Print
News
Political
Hits: 3348

နေပြည်တော်၊ ဩဂုတ် ၁၄- တိုင်း ရင်းသားမျိုးနွယ်စု(လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးနိုင် ရေးအတွက် စတင်ဆောင်ရွက်နေ ပြီဖြစ်ပြီး ပြီးဆုံးမယ့်အချိန်ကိုမူ မပြောနိုင်သေးကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးသိန်းဆွေပြောသည်။



ဩဂုတ် ၁၄ ရက်က နေပြည် တော်တွင်ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် မောင် တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော် က တိုင်းရင်းသားမျိုးနွယ်စု(လူမျိုး) အလိုက် လူဦးရေစာရင်းထုတ်ပြန် ပေးရန်အစီအစဉ်ရှိ၊မရှိ မေးခွန်း အပေါ် အထက်ပါအတိုင်း ပြော ခြင်းဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက ""ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားမျိုးနွယ်စု(လူမျိုး) အလိုက် လူဦးရေစာရင်းထုတ်ပြန် နိုင်ရေးအတွက် အထက်အကြီးအ ကဲများကိုလည်း တင်ပြထားပြီးဖြစ် ပါတယ်။ မြို့နယ်များ၊ ပြည်နယ်များ ခရိုင်များမှာလည်း တိုင်းရင်းသား ကော်မတီဝင်များ တိုင်းရင်းသား ခေါင်းဆောင်များ တိုင်းရင်းသား ကိုယ်စားလှယ်များ သမိုင်းပညာရှင် များကိုလည်း စတင်ဆွေးနွေး လျက်ရှိပါတယ်။ ဌာနအတွင်းမှာ လည်း ဆွေးနွေးလျက်ရှိပါတယ်။

 နိုင်ငံခြားမှာရှိတဲ့ ပညာရှင်များရဲ့ အကူအညီနဲ့လည်း ဆောင်ရွက် လျက်ရှိပါတယ်။ အလားတူပဲ ဘာ သာရေး ခေါင်းဆောင်များကိုလည်း တင်ပြပြီးတော့မှ ဒီကိစ္စကိုအဆင့် ဆင့် ညှိနှိုင်း ဆွေးနွေးမှုများလည်း ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်း ရင်းသားရေးရာ ဝန်ကြီးဌာနကို လည်းတင်ပြပြီး ညှိနှိုင်းဆောင် ရွက်လျက်ရှိပါတယ်။

 ကျွန်တော့် အနေနဲ့တင်ပြလိုတဲ့အချက်က တိုင်း ရင်းသားမျိုးနွယ်စု(လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်နိုင်ရေး အတွက် စတင်ဆောင်ရွက်နေပါ တယ်။ ညှိနှိုင်းဆွေးနွေးလုပ်ဆောင် မှုများ ပြီးပြတ်တဲ့အချိန်မှာ ထုတ် ပြန်သွားပါမယ်။ ပြီးပြတ်နိုင်မည့် အချိန်ကို ကျွန်တော့်အနေနဲ့ လော လောဆယ် ခန့်မှန်းနိုင်ခြင်းမရှိသေး ပါကြောင်း တင်ပြအပ်ပါတယ်"" ဟု ပြောသည်။

အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း တွင် လူမျိုးစာရင်းကို ကောက်ယူခဲ့ သော်လည်း လူမျိုးအမည် စာလုံး ပေါင်းသတ်ပုံနှင့် လူမျိုးငယ်များပါ ဝင်မှုစသည်တို့တွင် အငြင်းပွား ဖွယ်ရာများရှိပါသဖြင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းပါ တိုင်းရင်းသားလူမျိုးများ၏ မျိုး နွယ်စု (လူမျိုး)အလိုက် လူဦးရေ စာရင်းထုတ်ပြန်ပေးမည့် အစီအစဉ် မရှိသေးကြောင်း ゞင်းက ဆက်လက် ပြောသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်သန်း ခေါင်စာရင်း၊ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မကောက်မီနှင့် ကောက်ယူပြီးကာလများတွင် လူ မျိုးအမည်၊ ဖွဲ့စည်းမှု ၊ လူမျိုးအုပ်စု  များနှင့်ပတ်သက်၍ အငြင်းပွား ရာကိစ္စရပ်များရှိခဲ့ပြီး ပြည်ထောင် စုအစိုးရအဖွဲ့၊ လွှတ်တော်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများထံမှ မေးမြန်းချက် တင်ပြချက်များစွာ လက်ခံရရှိခဲ့ ကြောင်း ပြည်ထောင်စုဝန်ကြီး ဦ်းသိန်းဆွေကပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာ ရင်းမေးခွန်းတွင် လူမျိုးမေးခွန်း ထည့်သွင်းရာ၌ လူမျိုးအမည်မှား ယွင်းနေကြောင်း ၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေအနေနှင့် ကိုက်ညီမှု မရှိကြောင်း၊ လူမျိုးစုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ်အရေအ တွက်များ ကွဲလွဲနေကြောင်း သီးခြား လူမျိုးသတ်မှတ်ပေးရေး ကိစ္စမျိုးနွယ် စု ပြောင်းလဲသတ်မှတ်ရေးကိစ္စ တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်ပေးရေးကိစ္စ စသည့် တောင်းဆိုမှုများစွာ ရှိခဲ့ကြောင်း ゞင်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးလှထွန်းကျော်က ""တချို့ လူမျိုးစုတွေကျတော့ ပကတိရှိနေ တဲ့ နာမည်ကနေ နောက်နာမည် ပြောင်းချင်တဲ့ဟာတွေလည်း ရှိ တယ်။ အဲဒီလိုဟာမျိုး ပဋိပက္ခမျိုးစုံ အချေအတင်ရှိနေတဲ့အတွက် ဒီတိုင်း ရင်းသားလူမျိုးစုနာမည် မထုတ် ပြန်နိုင်သေးပါဘူးလို့ ကော်မတီ မှာ သက်ဆိုင်ရာဝန်ကြီးဌာနက ညွှန်ချုပ်တွေကိုခေါ်ပြီး မေးတုန်း ကလည်း ဒီအဖြေပဲရခဲ့ပါတယ်။ အခုလည်း ဒီအဖြေပဲပေးသွား တယ်ဆိုတော့ နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားအချင်းချင်း တစ် ယောက်နဲ့တစ်ယောက် အာဃာတ အနေနဲ့ရှိလာမယ့်ဟာ အန္တရာယ် ရှိလာမယ့်ဟာကိုများ စိုးရိမ်ပြီး တော့ မထုတ်ပြန်တာလား။

တိကျ ခိုင်မာတဲ့ဟာမျိုးမရတာ။ မထုတ်ပြန် တာလား။ လောလောဆယ်တော့ ခန့်မှန်းရခက်တယ်ပေါ့။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်  တဲ့အချိန်ကျတော့ အရင်က သန်း ခေါင်စာရင်းကောက်ခဲ့တဲ့ ပုံစံထက် တောင်မှ နိုင်ငံတကာရဲ့နည်းပညာ အကူအညီ၊ ငွေကြေးအကူအညီ၊ နည်းစနစ်အကူညီတွေနဲ့ စနစ် တကျကောက်ခဲ့တာ။ ကျွန်တော် ကိုယ်တိုင် အဲဒီစာရင်းကောက်ခံ တဲ့အထဲမှာပါခဲ့တယ်။ တော်တော့် ကိုစနစ်ကျတယ်။ ဒီလောက် စနစ် ကျကောက်ခံမှုတောင်မှ ဒီဟာကို ဘာလို့မထုတ်ပြန်နိုင်ခဲ့တာကို ပွင့် လင်းမြင်သာမှုရှိအောင်ဆိုပြီးတော့ ဒါပေမဲ့ ဝန်ကြီးဖြေတဲ့အပိုင်းကို ကျွန်တော်စိတ် ကျေနပ်မှုမရှိပါဘူး"" ဟု လွှတ်တော်အစည်းအဝေးအပြီး  သတင်းမီဒီယာသို့ ပြောသည်။

အထက်ပါ ကိစ္စရပ်နှင့် နှီးနွှယ် ပတ်သက်ပြီး ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းအောင်က မြန်မာနိုင်ငံ တွင် မှီတင်း နေထိုင်သည့်လူမျိုး ၁၃၅ မျိုးရှိကြောင်းကို ယခုမျက် မှောက်ခေတ်ကာလတွင် မှန်ကန် မှုရှိ၊ မရှိ ပြန်လည်စိစစ်ရန် အစီ အစဉ်ရှိ၊ မရှိမေးခွန်းအပေါ်မှာလည်း ပြည်ထောင်စုဝန်ကြီးကအထက် ပါအတိုင်းပင် ပြန်လည်ဖြေကြားခဲ့ သည်။

MO/HWA
#Democracytoday