နေပြည်တော်၊ ဩဂုတ် ၅ - ယနေ့ အချိန်တွင် ဆင်ခြင်တုံတရားရှိ သောပြည်သူတိုင်းက အဂတိလိုက် စားမှုကို တိုက်ဖျက်ချင်နေကြပြီဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။



ဩဂုတ် ၅ ရက် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကယ်ဒမီ ( International Anti-Corruption Academy IACA ) တွင် မြန်မာ နိုင်ငံမှအဖွဲ့ဝင်အဖြစ်ပါဝင် လက် မှတ်ထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း ၍ဆွေးနွေးရာ၌ ပန်းတောင်းမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်နှင်းသစ်က အထက် ပါအတိုင်းပြောကြားခြင်းဖြစ်သည်။

"ယနေ့အချိန်မှာတော့ ဆင် ခြင်တုံတရားရှိတဲ့ ပြည်သူတိုင်းက အဂတိလိုက်စားမှုတွေကို တိုက်ဖျက် ချင်နေကြပါပြီ။ အဂတိကင်းတဲ့ အ စိုးရမျိုးကိုလည်း လိုချင်နေကြပါပြီ။ အဂတိကင်းတဲ့ လူ့အသိုင်းအဝိုင်း ကြီးကိုလည်း ဖော်ဆောင်ချင်ကြ ပြီဖြစ်ပါတယ်" ဟု၎င်းကပြောသည်။

အဂတိလိုက်စားမှုကြောင့် လာဘ်ယူသည့် လူတစ်စုက ကောင်း စားပြီး နိုင်ငံနှင့်လူထုမှာ ဆင်းရဲမွဲ တေစေသည့်အပြင် တိုင်းပြည်တိုး တက်မှုကို အားလျော့တုံ့နှေးစေ ခြင်းတို့ဖြစ်ပေါ်စေကြောင်းလည်း၎င်းက ပြောသည်။

"အဂတိတိုက်ဖျက်ရေးကို စ တင်ဆောင်ရွက်နေပြီဆိုသော်လည်း အရှိန်ရလာဖို့နဲ့ အင်အားရှိဖို့ လိုအပ်သလို ရလဒ်ကောင်းတွေ ဖြစ်လာဖို့ လိုအပ်နေသေးလို့ဖြစ် ပါတယ်။ အဂတိကြာလေ နိုင်ငံနှင့် နိုင်ငံသားတွေအတွက် နာလေ ဖြစ်မှာကြောင့် IACA မှာ ပါဝင် ခြင်းဖြင့်် အဂတိတိုက်ဖျက်ရေးအ တွက် လိုအပ်သောစွမ်းရည်နှင့်အတွေ့အကြုံများ ဖြည့်ဆည်းပေးမှာ ဖြစ်လို့ ှုဗဃဗ မှာ မြန်မာနိုင်ငံမှ ပါဝင်လာနိုင်စေရန် ပြည်ထောင် စုလွှတ်တော်ကြီးက အတည်ပြုပေး သင့်ပါတယ်" ဟု ၎င်းကဆက် လက်ပြောသည်။

ဝန်ထမ်းများ အဂတိကင်းရှင်း ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းကောင်း မှတိုင်းပြည်ကောင်းမှာဖြစ်ပြီး အ စိုးရအနေဖြင့် ပြည်သူယုံကြည်မှု ကို ရရှိမှသာ လိုရာပန်းတိုင်သို့ ရောက်ရှိနိုင်မှာဖြစ်ကြောင်း၎င်း က ပြောသည်။

အဂတိတိုက်ဖျက်ရေးကော်မ ရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်ပေါ်ပေါက်လာပြီး ၂၀၁၉ ခုနှစ် ဇွန်လကုန်ပိုင်းထိ တိုင်စာပေါင်း ၁၅၀ဝ၀ ကျော်ရှိ ကြောင်း ၊ တရားစွဲနိုင်သော အမှု သည် ၃၇ မှုရှိပြီး ၁၀၆ ဦးကိုသာ တရားစွဲနိုင်ခဲ့ကြောင်း ဒေါ်ခင်နှင်း သစ်က ဆက်လက်ပြောသည်။

 IACA ၏ သဘောတူညီ ချက်၊ ရည်ရွယ်ချက်များသည် မြန် မာနိုင်ငံအတွက် အထူးလိုအပ်နေ ကြောင်း၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် နည်းပညာပိုင်းဆိုင်ရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက် ခြင်းဖြင့် အတွေ့အကြုံပိုင်းဆိုင်ရာ တို့ကို ဖြည့်ဆည်းပေးရမည်ဖြစ် ကြောင်း၊ သို့မှသာစွမ်းရည်မြင့်မား သော အဖွဲ့အစည်းက မြန်မာ့လူ့ အဖွဲ့အစည်း၌ရှိနေသော ထုထည် ကြီးမားနေသည့် အဂတိတရားများ ကိုအချိန်နှင့် တစ်ပြေးညီတိုက် ဖျက်နိုင်မည်ဖြစ်ကြောင်း၎င်းက ပြောသည်။

IACA တွင် မြန်မာနိုင်ငံ မှအဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးနိုင် ရေးအတွက် ဇူလိုင်၂၄ ရက် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးတွင် သက်ဆိုင်ရာပြည်ထောင် စုအဆင့်အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြခဲ့ပြီး ယနေ့လွှတ် တော်အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က အကြံ ပြု ဆွေးနွေးခဲ့ကြကာ လွှတ်တော် က သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။

MO/Democracytoday