ရန်ကုန်၊ ဩဂုတ် ၅ - လေဆိပ် လဝကဝန်ထမ်းများ ခရီးသည် များအပေါ် ဝန်ဆောင်မှုအပြည့် အဝပေးရန်နှင့် အဂတိတရား ကင်းရှင်းဖို့ လဝကဝန်ကြီးတွေ့ဆုံ သတိပေးပြောဆိုခဲ့ကြောင်း သိရ သည်။



အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် တာဝန်ရှိသူ များနှင့်အတူ မန္တလေးတိုင်းဒေသ ကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ လေဆိပ်ဝန်ထမ်းများ နှင့် လေဆိပ်လုပ်ငန်းဆိုင်ရာ တာ ဝန်ရှိသူများအား တွေ့ဆုံ၍ ထို သို့ သတိပေးမှာကြားမှုများပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးရုံး ၏ သတင်းထုတ်ပြန်ချက်အရ ဩ ဂုတ် ၅ ရက်မှ သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည် ထောင်စုဝန်ကြီးက "ခရီးသည် များလေဆိပ်ကို စတင်ရောက်ရှိ တာနဲ့ မိမိတို့ဌာနနဲ့ စတင်ထိတွေ့ ဆက်ဆံရတာဖြစ်တဲ့အတွက် ခရီးသည်များအပေါ် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်စွာ ဝန်ဆောင် မှုပေးကာ မိမိတို့လုပ်ငန်းကို စနစ် တကျမှန်ကန်မြန်ဆန်စွာဆောင် ရွက်ပေးကြရမည်ဖြစ်ပါတယ်။ မိမိတို့ဝန်ထမ်းများရဲ့ အရည်အချင်း ပြည့်ဝမှု၊ ဆက်ဆံမှု၊ ပြေပြစ်မှုနဲ့ ဘာသာစကားကျွမ်းကျင်မှုတို့ဟာ နိုင်ငံရဲ့ပုံရိပ်ကိုထင်ဟပ်စေသည်ကို သတိပြုရန်လိုပါတယ်။ ဒါ ကြောင့် ဝန်ထမ်းများအနေနဲ့ မိမိ ထမ်းဆောင်ရမယ့်တာဝန်ကို သိရှိ နားလည်ပြီး စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ကြဖို့နဲ့ အဂတိတရား ကင်းရှင်းစွာအလေးထား ဆောင် ရွက်ကြရန်လိုပါတယ်"ဟု သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအပြင် မန္တလေးလေဆိပ် သည် လေကြောင်းလိုင်းများ တိုး ချဲ့ပြေးဆွဲနေမှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဝင်၊ ထွက် မှုများပြားလာကြောင်း၊ ထို့ကြောင့် လူဝင်မှု ကြီးကြပ်ရေးစစ်ဆေးရေး လုပ်ငန်းများကို အဆင်ပြေချော မွေ့မြန်ဆန်စေရေးအတွက် ဖြည့် ဆည်း ဆောင်ရွက်ပေးရမည့် လို အပ်ချက်များကို အချိန်မီတင်ပြ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့မှလည်း လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသည် ဝင်၊ ထွက်သွားလာမှုများ ပြားလာသည်နှင့်အမျှ လူဝင်မှုစစ် ဆေးရေးလုပ်ငန်းများကိုလည်း စ နစ်တကျဂရုပြုအလေးထား ဆောင် ရွက်ကြရန်နှင့် ဆက်စပ်ဌာနများ နှင့် အမြဲချိတ်ဆက်ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်းတို့ကိုပါမှာ ကြားခဲ့ကြောင်း သိရသည်။  

ZC/Democracytoday