ရန်ကုန်၊ ဩဂုတ် ၁၆- အကြမ်း ဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားရ သည့် AA ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လာမည်ဆိုပါက မှဲ့တစ်ပေါက် မစွန်း စေရဟု တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က အာမခံထားကြောင်း သမ္မတ ရုံးပြောခွင့်ရဦးဇော်ဌေးကပြောသည်။



""တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုယ်တိုင် ကျွန်တော်တို့ကို ပြော ထားတဲ့ စကားရှိပါတယ်။ အဲဒါက တော့ မှဲ့တစ်ပေါက် မစွန်းစေရဘူးဆို တဲ့စကားပါ။ တပ်ချုပ်ကိုယ်တိုင်ပြော ထားတဲ့စကားဖြစ်ပါတယ်။ အဲဒီအ တွက် စိတ်ပူစရာမရှိပါဘူး။ သို့သော် လည်းပဲ လက်ရှိ မြေပြင်အခြေအနေ အရ စိတ်ပူစရာရှိကောင်းရှိပါမယ်။ သို့သော်ကျွန်တော်တို့ အာမခံပါတယ်""ဟု ၎င်းက ပြော သည်။

ဩဂုတ် ၁၆ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။AA အဖွဲ့မှ ထိပ်ပိုင်းပုဂ္ဂိုလ်များကို ရခိုင်ပြည်နယ်အတွင်းဖြစ်ပွား ခဲ့သည့် ရဲကင်းစခန်းများအကြမ်းဖက်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီးတရားစွဲဆိုထားခြင်းဖြစ်ပြီး တရားစွဲဆိုမှုမှာ နောက်တောင်ကျ နေသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ဇူလိုင် ၉ရက် တွင် ဒီမိုကရေစီတူဒေးသို့ ပြောဆိုထားသည်။

ယင်းကဲ့သို့ AA ထိပ်ပိုင်းခေါင်းဆောင်များကို တရားစွဲကာ တရားခံပြေးအဖြစ် ကြေညာထားမှုကြောင့် အစိုးရ NRPC  နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံဆွေးနွေးရန် လုံခြုံရေးစိုးရိမ်မှု ကြောင့်ကြန့်ကြာနေခြင်းဖြစ်ကြောင်း  TNLA အဖွဲ့မှ မိုင်းအိုက်ကျော် က ပြောဆိုထားသည်။ပဏာမအပစ်ရပ်စာချုပ် (Bilateral) ရေးထိုးနိုင်ရေးနှင့် ပတ် သက်ပြီး အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့အကြား ဆွေးနွေးမည့်နေရာ ညှိနှိုင်းနေရခြင်းဖြစ်သည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လုံခြုံရေး အတွက် အထူးအာမခံကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဆိုသည်။""ကျွန်တော်တို့ နိုင်ငံတော်အစိုးရနဲ့ NRPC က ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို လာရောက်မယ့်သူတွေနဲ့ ပတ်သက်လို့ ကျွန် တော်တို့ ရာနှုန်းပြည့်လုံခြုံရေးအာမခံချက်ရှိပါတယ်""ဟု ၎င်းကပြော သည်။

HWA, MP
#Democracytoday