကြောင်းပြန်ဖို့လည်း ပြောထားပါ တယ်""ဟု ၎င်းကဆိုသည်။

MP, NT
#Democracytoday