Print
News
Political
Hits: 5099

နေပြည်တော်၊ ဩဂုတ် ၁၆- ပြင်ဦး လွင်၊ နောင်ချိုဖြစ်ရပ်အပေါ် တပ်မ တော်၏ ပြန်လည်တုံ့ပြန်မည့်အစီ အစဉ်ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း သိရသည်။ဩဂုတ် ၁၆ ရက် နိုင်ငံတော် သမ္မတရုံး၏ ပုံမှန်သတင်းစာရှင်း လင်းပွဲတွင် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။



""တပ်မတော်ဘက်က ဘယ် လို၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ နိုင်ငံတော်သမ္မတရုံးကို တင်ပြထား ပြီးဖြစ်ပါတယ်။ တင်ပြထားတဲ့ကိစ္စက မနေ့ကဖြစ်ခဲ့တဲ့ပြင်ဦးလွင်၊ နောင် ချိုကို အဖွဲ့သုံးဖွဲ့က တိုက်ခိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အ နေနဲ့ ဘယ်လိုဆောင်ရွက်သွားမယ် ဆိုတာ သမ္မတရုံးကိုတင်ပြထားပါ တယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ကျွန်တော်တို့ ပြောခွင့်မရှိပါဘူး""ဟု ၎င်းကပြောသည်။

AA၊ TNLA၊ MNDAAတို့ ၏ဆောင်ရွက်ချက်များသည် အပြစ် မဲ့ပြည်သူများကိုထိခိုက်စေပြီး အစိုးရ ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိ ခိုက်စေကြောင်း ၎င်းကဆိုသည်။
ယခုလုပ်ရပ်သည် အကြမ်းဖက် လုပ်ရပ်ဖြစ်ကာ အစိုးရ၏ငြိမ်းချမ်း ရေးဖော်ဆောင်နေမှုကို အမြတ်ထုတ် ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

""ကျွန်တော်တို့ ဆောင်ရွက်နေ တဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ထိ ခိုက်အောင် ဒီလိုအမြတ်ထုတ်မှုတွေ မလုပ်သင့်ဘူးလို့မြင်ပါတယ်""ဟု ၎င်းကပြောသည်။

ပြင်ဦးလွင်တိုးဂိတ်တွင် ချထား သော မူးယစ်ဆေးဝါးရှာဖွေသည့် အိတ်စရေးစက်မှာ နိုင်ငံတော်သမ္မတ ၏ လမ်းညွန်ချက်ဖြင့် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေး ဆောင်ရွက်နေ ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ゞင်းကို လက်နက်ကြီးဖြင့် ပစ်ခြင်း၊ မူးယစ်နှိမ်နင်းရေးစခန်းများကို တိုက် ခိုက်ခြင်းသည် မည်သည့်အတွက် ကြောင့် ဆောင်ရွက်ခြင်းဖြစ်သည် ကို စဉ်းစားကြည့်လျှင်သိနိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ဂုတ်တွင်းတံတား ကို ဖျက်ဆီးခဲ့ခြင်းကြောင့် တရုတ် နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးအ တွက်သွားလာနေသော ယာဉ်ထောင် ပေါင်းများစွာ ရပ်တန့်ပိတ်ဆို့စေသ ဖြင့် မြန်မာနိုင်ငံစီးပွားရေးကို ထိခိုက် နစ်နာစေကြောင်း ဦးဇော်ဌေးက ပြောသည်။

""ဘယ်လောက်ထိ ပိတ်ဆို့သွား သလဲဆိုရင် အဆင်းမှာ မော်တော် ယာဉ် ရာနဲ့ချီပါတယ်။ အပြန်ဆိုရင် ထောင်နဲ့ချီပါတယ်""ဟု ၎င်းကဆို သည်။ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပေါ်စေရန် အုပ် ချုပ်ရေးအပိုင်း၊ တပ်မတော်နှင့် ရဲ တပ်ဖွဲ့တို့ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြော သည်။

သို့ရာတွင် မြောက်ပိုင်းမဟာ မိတ်အဖွဲ့လေးခုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် အစိုးရက တံခါး ဆက်ဖွင့်ပေးထားကာ အမြဲဖိတ်ခေါ် နေကြောင်း ၎င်းကဆိုသည်။မန္တလေးတိုင်းဒေသကြီး၊ ပြင် ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့အထွက် ပြင် ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက် ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲ စခန်း၊ ကျောက်မဲမြို့အထွက် နောင် ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေး ရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာန ချုပ်တစ်ခုတို့အား ဩဂုတ်၁၅ရက်  နံနက်၅နာရီခွဲခန့်က AA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့များ က လက်နက်ကြီး/လက်နက်ငယ် များဖြင့် လာရောက်နှောင့်ယှက်ပစ် ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ သုံးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ တပ်မ တော်သား ကိုးဦးကျဆုံးပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၁၀ ဦး၊ တပ်မ တော်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

NT, MP
#Democracytoday