ရန်ကုန်၊ ဩဂုတ် ၅ - ဝန်ကြီးများရုံးအတွင်း ရှစ် လေးလုံးသမိုင်းပြတိုက်ထားရှိရန် မသေချာသေး ကြောင်း ဝန်ကြီးများရုံးပြုပြင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ပြောသည်။



ဝန်ကြီးများရုံးအတွင်းရှိ အခန်းများပြင်ဆင် မှုမှာ လက်ရှိအချိန်ထိ မပြီးပြတ်သကဲ့သို့ ဝန်ကြီး များရုံးအတွင်း လွတ်လပ်ရေးကြိုးပမ်းမှုပြခန်းများကို သာ ပြသရန်ရည်ရွယ်ထားခြင်းကြောင့် လွတ်လပ် ရေးနောက်ပိုင်းဖြစ်စဉ်ဖြစ်သည့် ရှစ်လေးလုံးသမိုင်း နှင့်ပတ်သက်၍ ပြသရန် လက်ရှိအချိန်တွင် မသေ ချာသေးကြောင်း ဒေါက်တာမောင်မောင်သိန်းက ဒီမိုကရေစီတူဒေးသို့ ဩဂုတ် ၅ ရက်တွင် ပြောသည်။

"ဒီမှာဖွင့်ဖြစ်မယ်ဆိုတာ ပြောလို့မရသေးဘူး။ စောသေးတယ်။ နံပါတ်တစ်အချက်က ပြခန်းတွေ ကလည်းမပြီးသေးဘူး။ နံပါတ်နှစ်အချက်က ပြခန်း တွေမှာ ပြဖို့စီစဉ်ထားတာက လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းတွေပဲ"ဟု  ၎င်းကဆိုသည်။

ဝန်ကြီးများရုံးအဆောက်အအုံတွင် ရှစ်လေး လုံးသမိုင်းပြတိုက်ဖွင့်လှစ်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဇူလိုင်လ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှုရရှိခဲ့ကြောင်း ပြတိုက်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးရဲနိုင်အောင်က ပြောဆိုထားသည်။

လက်ရှိအချိန်တွင်မူ ပြတိုက်ကိစ္စနှင့်ပတ်သက် ၍ မည်သည့်အခြေအနေရှိသည်ကို တိတိကျကျ ပြော၍မရသေးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထပ်မံတွေ့ဆုံပြီးမှသာပြောနိုင်မည် ဖြစ်ကြောင်း ဦးရဲနိုင်အောင်က ဒီမိုကရေစီတူဒေး သို့ပြောသည်။

"ခုလောလောဆယ်တော့ တိုင်းအစိုးရနဲ့တွေ့ ပြီးမှပဲ ပြောလို့ရမယ် "ဟု ၎င်းကဆိုသည်။ သုမင်္ဂလာ လမ်းတွင်ဖွင့်လှစ်ထားရှိခဲ့သည့်

ရှစ်လေးလုံးသမိုင်း ပြတိုက် (ယာယီ)သည် လက်ရှိအချိန်တွင် စာချုပ် ပြည့်သွားပြီဖြစ်ကာ ယင်းနေရာသည် သွားရေးလာ ရေးအတွက် အချက်အချာကျသည့်နေရာမဟုတ် သည့်အတွက် ပြတိုက်သို့ လာရောက်သူနည်းပါးသဖြင့် ပြတိုက်ကို ဝန်ကြီးများရုံးတွင် ဖွင့်လှစ်နိုင်ရေးအတွက် ပြတိုက်ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဝန်ကြီးများရုံးကို လုပ်ပိုင်ခွင့်ရ ထားသူများထံ ပြတိုက်ငှားရမ်းဖွင့်လှစ်နိုင်ရေးအ တွက် ကနဦးကမ်းလှမ်းခဲ့ပြီး၎င်းတို့ဘက်ကလက်ခံ ကြောင်း၊ သို့သော-်လည်း တိုင်းအစိုးရ၏ ခွင့်ပြုချက် ရယူရန်ပြောကြားခဲ့သဖြင့် ဝန်ကြီးချုပ်နှင့်လည်း ဆွေးနွေးခဲ့ကြောင်း၊ ထပ်မံဆွေးနွေးရဦးမည်ဖြစ်သည့် အတွက် အတိအကျဘာမှေ-ပြာ၍မရသေးကြောင်း ဦးရဲနိုင်အောင်က ပြောသည်။

HWA/Democracytoday